(Unicode)
မြန်မာအသင်းအတွက်ရောချစ်သူအောင်သူအတွက်ပါအားပေးကြမ်းနေတဲ့ပိုးအိအိခန့်
မြန်မာဘောလုံးပရိတ်သတ်တွေအားလုံးရဲ့အချစ်တော်အောင်သူဟာ မြန်မာအသင်းအတွက်မရှိမဖြစ်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ မြန်မာအသင်းမှာပါဝင်ကစားတဲ့အချိန်တိုင်းမြန်မာအသင်းဟာတိုက်စစ်ပိုင်းမှာသိသိသာသာအတော်လေးထိရောက်မှုရှိသလို ထိုင်းလိပ်၁မှာသွားကစားတဲ့အတွေ့အကြုံတွေကြောင့်အောင်သူဟာ မြန်မာအသင်းရဲ့အရေးပါတဲ့မရှိမဖြစ်တိုက်စစ်မှူးပဲဖြစ်ပါတယ်။
မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမားအောင်သူရဲ့ချစ်သူမော်ဒယ်သရုပ်ဆောင်ပိုးအိအိခန့်ကတော့ ချစ်သူပါဝင်ကစားခဲ့တဲ့ လာအိုအသင်းနဲ့ပွဲမှာအားပေးကြမ်းခဲ့တာကိုတွေ့ရတာ လက်ဖျားခါလောက်ပါတယ်။
အောင်သူဟာ အနေအေးသလို မော်ကြွားခြင်းမရှိပဲ ကြိုးကြိုးစားစားအသင်းအတွက်ကစားပေးတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူအချောလေး ပိုးအိအိခန့်ကလည်းဘောလုံးအားကစားအပေါ်ဘယ်လောက်ရူးသွပ်ကြောင်းဗီဒီယိုကနေကြည့်ရင်တွေ့နိုင်ပါတယ်။
ပိုးအိဟာတီဗီဖန်သားပြင်ရှေ့မှာ အားပေးကြည့်ရင်း ကွင်းထဲမှာတကယ်ကန်နေတဲ့ အလားအင်တိုက်အားတိုက် ချစ်သူအတွက်ရောနိုင်ငံအသင်းအတွက်ပါအားပေးနေတာကို နေဒွေးက ဗီဒီယိုမှတ်တမ်းကို အမိအရရိုက်ကူးခဲ့ပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့တာပဲဖြစ်ပါတယ်။ဘောလုံးကိုအရမ်းချစ်လွန်းတဲ့ ပိုးအိအိခန့်ကိုနေဒွေး က ပိုဘောဘောခန့်လို တောင်ချစ်စနိုးနဲ့နာမည်ပြောင်ပေးထာတာကိုတွေ့ရပါတယ်။
Post a Comment