Header Ads


ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကိုုကြင္းလယ္ဒိုုင္မိုုက္ဒင္းတာ၀န္ယူမွာေၾကာင့္စိတ္ပ်က္ေနၾကတဲ့အာဆင္နယ္ပရိတ္သတ္မ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီတစ္ပတ္ကစားၾကမယ့္ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ အာဆင္နယ္ အသင္းနဲ ့စပါးအသင္းတိုု ့ရဲ ့ပရီးမီးယားလိပ္ပြဲကိုု ကြင္းလယ္ဒိုုင္ မိုုက္ဒင္းကတာ၀န္ယူကိုုင္တြယ္မွာပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာအိမ္ကြင္းအီမရိတ္စ္မွာ ျမိဳ ့ခံျပိဳင္ဘက္စပါးလ္အသင္းကိုု ဧည့္ခံကစားရမွာျဖစ္ၿပီး တနဂၤေႏြေန ့ပြဲအတြက္ မိုုက္ဒင္းက တရား၀င္ကိုုင္တြယ္သြားဖိုု ရိွေနပါတယ္။ဒါဟာ ၿမိဳ ့ရဲ ့အနီေရာင္အေျမွာက္တပ္သားေတြအတြက္ေတာ့အေျခအေနမေကာင္းပါဘူး။

မိုုက္ဒင္ဟာ အာဆင္နယ္အသင္းရဲ ့ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာအာဆင္နယ္အသင္းကိုုနစ္နာေစမယ့္ ဆံုုးျဖတ္ခ်က္အမွားမ်ားစြာျပဳလုုပ္ခဲ့ဖူးၿပီး ပရိတ္သတ္မ်ားကလည္း မိုုက္ဒင္းဟာ စပါးလ္အသင္းရဲ ့ထာ၀ရပရိတ္သတ္တစ္ေယာက္ျဖစ္တယ္လိုု ့သိထားၾကတာပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ ့စပါးလ္အသင္းတိုု ့ဟာ လာမယ့္တနဂၤေႏြေန ့ည၈နာရီခြဲမွာ ကစားၾကမွာျဖစ္ၿပီး သူတိုု ့၂သင္းဟာ လိပ္ဖလားကြာတားဖိုုင္နယ္မွာလည္းထပ္မံေတြ ့ဆံုုဖိုု ့ရိွေနပါတယ္။

စပါးလ္အသင္းဟာ ရံႈးပြဲမရိွမွတ္တမ္းတင္ထားတဲ့ ခ်ဲလ္ဆီးအသင္းကိုုအနိုုင္ယူခဲ့ၿပီးေနာက္ လိပ္ဇယားမွာ ဒုုတိယေနရာအတြက္ ပြဲတိုုင္းကိုုရလဒ္ေကာင္းရဖိုု ့ေမ ွ်ာ္မွန္းထားလ်က္ရိွေနပါတယ္။

(Unicode)

မြောက်လန်ဒန်ဒါဘီပွဲစဉ်ကိုကွင်းလယ်ဒိုင်မိုက်ဒင်းတာဝန်ယူမှာကြောင့်စိတ်ပျက်နေကြတဲ့အာဆင်နယ်ပရိတ်သတ်များ


ဒီတစ်ပတ်ကစားကြမယ့်မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနဲ့စပါးအသင်းတို့ရဲ့ပရီးမီးယားလိပ်ပွဲကို ကွင်းလယ်ဒိုင် မိုက်ဒင်းကတာဝန်ယူကိုင်တွယ်မှာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာအိမ်ကွင်းအီမရိတ်စ်မှာ မြို့ခံပြိုင်ဘက်စပါးလ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲအတွက် မိုက်ဒင်းက တရားဝင်ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ဒါဟာ မြို့ရဲ့အနီရောင်အမြှောက်တပ်သားတွေအတွက်တော့အခြေအနေမကောင်းပါဘူး။

မိုက်ဒင်ဟာ အာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာအာဆင်နယ်အသင်းကိုနစ်နာစေမယ့် ဆုံးဖြတ်ချက်အမှားများစွာပြုလုပ်ခဲ့ဖူးပြီး ပရိတ်သတ်များကလည်း မိုက်ဒင်းဟာ စပါးလ်အသင်းရဲ့ထာဝရပရိတ်သတ်တစ်ယောက်ဖြစ်တယ်လို့သိထားကြတာပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့စပါးလ်အသင်းတို့ဟာ လာမယ့်တနင်္ဂနွေနေ့ည၈နာရီခွဲမှာ ကစားကြမှာဖြစ်ပြီး သူတို့၂သင်းဟာ လိပ်ဖလားကွာတားဖိုင်နယ်မှာလည်းထပ်မံတွေ့ဆုံဖို့ရှိနေပါတယ်။

စပါးလ်အသင်းဟာ ရှုံးပွဲမရှိမှတ်တမ်းတင်ထားတဲ့ ချဲလ်ဆီးအသင်းကိုအနိုင်ယူခဲ့ပြီးနောက် လိပ်ဇယားမှာ ဒုတိယနေရာအတွက် ပွဲတိုင်းကိုရလဒ်ကောင်းရဖို့မေ ျှာ်မှန်းထားလျက်ရှိနေပါတယ်။



No comments

Powered by Blogger.