Header Ads


သူတြဲကစားဖူးသမ ွ်အေကာင္းဆံုးကစားသမားနာမည္ကိုုေျပာျပခဲ့တဲ့ဂ်ိဳလ္ကိုုးလ္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အဂၤလန္အသင္းကစားသမားေဟာင္းဂ်ိဳကိုးလ္က သူႏွင့္အတူ တြဲကစားခဲ့တဲ့ကစားသမားေတြထဲမွ အေကာင္းဆံုးကစားသမားတစ္ဦးကိုေရြးခ်ယ္ခဲ့ၿပီးအဲဒီကစားသမားကေတာ့လမ္းပတ္လည္း မဟုတ္ တယ္ရီလည္းမဟုတ္ ေရာ္ဘန္လည္းမဟုတ္ခဲ့ပါဘူး။အဆိုပါကစားသမားကအရည္အခ်င္းျပည္႔ဝၿပီးတက္ႂကြဖ်က္လတ္ၿပီးသူနဲ႔တြဲကစားရတာအရမ္းေပ်ာ္ရႊင္မိပါတယ္လို႔ ဆိုပါတယ္။



သူကေတာ့လမ္းပတ္ တယ္ရီႏွင့္ ေရာ္ဘက္တို႔ကိုေမ့သြားေစခဲ့တဲ့ဟာဇက္ပဲျဖစ္ၿပီး ကိုးလ္အတြက္အရမ္းကိုတြဲကစားလို႔ေကာင္းၿပီးထိပ္တနိးကစားသမားတစ္ေယာက္ပါလို႔ဆိုပါတယ္။



"မင္းအဂၤလန္သားေတြအကုန္လံုးကိုၾကည့္လိုက္ပါ။ဂ်ာရတ္ လမ္းပတ္ တယ္ရီ ရြန္းနီ ဖာဒီနန္ တို႔ရယ္ ႏိုင္ငံျခားသားအေနနဲ႔ဆိုရင္ ေရာ္ဘင္ ဟာဇက္တို႔႐ွိၿပီး သူတို႔နဲ႔တူတူမင္းကစားခြင့္ရတာက တကယ္ဆရာႀကီးေတြနဲ႔ကစားေနရသလိုခံစားေစရမွာအမွန္ပါ"


"အကယ္၍သာ ကြၽန္ေတာ္ေဘာလံုးဆက္ကစားေနမယ္ဆိုရင္ ဟာဇက္ကိုပဲေရြးခ်ယ္မိဦးမွာပါ။သူအသက္၁၉ႏွစ္ေလာက္က ကြၽန္ေတာ္နဲ႔သူတူတူျပင္သစ္ေျမမွာကစားဖူးတယ္ သူကတကယ္အရည္အခ်င္း႐ွိတဲ့ကစားသမားတစ္ဦးပါ"

"သူဆီမွာ အရည္အခ်င္းေတာ္ေတာ္မ်ားမ်ား႐ွိတယ္ ၿပီးေတာ့သူကတကယ္ကိုထိပ္တန္းကစားသမားတစ္ေယာက္ပါ။ကၽြန္ေတာ္ထင္တယ္သူေရႊေဘာလံုးဆုကိုသိမ္းပိုက္ဖို႔အတြက္နီးကပ္ေနပါၿပီ။ကြၽန္ေတာ္အျမင္မွာသူကအရမ္းေကာင္းပါတယ္"



ကိုးလ္ႏွင့္ဟာဇက္ဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းမွာတူတူကစားဖူးခဲ့ပါတယ္။တိုက္စစ္အျမင္႐ွိတဲ့သူက ခ်ဲလ္ဆီးအသင္းကို ၂၀၁၂ခုႏွစ္မွာေျပာင္းေရြ႔လာခဲ့ပါတယ္။

.

"ကြၽန္ေတာ္ခ်ဲလ္ဆီးအသင္းကိုေျပာင္းေရြ႔ဖို့စီစဥ္တုန္းက သူကိုကြၽန္ေတာ္ေျပာျပခဲ့တယ္။သူကလည္းျပန္အားေပးတယ္ ခ်ဲလ္ဆီးအသင္းကကလပ္အသင္းႀကီးတစ္ခုပါ အကယ္၍ခ်ဲလ္ဆီးမွာကစားမယ္ဆိုရင္ဖလားမရမွာစိတ္ပူစရာမလိုဘူးအဲဒါေၾကာင့္ပဲကြၽန္ေတာ္ခ်ဲလ္ဆီးကိုေျပာင္းေရြ႔လာခဲ့တာပါ ေက်းဇူးပါ ဂ်ိဳကိုးလ္ေရ"လို႔ဟာဇက္ကဆိုပါတယ္။

