Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပေါလ်စခိုးလ်ရဲ့ပေါင်၄၀တန်ဖိနပ်နောက်ကွယ်ကစိတ်ဝင်စားဖွယ်ဇာတ်လမ်း
၂၀၁၂ မှာကစားသမားဘဝကနေအနားယူခဲ့တဲ့ပေါလ်စခိုးလ်ဟာ ယူနိုက်တက်အသင်းအတွက်ပြန်ကစားဖို့မန်ချက်စတာစီးတီးအသင်းနဲ့ပွဲမတိုင်ခင် အနီးနားကဆိုင်မှာ ဖိနပ်တစ်ရံအပြေးဝယ်ခဲ့တာပဲဖြစ်ပါတယ်။ဇန်နဝါရီ၂၀၁၂ ခုနှစ်မှာကွင်းလယ်မာစတာဟာ မန်ချက်စတာအသင်းအတွက် အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပင်မယ့်မြို့ခံပြိုင်ဘက်ရဲ့အင်အားကြီးမားလာတာကိုဖြိုခွင်းဖို့အသင်းဆီပြန်လာခဲ့ပါတယ်။
စခိုးလ်ဟာမန်ချက်စတာဒါဘီပွမှာအရံလူအဖြစ်ပါဝင်လာခဲ့ပါတယ်။ဒီပွဲဟာ ဖာဂူဆန်အတွက်အသက်တစ်မ ျှအရေးပါတဲ့ပွဲဖြစ်သလို FA ဖလား စတုတ္ထအဆင့်ရောက်နေတာကြောင့်ယူနိုက်တက်အတွက်အရမ်းကိုအရေးပါနေတာပဲဖြစ်ပါတယ်။ဒါပင်မယ့်ဒီပွဲအတွက် ပေါလ်စခိုးလ်မှာပြဿနာတက်နေပါတယ်။သူ့မှာပွဲအတွက်ကန်စရာဖိနပ်ရှိမနေပါဘူး။ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပေါလ်စခိုးလ်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်အရံခုံမှာထိုင်ပြီးဝတ်ထားတဲ့ဖိနပ်နဲ့အတော်လေရုပ်ပေါက်နေတာကိုသိနေခဲ့တယ်လို့ဖွင့်ဟပြောကြားခဲ့ပါတယ်။
ကွင်းလယ်လူဟာ Nike နဲ့ Adidas တို့ကိုမဝတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ပေါင် ၄၀ သာတန်တဲ့ JJB Sports ဖိနပ်ကိုသာဝတ်ဆင်ခဲ့ပါတယ်။ “ ကျွန်တော် ၂၀၁၂ ခုနှစ်မှာအနားယူပြီနောက်ပိုင်း ပထမအသင်းကြီးနဲ့တစ်ကြိမ်လေ့ကျင့်ခဲ့တယ်လို့ထင်ပါတယ်။ကျွန်တော်မှာ ဖိနပ်တွေမရှိတော့ပါဘူး။အဲ့ဒါကြောင့် ကျွန်တော် အနီးနားကဆိုင်တစ်ဆိုင်ဆီပြေးပြီး ပေါင်၅၀တန်ခပ်ပေါပေါဖိနပ်ကိုပြေးဝယ်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော့်မှာဖိနပ်စပွန်ဆာမရှိလို့ပါ။ NIke ကိုအသိပေးလို့မဖြစ်ပြန်ပါဘူး။တကယ်လို့အသိပေးလိုက်မိရင်ကျွန်တော်ပြန်ကစားတော့မယ်ဆိုတာအားလုံးထင်ထင်ရှားရှားသိသွားမှာစိုးလို့ပါ။“
“ သူ(ဖာဂူဆန်) ကကစားသမားတွေကိုတောင်မပြောပြထားပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော့်အထင်သူဒါကို လ ျှို့ဝှက်ထားချင်တာနေမှာပါ။စီးတီးနဲ့အဝေးကွင်းမှာကစားရမယ်လို့ကျွန်တော်ကို ဟော်တယ်မှာလာပြောတယ်။တနင်္ဂနွေနေ့မှာကစားရမယ့်ပွဲအတွက် Lowry ဟော်တယ်ကို စနေနေ့ညမှာလာပြောတာ။ဝန်ထမ်းစာပွဲပေါ်မှာထိုင်ပြီးဝိုင်တစ်ခွက်သောက်ပြီးသူပြောခဲ့တာပါ။ကျန်တာဘာမှမပြောပါဘူး။ပြီးတော့နောက်နေ့ကျကွင်းထဲကျွန်တော်ရောက်လာတယ်။ဘာတွေဖြစ်နေလဲကျွန်တော်သိနေတယ်။စိတ်လဲရှုပ်ထွေးနေတာပေါ့။အသင်းအဝတ်လဲခန်းထဲလည်းရောက်ရောကျွန်တော့်အတွက် အကျီ ရလာတယ်။ကျွန်တော့်နာမည်ကလည်းအရံလူစာရင်းမှာပါလာတယ်။” လို့စခိုးလ်က BT Sports ကိုပြောကြားခဲ့ပါတယ်။
တကယ့်ကိုတော်တဲ့ ကွင်းလယ်လူပါပဲ။ပေါလ်စခိုးလ်ဟာ အီတီဟဒ်မှာ ပွဲပြီးခါနီး၃၁မိနစ်အလိုမှဝင်ရောလာခဲ့ပြီးဘယ်ဘယ်အခြမ်းတွေ ညာဘက်အခြမ်းတွေနဲ့ကွင်းလယ်ဗဟိုတွေမှာ ဘောလုံးကိုဖြန့်ကြန့်ပေးပို့နေခဲ့တာပဲဖြစ်ပါတယ်။ဒါဟာ ဂန္တဝင်ကစားသမားတွေမှာသာ ရှိတဲ့ဘယ်အချိန်မှာပဲဖြစ်ဖြစ်ထကန်နိုင်တဲ့အရည်အသွေးတွေပဲဖြစ်ပါတယ်။သူဟာ ၂၀၁၂ မှာအနားယူခဲ့သော်လည်း အသက်၃၇နှစ်အရွယ်ကွင်းလယ်လူဟာယူနိုက်တက်အသင်းအတွက်ပြန်လာခဲ့ပြီးအတော်လေးအသားကျအောင်ကစားပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းဖွင့်ဟပြောကြားချက်တွေအရ ပေါလ်စခိုးလ်ပြန်လာမယ်ဆိုတဲ့သတင်းဟာအသင်းဖော်တွေတောင်မသိဘူးလို့သိရပါတယ်။
ဝိန်ရွန်းနီတောင်မှာ အဆိုပါဆုံးဖြတ်ချက်ကို ကလပ်အတွင်းမှာတောင်လ ျှို့ဝှက်ထားတယ်လို့ဖွင့်ဟဝန်ခံပြောကြားခဲ့ဖူးပါတယ်။“ စခိုးလ်နဲ့ပတ်သတ်ပြီးတကယ့်ကိုအံသြသင့်သွားစေပါတယ်။ကျွန်တော်တို့အဝတ်လဲခန်းထဲရောက်တဲ့အထိမသိသေးတာပါ။ဒါပင်မယ့်ဒီလို့အရမ်းအရည်အသွေးကြွယ်ဝတဲ့ကစားသမားပြန်ရောက်လာတာဟာအတော်လေးကောင်းပါတယ်။” လို့BBC Sport ကိုပြောကြားခဲ့ဖူးပါတယ်။
Post a Comment