ေအစီမီလန္မွာအမွားေတြထပ္လုုပ္ေနဆဲျဖစ္တဲ့ဘာကာယိုုကို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက ကြင္းလယ္လူဘာကာယိုကိုဟာေအစီမီလန္အသင္းအတြက္ကစားေပးခဲ့ပါတယ္။ဒါပင္မယ့္လည္း အရင္ပံုစံအတိုုင္းပဲ သူဟာအမွားေတြလုုပ္ေနဆဲပါပဲ။
ဒီျပင္သစ္သားဟာ မိုုနာကိုုအသင္းမွာ အေတာ္ေလးေျခစြမ္းျပကစားခဲ့ၿပီး ထင္ေပၚေက်ာ္ၾကားခဲ့ပါတယ္။ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းဟာ သူ ့ကိုုေခၚယူဖိုု ့ၿပိဳင္ဘက္မန္ခ်က္စတာယူႏိုုက္တက္ကိုု အလဲထိုုးၿပီးအသဲအသန္ေခၚယူခဲ့ပါတယ္။
ဒါပင္မယ့္လည္းသူဟာ ခ်ဲလ္ဆီးအသင္းအတြက္ထင္သေလာက္မေပးဆပ္နိုုင္ခဲ့ပါဘူး။
ဒါေၾကာင့္ ဘာကာယိုုကိုုဟာ ေအစီမီလန္အသင္းဆီအငွားထြက္ကစားေနခဲ့တာျဖစ္ၿပီး နည္းျပဂတ္တူဆိုလက္ေအာက္မွာအေတာ္ေလးရုန္းကန္ကစားေနရတာပဲျဖစ္ပါတယ္။သူ ့ရဲ ့ဆိုုးရြားလွတဲ့ကစားပံုုကိုု သူကိုုယ္တိုုင္မျပင္ဆိုုင္နိုုင္ေသးပဲ မေန ့ညကဆိုုရင္ သူ ့အသင္းဂိုုးေပးလိုုက္ရတဲ့ၾကီးမားတဲ့အမွားၾကီးတစ္ခုုကိုု က်ဴးလြန္ခဲ့ပါတယ္။သူဟာ ေဘာလံုုးကိုု ကိုုယ့္အသင္းပယ္နယ္တီဧရိယာအတြင္းက်က်နန ထိန္းဖိုု ့ၾကိဳးစားေနၿပီး အရမ္းအႏၲရာယ္မ်ားတဲ့ ေပးပိုု ့မႈတစ္ခုုကိုု ျပဳလုုပ္ခဲ့တာေၾကာင့္ ၿပိဳင္ဘက္အသင္းဟာ ဂိုုးသြင္းယူသြားခဲ့ပါတယ္။
ဘာကာယိုုကိုုအတြက္ကံေကာင္းသြားခဲ့တာကေတာ့ ေအစီမီလန္အသင္းဟာ အိမ္ကြင္းဆန္စီယိုုမွာ ဂ်ီနိုုအာကို ၂-၁ ျဖင့္အနိုုင္ရသြားခဲ့တာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း အသင္းပရိတ္သတ္ေတြကေတာ့သူ တိုု ့ရဲ ့အငွားကြင္းလယ္လူၾကီးကိုုအေတာ္ေလးေ၀ဖန္ေနၾကတုုန္းပါပဲ။တြစ္တာစာမ်က္နွာမွာ ေအစီပရိတ္သတ္ေတြရဲ ့ Troll ခ်က္ေတြကိုု ၾကည့္လိုုက္ၾကပါဦး။
(Unicode)
အေစီမီလန်မှာအမှားတွေထပ်လုပ်နေဆဲဖြစ်တဲ့ဘာကာယိုကို
မနေ့ညက ကွင်းလယ်လူဘာကာယိုကိုဟာအေစီမီလန်အသင်းအတွက်ကစားပေးခဲ့ပါတယ်။ဒါပင်မယ့်လည်း အရင်ပုံစံအတိုင်းပဲ သူဟာအမှားတွေလုပ်နေဆဲပါပဲ။
ဒီပြင်သစ်သားဟာ မိုနာကိုအသင်းမှာ အတော်လေးခြေစွမ်းပြကစားခဲ့ပြီး ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ သူ့ကိုခေါ်ယူဖို့ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အလဲထိုးပြီးအသဲအသန်ခေါ်ယူခဲ့ပါတယ်။
ဒါပင်မယ့်လည်းသူဟာ ချဲလ်ဆီးအသင်းအတွက်ထင်သလောက်မပေးဆပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ဘာကာယိုကိုဟာ အေစီမီလန်အသင်းဆီအငှားထွက်ကစားနေခဲ့တာဖြစ်ပြီး နည်းပြဂတ်တူဆိုလက်အောက်မှာအတော်လေးရုန်းကန်ကစားနေရတာပဲဖြစ်ပါတယ်။သူ့ရဲ့ဆိုးရွားလှတဲ့ကစားပုံကို သူကိုယ်တိုင်မပြင်ဆိုင်နိုင်သေးပဲ မနေ့ညကဆိုရင် သူ့အသင်းဂိုးပေးလိုက်ရတဲ့ကြီးမားတဲ့အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။သူဟာ ဘောလုံးကို ကိုယ့်အသင်းပယ်နယ်တီဧရိယာအတွင်းကျကျနန ထိန်းဖို့ကြိုးစားနေပြီး အရမ်းအန္တရာယ်များတဲ့ ပေးပို့မှုတစ်ခုကို ပြုလုပ်ခဲ့တာကြောင့် ပြိုင်ဘက်အသင်းဟာ ဂိုးသွင်းယူသွားခဲ့ပါတယ်။
ဘာကာယိုကိုအတွက်ကံကောင်းသွားခဲ့တာကတော့ အေစီမီလန်အသင်းဟာ အိမ်ကွင်းဆန်စီယိုမှာ ဂျီနိုအာကို ၂-၁ ဖြင့်အနိုင်ရသွားခဲ့တာပဲဖြစ်ပါတယ်။သို့သော်လည်း အသင်းပရိတ်သတ်တွေကတော့သူ တို့ရဲ့အငှားကွင်းလယ်လူကြီးကိုအတော်လေးဝေဖန်နေကြတုန်းပါပဲ။တွစ်တာစာမျက်နှာမှာ အေစီပရိတ်သတ်တွေရဲ့ Troll ချက်တွေကို ကြည့်လိုက်ကြပါဦး။
Post a Comment