ချန်ပီယံလိပ်မှာRed Stars ကိုရှုံးနိမ့်ရတဲ့အကြောင်းအရင်းအားပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ကလော့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ်အသင်းဟာချန်ပီယံလိပ်အုပ်စုအဆင့်ကိုတက်ရောက်နိုင်မယ့်အခွင့်အရေးကို Red Star Belgrade အသင်းကိုနိုင်တာနဲ့ ရနိုင်မှာဖြစ်သော်လည်း အမှတ်အထင်ရှုံးနိမ့်ခဲ့ပြီးနောက်မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။လီဗာပူးလ်အသင်းနည်းပြဂျာဂန်ကလော့ဟာလည်း သူတို့ ရဲ့ ရှုံးနိမ့်ခဲ့တဲ့အကြောင်းအရင်းကိုအကောင်းဆုံးတုံပြန်ပြောကြားလိုက်ပါတယ်။လီဗာပူးလ်အသင်းဟာဒီရာသီချန်ပီယံလိပ်အုပ်စုအဖွင့်ပွဲအစကိုနာမည်ကြီးPSGအသင်းကိုအနိုင်ယူပြီးအဖွင့်လှခဲ့တာပဲဖြစ်ပြီး သူတို့ အသင်းမနှစ်ရာသီကချန်ပီယံလိပ်မှာစွမ်းဆောင်ခဲ့တဲ့ပုံစံအတိုင်းပြသခဲ့တာပဲဖြစ်ပါတယ်။
သို့ သော်လည်းအရာရာတိုင်းမှာမမြဲသောတရားဆိုတာရှိနေပါတယ်။အန်ဖီးကလပ်ဟာ အုပ်စုအတွင်းပြိုင်ဘက်ကောင်းတစ်သင်းဖြစ်တဲ့နာပိုလီအသင်းကိုနောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ပြီးခဲ့တဲ့လမှာတော့ Red Star အသင်းကို အိမ်ကွင်းမှာ ၄-၀ ဖြင့်ပြန်လည်အနိုင်ယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဂျာဂန်ကလော့ရဲ့ အသင်းဟာအုပ်စုအတွင်းမှာ ၁ပွဲနိုင်ရုံနဲ့ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်တော့မှာဖြစ်သော်လည်းမနေ့ ညမှာတော့ Red Star အသင်းကို အမှတ်မထင် ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မီလန်ပိုဗက်ရဲ့ ပထမပိုင်းသွင်းဂိုး၂ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ကာ လှပသေသပ်တဲ့ အဝေးကစ်ဂိုးတစ်ဂိုးနဲ့ ပိုဗက်အတွက်ခွင့်ပြပေးခဲ့ရပါတယ်။ဒါကြောင့်ပရီးမီးယားလိပ်ကလပ်ဟာ သရေရလဒ်ရဖို့ တောင်နည်းလမ်းမရှာတွေ့ ခဲ့ပါဘူး။အသင်းမန်နေဂျာကလော့ကတော့ ကစားသမားတစ်ချို့ ကိုအနားပေးခဲ့တာနဲ့ ပတ်သတ်ပြီးအနည်းငယ်အပြစ်တင်မှုတစ်ချို့ ပြုလုပ်ခဲ့ပြီး ဆားဘီယားမှာ ဘာတွေအမှားလုပ်ခဲ့သလဲ သူ့ ကိုမေးခဲ့တဲ့အပေါ် ပြီးပြည့်စုံအောင်ရှင်းပြခဲ့ပါတယ်။
ပွဲပြီးမှာတော့ ၀-၀ သရေကျနေတဲ့အချိန် စတာရစ်ခ်ျလွဲချော်ခဲ့တဲ့အပေါ် ဒေါ့မွန်နည်းပြဟောင်းကပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ “ ဒန်နီရယ်(စတာရစ်ခ်ျ) ဟာ ကျွန်တော်တို့ အတွက်အကြီးမားဆုံးအခွင်းအရေးကိုရခဲ့ပါတယ်။တကယ့်မဟာအခွင့်အရေးပါ။ပွဲတစ်ပွဲမှာဂိုးတစ်ဂိုးဟာ ပွဲကိုတိကျတဲ့ ဦးတည်ချက်ဆီပြောင်းသွားစေပါတယ်။ကျွန်တော်တို့ အသင်းဟာ သူတို့ အသင်းကိုလွယ်လွယ်ကူကူဖြစ်စေခဲ့ပါတယ်။သူတို့ အသင်းပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းနဲ့ ဒီနေ့ နိုင်ပွဲဟာသူတို့ နဲ့ထိုက်တန်မှုရှိခဲ့ပါတယ်။ကျွန်တော်တို့ အသင်းဟာ ကိုယ်ပိုင်စွမ်းအားဒီပွဲမှာပျောက်ဆုံးခဲ့ပါတယ်။နေရာစုံမှာတော့မဟုတ်ပါဘူး။နောက်ထပ်ထပ်မဖြစ်ဖို့ ကျွန်တော်တို့ တွေသေချာအောင်လုပ်ရပါမယ်။”
ဒီရှုံးပွဲဟာလီဗာပူးလ်အသင်းကိုအနည်းငယ်ပြဿနာတက်သွားနိုင်ပါတယ်။သူတို့ အသင်းဟာလောလောဆယ်ရမှတ်၆မှတ်ရထားပြီးနောက်တစ်ပွဲမှာ ကစားရမယ့် PSG အသင်းကိုသာရှုံးနိမ့်ခဲ့မယ်ဆိုနောက်ဆုံးပွဲမှာနာပိုလီအသင်းကိုမဖြစ်မနေအနိုင်ကစားရမှာဖြစ်ပြီး နာပိုလီအသင်းကလည်း Red Star အသင်းကိုအနိုင်ယူထားရမှာပဲဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာလာမယ့်နှစ်သစ်မှာယူရိုပါလိပ်ပြိုင်ပွဲကိုဆင်းကစားရမယ့်အရိပ်အယောင်တော့မရှိသေးပါဘူး။ဒါ့အပြင်သူတို့ အသင်းဟာ ပရီးမီးယားလိပ်မှာလည်း မန်စီးတီးအသင်းကိုပိုမိုဖိအားပေးဖို့ ကြိုးစားနေရတာပဲဖြစ်ပါတယ်။
Post a Comment