ပီယာလိုုလက္သစ္ကိုုေခၚယူခ်င္ေနတဲ့ခ်ဲလ္ဆီးနည္းျပဆာရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ ကလပ္ခ်ဲလ္ဆီးအသင္းက ကမာၻ ့ေဘာလံုးေလာကရဲ႕အေျပာမ်ားဆံုးလူငယ္ျကယ္ပြင့္ကစားသမား တစ္ဦးကိုေခၚယူရန္စိတ္ဝင္စားခ်ိန္ရြယ္ေနပါတယ္။အီတလီေဘာလံုးေလာကပရိသတ္ေတာ္ေတာ္မ်ားသိၾကတဲ့အီတလီႏိုင္ငံ လြန္ဘာဒီၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ကြင္းလယ္ကစားသမား ဆန္းဒ႐ို႔ တိုနာလီကို အသင္းေတာ္ေတာ္မ်ားကေခၚယူရန္စီစဥ္ေနၾကပါတယ္။
သူက အီတလီကလပ္ ဘရီစီးယားအသင္းမွာကစားေနၿပီး အသင္းရဲ႕အဓိကအားထားရတဲ့ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ေနပါတယ္။ သူရဲ႕တိက်ေပးပို႔မႈ တည္တည္ၿငိမ္ၿငိမ္ေဘာလံုးထိန္းသိမ္းမႈႏွင့္ ေဘာလံုးအလိမ္အေခါက္စြမ္းရည္ဖန္တီးႏိုင္စြမ္းေတြက သူကိုပိုမိုလူသိထင္႐ွားေစခဲ့ပါတယ္။
သူကိုပရိသတ္ေတာ္ေတာ္မ်ားမ်ားက အီတလီကြင္းလယ္ဂု႐ုႀကီး ပီယာလိုရဲ႕ မိတၱဴပံုတူအလား သတ္မွတ္ကာ ခ်ီးက်ဴးဂုဏ္ျပဳလ်က္႐ွိပါတယ္။
သူက ပီယာလိုရဲ႕ ငယ္ဘဝက ကစားဟန္ပန္ ပံုစံအတိုင္း႐ွိၿပီးသူကိုၾကည့္လိုက္မယ္ဆိုရင္ျဖင့္ ပီယာလို အလားထင္မွတ္ရေလာက္ေအာင္ဆင္တူလွပါတယ္။အနီးဆံုးၾကည့္ရမယ္ဆို ေပၚတူဂီအသင္းကို႐ွံုးနိမ္ခဲ့တဲ့ပြဲစဥ္မွာ သူရဲ႕free kickကအင္မတန္လွပေကာင္းမြန္ကာ ေသသပ္ၿပီး ပီယာလိုအလား ထင္မွတ္ေစခဲ့ပါတယ္။သူရဲ႕ဟန္ပန္အေနအထားက တကယ္ကစားသမားႀကီးတစ္ေယာက္လိုပါပဲလို႔ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါတယ္။
လက္႐ွိခ်ဲလ္ဆီးအသင္းက သူကိုေခၚယူရန္ေျခရာခံေထာက္လွမ္းေနၿပီး သူဟာအိီတလီလက္ေရြးစင္အသင္းမွာပထမဦးဆံုးအႀကိမ္ပါဝင္ခဲ့ရၿပီးေနာက္ နည္းျပမန္ခ်ီနီကို ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။
Goalသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္အသင္းကတိုနာလီကို ေခၚယူရန္စိတ္ဝင္စားေနၿပီး သူရဲ႕တန္ဖိုးက ေပါင္၁၇သန္းသတ္မွတ္ထားပါတယ္။ဒါေပမယ့္ခ်ဲလ္ဆိီးအသင္းကလည္း သူကိုေခၚယူရန္အတြက္ျပင္းျပင္းျပျပ႐ွိေနၿပီး နည္းျပဆာရီက ေဂ်ာ္ဂင္ဟိုႏွင့္အတူတြဲကစားဖို႔အတြက္သူကိုေခၚယူရန္ပိုမိုစိတ္ဝင္စားရျခင္းျဖစ္တယ္လို႔သိရပါတယ္။
တိုနာလီက အသင္းအတြက္ ၁၉ပြဲကစားခြင့္ရထားၿပီး သူရဲ႕ေျခစြမ္းေျခစေတြေၾကာင့္ U19ဥေရာပ ဖလားၿပိဳင္ပြဲမွာပါဝင္ခြင့္ရဖို႔မ်က္စိက်ျခင္းခံေနရပါတယ္။
ခ်ဲလ္ဆီးအသင္းကအသက္၁၈ႏွစ္အရြယ္ သူကိုေခၚယူရန္အတြက္ အီတလီေဘာလံုးေလာက ဘုရင္ေတြျဖစ္ၾကတဲ့ ႐ိုးမားႏွင့္အင္တာ တို႔ႏွင့္အၿပိဳင္ျဖစ္ေနပါတယ္။
(Unicode)
