Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင်နယ်နည်းပြအမ်မရီက လီဗာပူးလ်အသင်းကို ၁-၁ စီသရေကျတဲ့ပွဲမှာသူဟာအနိုင်ရလဒ်ကိုမျှော်မှန်းထားတာဖြစ်ကြောင်းနဲ့ ၅၀ %သာပျော်ရွှင်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
(Unicode)
မနေ့ညကကစားခဲ့သောပရီးမီးယားလိပ်ပွဲများအပြီးနောက်ဆုံးရသတင်းတိုများ
အာဆင်နယ်နည်းပြအမ်မရီက လီဗာပူးလ်အသင်းကို ၁-၁ စီသရေကျတဲ့ပွဲမှာသူဟာအနိုင်ရလဒ်ကိုမေ ျှာ်မှန်းထားတာဖြစ်ကြောင်းနဲ့၅၀ %သာပျော်ရွှင်ပါတယ်လို့ပြောကြားလိုက်ပါတယ်။
မာနေးရဲ့သွင်းဂိုးကို လူကျွံဂိုးအဖြစ်သတ်မှတ်ခဲ့ကြတဲ့ ကွင်းလယ်ဒိုင်လူကြီးတွေကို လီဗာပူးလ်ပရိတ်သတ်တွေက ကြီးမားတဲ့ဆုံးဖြတ်ချက်အမှားကို လုပ်ဆောင်ခဲ့တယ်လို့စွပ်စွဲဝေဖန်နေကြပြီး အဆိုပါကိစ္စနဲ့ပတ်သတ်ပြီးလီဗာပူးလ်နည်းပြကလော့ကို မေးမြန်းခဲ့တဲ့အပေါ် ဒိုင်လူကြီးကိုသာသွားမေးလိုက်ကြပါလို့ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါတယ်။
မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုက ဘုန်းမောက်နဲ့ပွဲမှာအသင်းရဲ့ပထမပိုင်းခံစစ်ကစားပုံဟာအတော်လေးကိုဆိုးရွားလှတယ်လို့ဝေဖန်အပြစ်တင်ပြောကြားခဲ့သော်လည်း နိုင်ပွဲပြန်ရှာဖွေပေးနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့စိတ်ဓာတ်ကိုတော့ချီးကျူးသွားခဲ့ပါတယ်။
မန်ယူနိုက်တက်ကွင်းလယ်လူ ဟာရဲရားဟာအသင်းရဲ့ပထမပိုင်းကစားပုံဟာအထလေးကြောင်းဝန်ခံပြောကြားလိုက်ပြီး သူတို့ဟာတစ်ပွဲလုံးကိုကောင်းကောင်းထိန်းချုပ်ကစားဖို့လိုအပ်နေပြီလို့ဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက သူဟာ တီကာတာကာကစားဟန်ကို ဖန်တီးပြီးဘောလုံးလောကကိုတစ်ခေတ်ဆန်းစေခဲ့တာဖြစ်ကြောင်းနဲ့သူတို့အသင်းဟာ ညစ်ညစ်ပတ်ပတ်ကစားတတ်တဲ့အသင်းမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။
Post a Comment