အသင္းေဟာင္းကိုုက်အေသေအာင္ပြဲခံခဲ့ၿပီးသူ ့အလွည့္က်မခံနိုုင္ျဖစ္ခဲ့တဲ့ဘိုုနူခ်ီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဴဗင္တပ္စ္ေနာက္ခံလူလီယိုုနာဒိုုဘိုုနူခ်ီဟာ ေၾကာင္သူေတာ္ေယာင္ေဆာင္ေနတယ္ဆိုုတာယူနိုုက္တက္ပရိတ္သတ္ေတြထင္ေနၾကတာမမွားပါဘူး။
ၿပီးခဲ့တဲ့ခ်န္ပီယံလိပ္အုုပ္စုုပြဲမွာ မန္ခ်က္စတာယူနိုုက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းကိုုအနိုုင္ရခဲ့ၿပီးေနာက္နည္းျပေမာ္ရင္ဟိုုတစ္ေယာက္ကြင္းထဲ၀င္ၿပီးဂ်ဴဗင္တပ္စ္ပရိတ္သတ္ေတြကိုုမခံခ်ိမခံသာျဖစ္ေအာင္လုုပ္ေဆာင္ခဲ့တဲ့အေပၚ ဒီအီတလီေနာက္ခံလူက ေမာ္ရင္ဟိုုကိုု ထိပ္တိုုက္ရင္ဆိုုင္ခဲ့တာပဲျဖစ္ပါတယ္။
အဆိုုပါပြဲမွာရိုုနယ္ဒိုုက အသင္းေဟာင္းဘက္ကိုဦးေဆာင္ဂိုုးသြင္းၿပီး မိနစ္ ၈၀အထိဦးေဆာင္ေနခဲ့ေသာ္လည္း ယူႏိုုက္တက္တိုု ့ရဲ ့ထံုုးစံအတိုုင္းပြဲၿပီးခါနီးသြင္းဂိုုး၂ဂိုုးနဲ့ Old Lady အသင္းကိုုအသဲခြဲခဲ့တာပဲျဖစ္ပါတယ္။
ပြဲၿပီး၀ီစီမႈတ္လိုုက္တဲအခ်ိန္မွာေတာ့ ယူနိုုက္တက္မန္ေနဂ်ာေမာ္ရင္ဟိုကသူ ့ရဲ ့လက္ကိုုနားရြက္မွာကာၿပီးနားစြံေနတဲ့ဟန္ျဖင့္ေအာ္ဟစ္ေနတဲ့ဂ်ဴဗင္တပ္စ္ပရိတ္သတ္ေတြေရွ ့လုုပ္ျပခဲ့တာပဲျဖစ္ပါတယ္။ဂ်ဴဗင္ေနာက္ခံလူဘိုုနူခ်ီတစ္ေယာက္ၿပီးပြဲရလဒ္နဲ့ေရာေမာ္ရင္ဟိုုအျပဳအမူအေပၚမေပ်ာ္မရႊင္ျဖစ္ခဲ့ၿပီး ေမာ္ရင္ဟိုုနဲ ့စကားအေခ်အတင္အနည္းငယ္ျဖစ္ခဲ့ၾကၿပီးသူတိုု ့၂ေယာက္ကိုု ယူႏိုုက္တက္ေနာက္ခံလူအက္ရွ္ေလယန္းက၀င္ေရာက္ျဖန္ေျဖခဲ့တာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ယူႏိုုက္တက္ပရိတ္သတ္ေတြကေတာ့ဘိုုနူခ်ီနဲ ့ပတ္သတ္ၿပီးအတိတ္ကျဖစ္ရပ္ေတြအေပၚနိႈက္နိႈက္ခြ်တ္ခြ်တ္ေလ့လာရွာေဖြခဲ့ၾကတာပဲျဖစ္ပါတယ္။ဒါကေတာ့ AC မီလန္ကစားသမားအျဖစ္ဘိုုနူခ်ီတစ္ေယာက္ကစားေနစဥ္အသင္းေဟာင္းဂ်ဴဗင္တပ္စ္အသင္းကိုု ဂိုုးသြင္းၿပီးေနာက္ ဂ်ဴဗင္တပ္စ္အိမ္ကြင္းမွာပင္ရႊင္လန္းျမဴးတူးေပ်ာ္ပါးစြာေအာင္ပြဲခံခဲ့တာကိုု ေတြ ့ရိွခဲ့ၾကတာပဲျဖစ္ပါတယ္။ ဘိုုနူခ်ီဟာ မနွစ္ရာသီက ဂ်ဴဗင္တပ္စ္ကေနထြက္ခြာၿပီးေအစီမီလန္အသင္းဆီသြားကစားေနခဲ့တာျဖစ္ခဲ့ကာ အသင္းေဟာင္းဂ်ဴဗင္တပ္စ္နဲ ့ေတြ ့ဆံုုစဥ္ကဂိုုးသြင္းၿပီးေနာက္ေမာ္ရင္ဟိုုလိုု ေအာင္ပြဲခံခဲ့တာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ယူႏိုုက္တက္ဖန္ေတြဟာ ၿပီးခဲ့တဲ့ညက ကိစၥနဲ့ပတ္သတ္ၿပီးဘိုုနူခ်ီကိုု ေၾကာင္သူေတာ္ၾကြက္သူခိုုးလိုု ့ေ၀ဖန္ေနၾကတာပဲျဖစ္ပါတယ္။
