အသင္းရဲ ့ေနာက္ခံလူ၂ေယာက္တြဲကိုုဇန္န၀ါရီမွာေရာင္းခ်ဖိုု ့ဆံုုးျဖတ္ထားတဲ့ေမာ္ရင္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ိဳ ့စ္ေမာ္ရင္ဟိုဟာယခုုႏွစ္ေႏြရာသီမွာ အသင္းအတြက္ဗဟိုုေနာက္ခံလူသစ္တစ္ေယာက္မွမေခၚယူခဲ့ေသာ္လည္းေငြေၾကးသံုုးစြဲမႈေတြေတာ့ရိွခဲ့ပါတယ္။အခုုခ်ိန္မွာေတာ့ သူ ့ရဲ ့ပံုုမွန္ပြဲထြက္လူစာရင္းမွာမပါ၀င္ၾကတဲ့ဗဟိုုေနာက္ခံလူ၂ေယာက္ကိုုေရာင္းခ်ဖိုု ့ျပင္ဆင္ေနပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီတစ္ေလ ွ်ာက္လံုုးကၽြန္ေတာ္တို ့ေတြ ကမာၻ ့ဖလားပြဲေတြၾကည့္ၿပီးေပ်ာ္ပါးေနတဲ့အခ်ိန္မွာေတာ့ယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုုတစ္ေယာက္ ဆင္ေျခေတြမ်ားစြာနဲ ့ေနာက္ခံလူတစ္ေယာက္ကိုုေခၚယူဖိုု ့အသဲအသန္ၾကိဳးပမ္းေနခဲ့တာပဲျဖစ္ပါတယ္။
ရာရီမီနာ၊မက္ဂြားယား၊ဘိုုတန္၊အယ္လ္ဒါ၀ီးဒ္ နဲ ့ဂိုုဒင္တိုု ့ဟာယူႏိုုက္တက္အသင္းအသဲအသန္အလိုုရိွခဲ့တဲ့ဗဟိုုေနာက္ခံလူေတြျဖစ္ခဲ့ၾကပါတယ္။ေနာက္ဆံုုးမွာေတာ့ သရဲနီတိုု ့ဟာလူငယ္အစြန္ေနာက္ခံလူဒယ္ေလာ့ကိုုသာေခၚယူနိူင္ခဲ့ၿပီး ဖရဒ္နဲ ့လီဂ၇န္ ့တိုု ့သာအပိုုလူအေနနဲ ့အားျဖည့္ခဲ့ပါတယ္။ယူနိုုက္တက္အသင္းဟာ ဒီရာသီမွာလည္း ဗဟိုုေနာက္ခံလူတစ္ေယာက္ကိုုလိုုအပ္ေနျပန္ပါေသးတယ္။မနွစ္ရာသီ ၂ရာသီစလံုုးယူႏိုုက္တက္အသင္းဟာ ေကာင္းမြန္တဲ့ ခံစစ္ကိုုတည္ေဆာက္ထားနိုုင္ခဲ့ေသာ္လည္း ယခုုနွစ္ရာသီမွာေတာ့ယူႏိုုက္တက္အသင္းဟာ ပရီးမီးယားလိပ္မွာ Clean Sheet တစ္ပြဲသာရထားပါေသးတယ္။
The Telegraph ရဲ ့အဆိုုအရ ေမာ္ရင္ဟိုုဟာ ေနာက္ခံလူသစ္တစ္ေယာက္ကိုုေခၚယူဖိုု ့အခြင့္အေရးရမယ္ဆိုုရင္ လာမယ့္ဇန္န၀ါရီမွာ မာကပ္စ္ရိုဂ်ိဳ နဲ ့အဲရစ္ဘိုုင္လီတိုု့ကိုု ေရာင္းဖိုု ့အဆင္သင့္ျဖစ္ေနတယ္လိုု ့သိရပါတယ္။ေမာ္ရင္ဟိုု ဟာေနာက္ခံလူသစ္တစ္ေယာက္ကိုု ေခၚယူဖိုု ့ေသခ်ာေပါက္ဆံုုးျဖတ္ခ်က္ခ်ထားၿပီးသားပါ။ရာသီတစ္ေလ ွ်ာက္လံုုးတစ္ပြဲမွမကစားထားတဲ့ရိုုဂ်ိဳဟာအသင္းကေနထြက္ခြာမယ့္ပထမဆံုုးတစ္ေယာက္ျဖစ္ဖိုု ့ေသခ်ာေနပါတယ္။ဒီရာသီဘရိုုက္တန္နဲ ့ပြဲမွာပံုုမွန္ေျခစြမ္းေပ်ာက္ဆံုုးခဲ့တဲ့ ဘိုုင္လီအတြက္ေတာ့ ယူနိုုက္တက္အသင္းဟာသူ ့ကိုုအသင္းရဲ ့အေကာင္းဆံုုးေနာက္ခံလူတစ္ေယာက္အျဖစ္သတ္မွတ္ထားဆဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းခ်ဲလ္ဆီးနည္းျပေဟာင္းဟာ သူ ့ကိုုလံုုး၀မၾကိဳက္နွစ္သက္ေတာ့ပဲ အိုုင္ဗရီရန္းကစားသမားဟာ နယူးကာဆယ္နဲ ့ပြဲမွာ ၁၉ မိနစ္ထဲကလုူစားလဲခံရၿပီးေနာက္ပိုုင္းပြဲေတြမွာပါ၀င္ကစားရျခင္းမရိွေတာ့ပါဘူး။
လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ ့မွာေတာ့ အင္တာမီလန္ရဲ ့စကင္းရီနာနဲ ့စပါးေနာက္ခံလူအန္းဒါလ္၀ီးယာဒ္တိုု ့ဟာ အိုုထရက္ဖိုု ့ဒ္ဆီေရာက္လာနိုုင္ေျခအမ်ားဆံုုးရိွတဲ့ကစားသမားေတြပဲျဖစ္ပါတယ္။ေနာက္ခံလူသစ္တစ္ေယာက္ကိုုေခၚယူလိုုက္တာဟာ ယူနိုုက္တက္အသင္းရဲ ့ကံၾကမၼာကိုုေျပာင္းလဲေပးနိုုင္ပါ့မလား?
