ကစားသမားဘ၀ေနာက္ဆံုုးပြဲၿပီးသြားတဲ့အခ်ိန္ဒေရာ့ဘာတစ္ေယာက္ဘာလုုပ္ျပခဲ့သလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုင္ဗရီကို႔စ္သား ဒီဒီယာ ေဒါ့ရ္ဘာ က သူရဲ႕ ပရိုုဖယ္ရွင္နယ္ေဘာလံုးကစားသမားဘဝရဲ႕ေနာက္ဆံုးအဆံုးသတ္ပြဲစဥ္တစ္ခုကိုကစားခဲ့ကာ ေဘာလုံုးကစားျခင္းမွအနားယူေၾကာင္းေၾကညာခဲ့ပါတယ္။
အသက္၄၀အရြယ္႐ွိၿပီျဖစ္တဲ့ သူ ဟာ လက္႐ွိကစားေနတဲ့ ကလပ္အသင္းျဖစ္တဲ့ Phoenix Risingအသင္း က Louisvilleအသင္းကို ၁ဂိုး ဂိုးမ႐ွိႏွင့္႐ွံုးနိမ့္ခဲ့သည့္ အေမရိကန္ လိဂ္ဖလားဗိုလ္လုပြဲအၿပီးမွာ ကစားသမားဘဝမွအနားယူခဲ့ပါတယ္။
ဒါေပမယ့္ သူရဲ႕အေနအထားကေတာ့ေနာက္ဆံုးပြဲအထိအေကာင္းဆံုးကစားသြားၿပီး တကယ့္အရည္အခ်င္းအမွန္ကိုျပသြားခဲ့ပါတယ္။
ဗိုလ္လုပြဲရဲ႕ေနာက္ဆံုးဝီစီမႈတ္ၿပီးေနာက္မွာ အသင္းရဲ႕ပရိသတ္မ်ားက သူကိုဂုဏ္ျပဳေထာမနာျပဳ လက္ခုပ္တီးသံၿပိဳင္သီခ်င္းသီဆိုကာ အားေပးခဲ့ပါတယ္။သူရဲ႕အသင္းေဖာ္မ်ားကလည္းသူ ့ကို ပရိ္သတ္မ်ားႏွင့္အတူ ဂုဏ္ယူစြာ သံၿပိဳင္က်ယ္ေလာင္စြာ သီဆိုခဲ့ၾကပါတယ္။
"လာစမ္းပါ ငါ့လူရာ အေကာင္းဆံုးအေတာ္ဆံုးအရာေတြၾကည့္လိုက္ၾကရေအာင္"လို႔ေအာ္ဟစ္သီဆိုခဲ့ၾကပါတယ္။
ဒေရာ့ဘာကို ပရိသတ္တစ္ဦးက "မငိုပါနဲ႔ကြာ အားလံုးအဆင္ေျပပါတယ္ မငိုပါနဲ႔"လို႔ဝိုင္းဝန္းႏွစ္သိမ့္ေပးခဲ့ၾကပါတယ္။
ေနာက္တစ္ဦးကလည္း "ေဟ့ငါေကာင္ႀကီး အရာရာအားလံုးအတြက္ေက်းဇူးတင္ပါတယ္ကြာ" လို႔ဆိုပါတယ္။
လူမႈကြန္ရက္ တြစ္တာမွာလည္း သူရဲ႕ပရိသတ္မ်ားက ခ်ီးက်ဴးဂုဏ္ျပဳ စကားမ်ား အၿပိဳင္အဆိုင္တင္ထားခဲ့ပါတယ္။
"ဒေရာ့ဘာေရ ႏႈတ္ဆက္ပါတယ္ကြာ".