(Unicode)
အသင်းဟောင်းကိုကျအသေအောင်ပွဲခံခဲ့ပြီးသူ့အလှည့်ကျမခံနိုင်ဖြစ်ခဲ့တဲ့ဘိုနူချီ
ဂျူဗင်တပ်စ်နောက်ခံလူလီယိုနာဒိုဘိုနူချီဟာ ကြောင်သူတော်ယောင်ဆောင်နေတယ်ဆိုတာယူနိုက်တက်ပရိတ်သတ်တွေထင်နေကြတာမမှားပါဘူး။
ပြီးခဲ့တဲ့ချန်ပီယံလိပ်အုပ်စုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကိုအနိုင်ရခဲ့ပြီးနောက်နည်းပြမော်ရင်ဟိုတစ်ယောက်ကွင်းထဲဝင်ပြီးဂျူဗင်တပ်စ်ပရိတ်သတ်တွေကိုမခံချိမခံသာဖြစ်အောင်လုပ်ဆောင်ခဲ့တဲ့အပေါ် ဒီအီတလီနောက်ခံလူက မော်ရင်ဟိုကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါပွဲမှာရိုနယ်ဒိုက အသင်းဟောင်းဘက်ကိုဦးဆောင်ဂိုးသွင်းပြီး မိနစ် ၈၀အထိဦးဆောင်နေခဲ့သော်လည်း ယူနိုက်တက်တို့ရဲ့ထုံးစံအတိုင်းပွဲပြီးခါနီးသွင်းဂိုး၂ဂိုးနဲ့ Old Lady အသင်းကိုအသဲခွဲခဲ့တာပဲဖြစ်ပါတယ်။
ပွဲပြီးဝီစီမှုတ်လိုက်တဲအချိန်မှာတော့ ယူနိုက်တက်မန်နေဂျာမော်ရင်ဟိုကသူ့ရဲ့လက်ကိုနားရွက်မှာကာပြီးနားစွံနေတဲ့ဟန်ဖြင့်အော်ဟစ်နေတဲ့ဂျူဗင်တပ်စ်ပရိတ်သတ်တွေရှေ့လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ဂျူဗင်နောက်ခံလူဘိုနူချီတစ်ယောက်ပြီးပွဲရလဒ်နဲ့ရောမော်ရင်ဟိုအပြုအမူအပေါ်မပျော်မရွှင်ဖြစ်ခဲ့ပြီး မော်ရင်ဟိုနဲ့စကားအချေအတင်အနည်းငယ်ဖြစ်ခဲ့ကြပြီးသူတို့၂ယောက်ကို ယူနိုက်တက်နောက်ခံလူအက်ရှ်လေယန်းကဝင်ရောက်ဖြန်ဖြေခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်ယူနိုက်တက်ပရိတ်သတ်တွေကတော့ဘိုနူချီနဲ့ပတ်သတ်ပြီးအတိတ်ကဖြစ်ရပ်တွေအပေါ်နှိုက်နှိုက်ချွတ်ချွတ်လေ့လာရှာဖွေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကတော့ AC မီလန်ကစားသမားအဖြစ်ဘိုနူချီတစ်ယောက်ကစားနေစဉ်အသင်းဟောင်းဂျူဗင်တပ်စ်အသင်းကို ဂိုးသွင်းပြီးနောက် ဂျူဗင်တပ်စ်အိမ်ကွင်းမှာပင်ရွှင်လန်းမြူးတူးပျော်ပါးစွာအောင်ပွဲခံခဲ့တာကို တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ဘိုနူချီဟာ မနှစ်ရာသီက ဂျူဗင်တပ်စ်ကနေထွက်ခွာပြီးအေစီမီလန်အသင်းဆီသွားကစားနေခဲ့တာဖြစ်ခဲ့ကာ အသင်းဟောင်းဂျူဗင်တပ်စ်နဲ့တွေ့ဆုံစဉ်ကဂိုးသွင်းပြီးနောက်မော်ရင်ဟိုလို အောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်ယူနိုက်တက်ဖန်တွေဟာ ပြီးခဲ့တဲ့ညက ကိစ္စနဲ့ပတ်သတ်ပြီးဘိုနူချီကို ကြောင်သူတော်ကြွက်သူခိုးလို့ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
Post a Comment