ေဂ်ာ္ဂ်င္ဟိုုကစားတဲ့ေနရာကန္တီကိုုဘာလိုု ့မကစားခိုုင္းသလဲရွင္းျပခဲ့တဲ့နည္းျပဆာရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းနည္းျပဆာရီက အသင္းရဲ႕ကစားသမားကန္တီကို ကြင္းလယ္အလယ္လူအျဖစ္ဘာေၾကာင့္မထားလဲဆိုတာေျပာျပလိုက္ပါတယ္။
ကန္တီက ၿပီးခဲ့တဲ့ရာသီတုန္းက တျခားမတူည္ီတဲ့ေနရာမွာေကာင္းစြာကစားေပးႏိုင္ခဲ့ပါတယ္။ယခုႏွစ္ရာသီမွာေတာ့တိုက္စစ္အသားေပးတဲ့ကြင္းလယ္ကစားသမားအျဖစ္ကစားေနရၿပီး သူ ့ေနရာမွာကစားသမားအသစ္ေဂ်ာ္ဂ်င္ဟိုကုိေခၚယူထားလိုက္ပါတယ္။အဆိုပါျပင္သစ္သားကန္တီဟာ သူရဲ႕ခံစစ္ကစားဟန္ပန္ကြၽမ္းက်င္မႈေတြေၾကာင့္နာမည္ေက်ာ္ၾကားသူတစ္ဦးျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းအတြက္လိုအပ္တဲ့ေနရာမွာျဖည့္ကစားႏိုင္သူတစ္ဦးလည္းျဖစ္ပါတယ္။ဒါေပမယ္သူစပါးအသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာကြင္းလယ္မွာအရမ္းေျပးလႊားခဲ့ၿပီး ဆံုးျဖတ္ခ်က္အခ်ိဳ႕မွားယြင္းခဲ့ပါတယ္။
ကန္တီတစ္ေယာက္ အရင္ကြင္းလယ္ေနရာမွာျပန္ဆင္းကစားဖိုု ့ရည္ညြန္းထားျခင္းခံေနရပါတယ္။ဒါပင္မယ့္လည္း ဆာရီက ကမၻာဖလားခ်န္ပီယံ ကန္တီဟာ နည္းစနစ္ပိုုင္းအရ မလံုုေလာက္ဘူးလိုု ့ေျပာဆိုုထားပါတယ္။ဆာရီရဲ႕နည္းစနစ္က ကြင္းလယ္အလယ္ေနာက္ခံလူကို ဖာဘရီဂတ္စ္ သို႔မဟုတ္ ေဂ်ာ္ဂင္ဟိုကိုသာထားဖို႔ရည္ရြယ္ထားပါတယ္။
"ကြၽန္ေတာ္ဘာေတြးေနလဲဆိုတာခင္ဗ်ားသိပါတယ္။ကြၽန္ေတာ္ကကြင္းလယ္အလယ္လူကိုနည္းစနစ္အပိုင္းမွာသြက္လက္တဲ့ကစားသမားကိုပဲထားခ်င္တာဗ်။ေျပာခ်င္တာက ေဂ်ာ္ဂ်င္ဟို သို႔မဟုတ္ ဖာဘရီဂတ္စ္ ပါပဲ။ကန္တီကိုအဲဒီေနရာမွာမထားခ်င္ဘူး"လို႔ PAOKအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည့္ယူ႐ုိပါလိဂ္ပြဲစဥ္မတိုင္ခင္မ်က္ႏွာစံုညီသတင္းစာ႐ွင္းလင္းပြဲမွာဆာရီကေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့စပါးအသင္းႏွင့္ပြဲစဥ္မွာဆာရီက စပါးအသင္းရဲ႕တိုက္စစ္ကိုထိန္းေက်ာင္းကာကြယ္ေနတဲ့ကန္တီရဲ႕ဆံုးျဖတ္ခ်က္ေတြကိုတားဆီးႏိုင္ခဲ့ျခင္းမ႐ွိပါဘူး။
"ကန္တီက ပထမပိုင္း၁၅မိနစ္အတြင္းမွာစပါးအသင္းရဲ႕တိုက္စစ္ကိုထိန္းဖို႔အတြက္သူလိုလားခဲ့ပါတယ္။ဒါေပမယ့္အဲဒါကမွားယြင္းတဲ့လမ္းျဖစ္ေနတယ္။သူတိုက္စစ္ကိုအရမ္းေရာက္ေနတယ္ဗ်။ကြၽန္ေတာ္ထင္တယ္ဒါကကန္တီအတြက္အေကာင္းဆံုးအေနအထားပံုစံကဒါမဟုတ္ပါဘူး။ဒါေပမယ့္ဒါကခက္ခဲတဲ့အခ်ိန္မွာျဖစ္ခဲ့တဲ့တုန္႔ျပန္မႈတစ္ခုပါပဲ။သူကေဂ်ာ္ဂ်င္ဟိုနဲ႔ကစားတာအရမ္းကပ္ေနတယ္"လို႔ဆာရီကဆိုပါတယ္။
(Unicode)
