Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မိုဟာမက်ဆာလာတစ်ယောက်ရာမို့စ်ကို လှောင်ပြောင်လိုက်တာလား?
မိုဟာမက်ဆာလာဟာ ဝက်ဖို့ဒ်အသင်းကို ၃-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ၁ဂိုးသွင်းယူပေးခဲ့ပါတယ်။အဆိုပါပွဲမှာ မိုဟာမက်ဆာလာဟာ ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်တစ်ယောက်အောင်ပွဲခံတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပြီး ရာမို့စ်ကိုသရော်လိုက်တာဖြစ်တယ်လို့ပရိတ်သတ်တွေကထင်နေကြတာပဲဖြစ်ပါတယ်။
အီဂျစ်ဘုရင်လို့တင်စားကြတဲ့ ဆာလာဟာ သူ့ရဲ့ဒီရာသီ၆ဂိုးမြောက်သွင်းဂိုး ကို ပွဲကစားချိန်၆၇မိနစ်မှာသွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆာဘီးယားဘက်ကို နောက်ကျသွင်းဂိုးသွင်းယူခဲ့ပြီးနောက်အောက်ပွဲခံခဲ့တဲ့ အသင်းဖော်ဆွစ်ဇာလန်ကွင်းလယ်လူ ရှာကွီရီ ရဲ့အယ်လ်ဘေးနီးယန်းသိမ်းငှက်ပုံစံအတိုင်းအောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။
ဒါပင်မယ့်လည်း သူ့ရဲ့အောင်ပွဲခံတဲ့ပုံစံဟာ ရာမို့စ်တစ်ယောက်အရင်ကအောင်ပွဲခံခဲ့ဖူးတဲ့ပုံနဲ့သွားတူနေတာကိုတွေ့ရပြီး တွစ်တာစာမျက်နှာပေါ်မှာတော့ ဆာလာတစ်ယောက် ၂၀၁၇ ချန်ပီယံလိပ်ဖိုင်နယ်ပွဲမှာ ဆေးကျခဲ့တယ်လို့သတင်းထွက်နေတဲ့ စပိန်အသင်းခေါင်းဆောင်ကို Troll ခဲ့တာဖြစ်တယ်လို့ဆိုနေကြတာပဲဖြစ်ပါတယ်။
နည်းပြဂျာဂန်ကလော့ ကိုအဆိုပါအောင်ပွဲခံတဲ့ပုံစံနဲ့ရာမို့စ်ရဲ့ပွဲမတိုင်ခင် ပခုံးနဲ့ဒူးခေါင်းမှာ dexa ထိုးသွင်းခဲ့တဲ့အပေါ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာဖြေကြားခဲ့ခြင်းမရှိပါဘူး။
ရီးရဲလ်အသင်းကတော့ မြောက်မြားလှတဲ့ အစီရင်ခံစာတွေနဲ့ပတ်သတ်ပြီးဖော်ပြခဲ့သလို သူတို့ရဲ့အသင်းခေါင်းဆောင်နဲ့ပတ်သတ်ပြီး အမှားလုပ်ထားတာဖြစ်တယ်လို့ငြင်းပယ်လျက်ရှိနေပါတယ်။
ချန်ပီယံလိပ်ဖိုင်နယ်မှာသူ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ရာမို့စ်ကို ဆာလာတစ်ယောက်ပြန်လည်လှောင်ပြောင်ခဲ့တာလား? ဒါမှမဟုတ်သူဟာ Xmen Wolverine ပရိတ်သတ်လား? အောက်က ကွန်းမန့်မှာဝင်ရောက်ရေးသားတေဆွးနွေးနိုင်ပါတယ်။
Post a Comment