Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘာနေဗျူးရဲ့ဆီးသွားတဲ့အိမ်သာနေရာမှာTV တပ်ပေးထားတာကအကြောင်းရှိပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့အိမ်ကွင်းဘာနေဗျူးကွင်းရဲ့အိမ်သာဆီးသွားတဲ့ နေရာရှေ့မှာ ဗီဒီယို TV တွေတပ်ဆင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတာပရိတ်သတ်ကြီးတွေသိရဲ့လား??
ကျွန်တော်တို့တွေအာလုံးမှတ်ထင်ထားတဲ့အရာကတော့ Los Blancos အသင်းဟာ အသင်းပရိတ်သတ်တွေ အပေါ့သွားနေစဉ်အတွင်း တိုက်ရိုက်ပွဲကစားနေတာကို မလွတ်သွားရအောင်စီစဉ်ထားတာဖြစ်နိုင်တယ်လို့ဆိုနိုင်ပါတယ်။ဆိုလိုတာက ပွဲရဲ့တစ်စက္ကန့်လေးတောင် မလွတ်စေချင်တဲ့သဘောပါပဲ။ဒါဆိုရင် ဘယ်သူက ရှူရှူးပေါက်နေတဲ့ အချိန်TV ကြည့်ချင်မှာလဲ??
ပရီးမီးယားလိပ်အသင်းတွေဟာလည်း အိမ်သာရဲ့ဆီသွားရာနေရာမှာ အဆိုပါဗီဒီယိုTVတပ်ဖို့အစီအစဉ်တွေလုပ်ဆောင်ခဲ့သော်လည်း ဘယ်လိုပျက်ပြဲသွားလဲစဉ်းစားကြည့်လို့ရပါတယ်။ဒါ့အပြင် လာလီဂါကလပ်Leganes အသင်းဟာလည်း အဆိုပါစနစ်အတိုင်း အိမ်သာမှာတပ်ဆင်ခဲ့သော်လည်းပရိတ်သတ်တွေကြားဘယ်လိုပျက်ပြဲကျဆင်းသွားလဲတွေးကြည့်နိုင်ပါတယ်။
ဆိုလိုတာက TV Screen တွေဟာ ပရိတ်သတ်တွေအတွက်ရော ကစားသမားတွေအတွက်ပါ လုံးဝအသားမကျတဲ့အခြေအနေမို့လို့ပါ။
 ဒီဆီးသွားတဲ့ နေရာနဲ့ပတ်သတ်ပြီး ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဂျွန်တယ်ရီက ပွဲမတိုင်ခင်အိမ်သာသွားတာနဲ့ပတ်သတ်ပြီး ပုံမှန်မဟုတ်ပဲအထူးအဆန်းကြီးတစ်ခုလိုအဆင်မပြေကြောင်းဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။သူရော ဖရန့်လမ်းပတ်ရောအိမ်သာတက်ခါနီးကျ အထူးအဆန်းတစ်ခုလိုဖြစ်နေတတ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပင်မယ့်လည်း အခုချိန်မှာတော့အသင်းရဲ့နောက်ခံလူတွေဖြစ်ကြတဲ့ဖာဘရီဂတ်စ်နဲ့အက်စပတ်ကျူျတာတို့အတွက်အဲ့လိုမျိုးအိမ်သာသုံးရတာကြိုက်နှစ်သက်နေကြသော်လည်း တစ်ချို့အတွက်အထူးအဆန်းဖြစ်နေဆဲပဲလို့သိရပါတယ်။စတန်းဖို့ဘရစ်ချ်ရဲ့အဝတ်လဲခန်းရဲ့အလဲတည့်တည့်မှာ ဆီသွားတဲ့အဆင့်မြင့်၃နေရာသာပါပြီးကစားသမားအားလုံးဆီသွားချင်ရင်တစ်ပြိုင်တည်းစုသွားရတဲ့အနေအထားမျိုးဖြစ်နေတာပါ။
“ ကျွန်တော်တို့အတွက်တော့ဒီလိုဆီသွားတဲ့နေရာကအထူးအဆန်းပဲ။ပွဲမကစားခင်ဆို အဲ့နေရာမှာဆီးသွားတဲ့နေရာက ၃နေရာရှိတယ်။ကျွန်တော်ရဲ့လမ်းပတ်ရယ်က ပုံမှန်သွားလို့ရတဲ့နေရာမှာပဲတစ်ယောက်တစ်လှည့်သွားတယ်။ပွဲကစားသာနိုင်တယ်ဆိုရင်တော့ ဒါကိုကျွန်တော့်ရဲ့အယူသီးစရာအဖြစ်သတ်မှတ်ထားတာပါ။အခုဆိုရင် ဖာဘရီဂတ်စ်တို့အက်စပတ်ကျူတာတို့ကတော့ သဘောကျပါတယ်။ကျွန်တော်တို့ကဒီအိမ်သာအကြီးကြီးမှာတန်းစီနေရပါတယ်။ပြီးခဲ့တဲ့လအတွင်းက လုံခြံရေးအရာရှိကကျွန်တော်ကို့ပြောတယ်။ ကျွန်တော်တို့တွေပွဲထွက်တာနောက်ကျလို့FA ကခဏခဏ ခေါ်ပြောနေတယ်တဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေက ဆီးသွားဖို့တစ်ယောက်ပြီးတစ်ယောက်စောင့်နေရလို့ပါ။” လို့တယ်ရီကပြောကြားခဲ့ပါတယ်။
No comments
Powered by Blogger.