ဂျော်ဂျင်ဟိုကစားတဲ့နေရာကန်တီကိုဘာလို့မကစားခိုင်းသလဲရှင်းပြခဲ့တဲ့နည်းပြဆာရီ
ချဲလ်ဆီးအသင်းနည်းပြဆာရီက အသင်းရဲ့ကစားသမားကန်တီကို ကွင်းလယ်အလယ်လူအဖြစ်ဘာကြောင့်မထားလဲဆိုတာပြောပြလိုက်ပါတယ်။
ကန်တီက ပြီးခဲ့တဲ့ရာသီတုန်းက တခြားမတူည်ီတဲ့နေရာမှာကောင်းစွာကစားပေးနိုင်ခဲ့ပါတယ်။ယခုနှစ်ရာသီမှာတော့တိုက်စစ်အသားပေးတဲ့ကွင်းလယ်ကစားသမားအဖြစ်ကစားနေရပြီး သူ့နေရာမှာကစားသမားအသစ်ဂျော်ဂျင်ဟိုကိုခေါ်ယူထားလိုက်ပါတယ်။အဆိုပါပြင်သစ်သားကန်တီဟာ သူရဲ့ခံစစ်ကစားဟန်ပန်ကျွမ်းကျင်မှုတွေကြောင့်နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအတွက်လိုအပ်တဲ့နေရာမှာဖြည့်ကစားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ်သူစပါးအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာကွင်းလယ်မှာအရမ်းပြေးလွှားခဲ့ပြီး ဆုံးဖြတ်ချက်အချို့မှားယွင်းခဲ့ပါတယ်။
ကန်တီတစ်ယောက် အရင်ကွင်းလယ်နေရာမှာပြန်ဆင်းကစားဖို့ရည်ညွန်းထားခြင်းခံနေရပါတယ်။ဒါပင်မယ့်လည်း ဆာရီက ကမ္ဘာဖလားချန်ပီယံ ကန်တီဟာ နည်းစနစ်ပိုင်းအရ မလုံလောက်ဘူးလို့ပြောဆိုထားပါတယ်။ဆာရီရဲ့နည်းစနစ်က ကွင်းလယ်အလယ်နောက်ခံလူကို ဖာဘရီဂတ်စ် သို့မဟုတ် ဂျော်ဂင်ဟိုကိုသာထားဖို့ရည်ရွယ်ထားပါတယ်။
"ကျွန်တော်ဘာတွေးနေလဲဆိုတာခင်ဗျားသိပါတယ်။ကျွန်တော်ကကွင်းလယ်အလယ်လူကိုနည်းစနစ်အပိုင်းမှာသွက်လက်တဲ့ကစားသမားကိုပဲထားချင်တာဗျ။ပြောချင်တာက ဂျော်ဂျင်ဟို သို့မဟုတ် ဖာဘရီဂတ်စ် ပါပဲ။ကန်တီကိုအဲဒီနေရာမှာမထားချင်ဘူး"လို့ PAOKအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့်ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင်မျက်နှာစုံညီသတင်းစာရှင်းလင်းပွဲမှာဆာရီကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့စပါးအသင်းနှင့်ပွဲစဉ်မှာဆာရီက စပါးအသင်းရဲ့တိုက်စစ်ကိုထိန်းကျောင်းကာကွယ်နေတဲ့ကန်တီရဲ့ဆုံးဖြတ်ချက်တွေကိုတားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။
"ကန်တီက ပထမပိုင်း၁၅မိနစ်အတွင်းမှာစပါးအသင်းရဲ့တိုက်စစ်ကိုထိန်းဖို့အတွက်သူလိုလားခဲ့ပါတယ်။ဒါပေမယ့်အဲဒါကမှားယွင်းတဲ့လမ်းဖြစ်နေတယ်။သူတိုက်စစ်ကိုအရမ်းရောက်နေတယ်ဗျ။ကျွန်တော်ထင်တယ်ဒါကကန်တီအတွက်အကောင်းဆုံးအနေအထားပုံစံကဒါမဟုတ်ပါဘူး။ဒါပေမယ့်ဒါကခက်ခဲတဲ့အချိန်မှာဖြစ်ခဲ့တဲ့တုန့်ပြန်မှုတစ်ခုပါပဲ။သူကဂျော်ဂျင်ဟိုနဲ့ကစားတာအရမ်းကပ်နေတယ်"လို့ဆာရီကဆိုပါတယ်။
Post a Comment