(Unicode)

သူ့တွဲကစားဖူးသမ ျှအကောင်းဆုံးကစားသမားနာမည်ကိုပြောပြခဲ့တဲ့ဂျိုလ်ကိုးလ်

အင်္ဂလန်အသင်းကစားသမားဟောင်းဂျိုကိုးလ်က သူနှင့်အတူ တွဲကစားခဲ့တဲ့ကစားသမားတွေထဲမှ အကောင်းဆုံးကစားသမားတစ်ဦးကိုရွေးချယ်ခဲ့ပြီးအဲဒီကစားသမားကတော့လမ်းပတ်လည်း မဟုတ် တယ်ရီလည်းမဟုတ် ရော်ဘန်လည်းမဟုတ်ခဲ့ပါဘူး။အဆိုပါကစားသမားကအရည်အချင်းပြည့်ဝပြီးတက်ကြွဖျက်လတ်ပြီးသူနဲ့တွဲကစားရတာအရမ်းပျော်ရွှင်မိပါတယ်လို့ ဆိုပါတယ်။

သူကတော့လမ်းပတ် တယ်ရီနှင့် ရော်ဘက်တို့ကိုမေ့သွားစေခဲ့တဲ့ဟာဇက်ပဲဖြစ်ပြီး ကိုးလ်အတွက်အရမ်းကိုတွဲကစားလို့ကောင်းပြီးထိပ်တနိးကစားသမားတစ်ယောက်ပါလို့ဆိုပါတယ်။

"မင်းအင်္ဂလန်သားတွေအကုန်လုံးကိုကြည့်လိုက်ပါ။ဂျာရတ် လမ်းပတ် တယ်ရီ ရွန်းနီ ဖာဒီနန် တို့ရယ် နိုင်ငံခြားသားအနေနဲ့ဆိုရင် ရော်ဘင် ဟာဇက်တို့ရှိပြီး သူတို့နဲ့တူတူမင်းကစားခွင့်ရတာက တကယ်ဆရာကြီးတွေနဲ့ကစားနေရသလိုခံစားစေရမှာအမှန်ပါ"

"အကယ်၍သာ ကျွန်တော်ဘောလုံးဆက်ကစားနေမယ်ဆိုရင် ဟာဇက်ကိုပဲရွေးချယ်မိဦးမှာပါ။သူအသက်၁၉နှစ်လောက်က ကျွန်တော်နဲ့သူတူတူပြင်သစ်မြေမှာကစားဖူးတယ် သူကတကယ်အရည်အချင်းရှိတဲ့ကစားသမားတစ်ဦးပါ"

"သူဆီမှာ အရည်အချင်းတော်တော်များများရှိတယ် ပြီးတော့သူကတကယ်ကိုထိပ်တန်းကစားသမားတစ်ယောက်ပါ။ကျွန်တော်ထင်တယ်သူရွှေဘောလုံးဆုကိုသိမ်းပိုက်ဖို့အတွက်နီးကပ်နေပါပြီ။ကျွန်တော်အမြင်မှာသူကအရမ်းကောင်းပါတယ်"

ကိုးလ်နှင့်ဟာဇက်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှာတူတူကစားဖူးခဲ့ပါတယ်။တိုက်စစ်အမြင်ရှိတဲ့သူက ချဲလ်ဆီးအသင်းကို ၂၀၁၂ခုနှစ်မှာပြောင်းရွေ့လာခဲ့ပါတယ်။

.
"ကျွန်တော်ချဲလ်ဆီးအသင်းကိုပြောင်းရွေ့ဖို့စီစဉ်တုန်းက သူကိုကျွန်တော်ပြောပြခဲ့တယ်။သူကလည်းပြန်အားပေးတယ် ချဲလ်ဆီးအသင်းကကလပ်အသင်းကြီးတစ်ခုပါ အကယ်၍ချဲလ်ဆီးမှာကစားမယ်ဆိုရင်ဖလားမရမှာစိတ်ပူစရာမလိုဘူးအဲဒါကြောင့်ပဲကျွန်တော်ချဲလ်ဆီးကိုပြောင်းရွေ့လာခဲ့တာပါ ကျေးဇူးပါ ဂျိုကိုးလ်ရေ"လို့ဟာဇက်ကဆိုပါတယ်။

No comments

Powered by Blogger.