(Unicode)
အသင်းရဲ့နောက်ခံလူ၂ယောက်တွဲကိုဇန်နဝါရီမှာရောင်းချဖို့ဆုံးဖြတ်ထားတဲ့မော်ရင်ဟို
ဂျို့စ်မော်ရင်ဟိုဟာယခုနှစ်နွေရာသီမှာ အသင်းအတွက်ဗဟိုနောက်ခံလူသစ်တစ်ယောက်မှမခေါ်ယူခဲ့သော်လည်းငွေကြေးသုံးစွဲမှုတွေတော့ရှိခဲ့ပါတယ်။အခုချိန်မှာတော့ သူ့ရဲ့ပုံမှန်ပွဲထွက်လူစာရင်းမှာမပါဝင်ကြတဲ့ဗဟိုနောက်ခံလူ၂ယောက်ကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။ပြီးခဲ့တဲ့နွေရာသီတစ်လေ ျှာက်လုံးကျွန်တော်တို့တွေ ကမ္ဘာ့ဖလားပွဲတွေကြည့်ပြီးပျော်ပါးနေတဲ့အချိန်မှာတော့ယူနိုက်တက်နည်းပြမော်ရင်ဟိုတစ်ယောက် ဆင်ခြေတွေများစွာနဲ့နောက်ခံလူတစ်ယောက်ကိုခေါ်ယူဖို့အသဲအသန်ကြိုးပမ်းနေခဲ့တာပဲဖြစ်ပါတယ်။
ရာရီမီနာ၊မက်ဂွားယား၊ဘိုတန်၊အယ်လ်ဒါဝီးဒ် နဲ့ဂိုဒင်တို့ဟာယူနိုက်တက်အသင်းအသဲအသန်အလိုရှိခဲ့တဲ့ဗဟိုနောက်ခံလူတွေဖြစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ သရဲနီတို့ဟာလူငယ်အစွန်နောက်ခံလူဒယ်လော့ကိုသာခေါ်ယူနိူင်ခဲ့ပြီး ဖရဒ်နဲ့လီဂ၇န့်တို့သာအပိုလူအနေနဲ့အားဖြည့်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဒီရာသီမှာလည်း ဗဟိုနောက်ခံလူတစ်ယောက်ကိုလိုအပ်နေပြန်ပါသေးတယ်။မနှစ်ရာသီ ၂ရာသီစလုံးယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ ခံစစ်ကိုတည်ဆောက်ထားနိုင်ခဲ့သော်လည်း ယခုနှစ်ရာသီမှာတော့ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိပ်မှာ Clean Sheet တစ်ပွဲသာရထားပါသေးတယ်။
The Telegraph ရဲ့အဆိုအရ မော်ရင်ဟိုဟာ နောက်ခံလူသစ်တစ်ယောက်ကိုခေါ်ယူဖို့အခွင့်အရေးရမယ်ဆိုရင် လာမယ့်ဇန်နဝါရီမှာ မာကပ်စ်ရိုဂျို နဲ့အဲရစ်ဘိုင်လီတို့ကို ရောင်းဖို့အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။မော်ရင်ဟို ဟာနောက်ခံလူသစ်တစ်ယောက်ကို ခေါ်ယူဖို့သေချာပေါက်ဆုံးဖြတ်ချက်ချထားပြီးသားပါ။ရာသီတစ်လေ ျှာက်လုံးတစ်ပွဲမှမကစားထားတဲ့ရိုဂျိုဟာအသင်းကနေထွက်ခွာမယ့်ပထမဆုံးတစ်ယောက်ဖြစ်ဖို့သေချာနေပါတယ်။ဒီရာသီဘရိုက်တန်နဲ့ပွဲမှာပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တဲ့ ဘိုင်လီအတွက်တော့ ယူနိုက်တက်အသင်းဟာသူ့ကိုအသင်းရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းချဲလ်ဆီးနည်းပြဟောင်းဟာ သူ့ကိုလုံးဝမကြိုက်နှစ်သက်တော့ပဲ အိုင်ဗရီရန်းကစားသမားဟာ နယူးကာဆယ်နဲ့ပွဲမှာ ၁၉ မိနစ်ထဲကလုူစားလဲခံရပြီးနောက်ပိုင်းပွဲတွေမှာပါဝင်ကစားရခြင်းမရှိတော့ပါဘူး။
လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာတော့ အင်တာမီလန်ရဲ့စကင်းရီနာနဲ့စပါးနောက်ခံလူအန်းဒါလ်ဝီးယာဒ်တို့ဟာ အိုထရက်ဖို့ဒ်ဆီရောက်လာနိုင်ခြေအများဆုံးရှိတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။နောက်ခံလူသစ်တစ်ယောက်ကိုခေါ်ယူလိုက်တာဟာ ယူနိုက်တက်အသင်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါ့မလား?
Post a Comment