ပီယာလိုလက်သစ်ကိုခေါ်ယူချင်နေတဲ့ချဲလ်ဆီးနည်းပြဆာရီ
ပရီးမီးယားလိဂ် ကလပ်ချဲလ်ဆီးအသင်းက ကမ္ဘာ့ဘောလုံးလောကရဲ့အပြောများဆုံးလူငယ်ကြယ်ပွင့်ကစားသမား တစ်ဦးကိုခေါ်ယူရန်စိတ်ဝင်စားချိန်ရွယ်နေပါတယ်။အီတလီဘောလုံးလောကပရိသတ်တော်တော်များသိကြတဲ့အီတလီနိုင်ငံ လွန်ဘာဒီမြို့မှာ မွေးဖွားခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းဒရို့ တိုနာလီကို အသင်းတော်တော်များကခေါ်ယူရန်စီစဉ်နေကြပါတယ်။
သူက အီတလီကလပ် ဘရီစီးယားအသင်းမှာကစားနေပြီး အသင်းရဲ့အဓိကအားထားရတဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်နေပါတယ်။ သူရဲ့တိကျပေးပို့မှု တည်တည်ငြိမ်ငြိမ်ဘောလုံးထိန်းသိမ်းမှုနှင့် ဘောလုံးအလိမ်အခေါက်စွမ်းရည်ဖန်တီးနိုင်စွမ်းတွေက သူကိုပိုမိုလူသိထင်ရှားစေခဲ့ပါတယ်။
သူကိုပရိသတ်တော်တော်များများက အီတလီကွင်းလယ်ဂုရုကြီး ပီယာလိုရဲ့ မိတ္တူပုံတူအလား သတ်မှတ်ကာ ချီးကျူးဂုဏ်ပြုလျက်ရှိပါတယ်။
သူက ပီယာလိုရဲ့ ငယ်ဘဝက ကစားဟန်ပန် ပုံစံအတိုင်းရှိပြီးသူကိုကြည့်လိုက်မယ်ဆိုရင်ဖြင့် ပီယာလို အလားထင်မှတ်ရလောက်အောင်ဆင်တူလှပါတယ်။အနီးဆုံးကြည့်ရမယ်ဆို ပေါ်တူဂီအသင်းကိုရှုံးနိမ်ခဲ့တဲ့ပွဲစဉ်မှာ သူရဲ့free kickကအင်မတန်လှပကောင်းမွန်ကာ သေသပ်ပြီး ပီယာလိုအလား ထင်မှတ်စေခဲ့ပါတယ်။သူရဲ့ဟန်ပန်အနေအထားက တကယ်ကစားသမားကြီးတစ်ယောက်လိုပါပဲလို့ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။
လက်ရှိချဲလ်ဆီးအသင်းက သူကိုခေါ်ယူရန်ခြေရာခံထောက်လှမ်းနေပြီး သူဟာအီတလီလက်ရွေးစင်အသင်းမှာပထမဦးဆုံးအကြိမ်ပါဝင်ခဲ့ရပြီးနောက် နည်းပြမန်ချီနီကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
Goalသတင်းဌာနရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းကတိုနာလီကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး သူရဲ့တန်ဖိုးက ပေါင်၁၇သန်းသတ်မှတ်ထားပါတယ်။ဒါပေမယ့်ချဲလ်ဆီးအသင်းကလည်း သူကိုခေါ်ယူရန်အတွက်ပြင်းပြင်းပြပြရှိနေပြီး နည်းပြဆာရီက ဂျော်ဂင်ဟိုနှင့်အတူတွဲကစားဖို့အတွက်သူကိုခေါ်ယူရန်ပိုမိုစိတ်ဝင်စားရခြင်းဖြစ်တယ်လို့သိရပါတယ်။
တိုနာလီက အသင်းအတွက် ၁၉ပွဲကစားခွင့်ရထားပြီး သူရဲ့ခြေစွမ်းခြေစတွေကြောင့် U19ဥရောပ ဖလားပြိုင်ပွဲမှာပါဝင်ခွင့်ရဖို့မျက်စိကျခြင်းခံနေရပါတယ်။
ချဲလ်ဆီးအသင်းကအသက်၁၈နှစ်အရွယ် သူကိုခေါ်ယူရန်အတွက် အီတလီဘောလုံးလောက ဘုရင်တွေဖြစ်ကြတဲ့ ရိုးမားနှင့်အင်တာ တို့နှင့်အပြိုင်ဖြစ်နေပါတယ်။
Post a Comment