ဒေရာဘာႏွင့္ပတ္သက္ၿပိးခ်ဲလ္ဆီးအသင္းကလည္း အထူးတလည္ဂုဏ္ျပဴစကားဆိုခဲ့ၿပီး အဆိုပါ အိုင္ဗရီကို႔စ္သား ကို ခ်ဲလ္ဆီးအသင္းပရိသတ္မ်ားကလည္းသည္းသည္းလႈပ္ခ်စ္ၾကပါတယ္။သူကခ်ဲလ္ဆီးအသင္းႏွင့္အတူေအာင္ျမင္မႈေတာ္ေတာ္မ်ားရယူေပးခဲ့ကာ အသင္းကိုတိုးတက္ေအာင္လုပ္ေပးခဲ့တဲ့သူလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္း က အသင္းရဲ႕တရားဝင္လူမႈကြန္ရက္မွတဆင့္ ဒေရာ့ဘာအေၾကာင္းကိုေျပာၾကားခဲ့ပါတယ္။
"လြန္ခဲ့တဲ့ႏွစ္အေတာ္ၾကာၿပီျဖစ္တဲ့ ၂၀၀၄ခုႏွစ္ကေပါ့ တက္ၾကဖ်က္လက္တဲ့လူငယ္တစ္ဦး ခ်ဲလ္ဆီးအသင္းကိုေရာက္႐ွိလာတယ္ အသင္းအတြက္ဂိုးေတြ အမ်ားႀကီးသြင္းေပးခဲ့တယ္။ၿပီးေတာ့ တကယ္ႀကီးမားတဲ့အဆင့္အတန္းတစ္ခုကိုျပသဖို႔အတြက္ ဂိုးေတြကိုေၾကာက္စရာေကာင္းေအာင္သြင္းယူေပးခဲ့ပါတယ္။ဘယ္ေလာက္ပဲျမင့္မားတဲ့ၿပိဳင္ပြဲအဆင့္ပဲျဖစ္ျဖစ္သူေၾကာက္ရြံျခင္းမ႐ွိခဲ့ပါဘူး။"
"ဒီညမွာေတာ့ သူေဘာလံုးကစားသမားဘဝရဲ႕ေနာက္ဆံုးပြဲကိုသူကစားခဲ့ပါတယ္။"
"သူရဲ႕နာမည္က ဒီဒီယာ ဒေရာ့ဘာ ......"
"အရာရာအားလံုးအတြက္ေက်းဇူးတင္ပါတယ္
ဘုရင္ႀကီးေရ "
ဒေရာ့ဘာက မာေဆးလ္အသင္းမွ ၂၀၀၄ခုႏွစ္မွေရာက္႐ွိလာခဲ့ၿပီး ခ်ဲလ္ဆီး အသင္းအတြက္ စတန္းဖိုု႔ဒ္ဘရစ္ခ်္မွာ ၈ရာသီၾကာ ကစားခဲ့ပါတယ္။
သူက အာဆင္နယ္အသင္းဖက္က မထင္ထားေလာက္ေအာင္ထူးဆန္းစရာပံုစံႏွင့္ဂိုးသြင္းယူကာ သူရဲ႕နာမည္ကိုလူတိုင္းစြဲမက္သိသြားေအာင္ျပဳလုပ္ခဲ့ပါတယ္။
ဘယ္သူေမ့ႏိုင္မလဲ ဒေရာ့ဘာကို မွတ္မိၾကလား ဘိုင္ယန္ျမဴးနစ္အသင္းကို ေခါင္းတိုက္ဂိုးနဲ႔အသည္းခဲြခဲ့အမွတ္တရကုိ ေမ့ႏိူင္မလား?
ေပ်ာ္ရႊင္စြာ အနားယူလိုက္ပါ ဘုရင္ႀကိိီး ဒေရာ့ဘာေရ...
(Unicode)
ကစားသမားဘဝနောက်ဆုံးပွဲပြီးသွားတဲ့အချိန်ဒရော့ဘာတစ်ယောက်ဘာလုပ်ပြခဲ့သလဲ?
အိုင်ဗရီကို့စ်သား ဒီဒီယာ ဒေါ့ရ်ဘာ က သူရဲ့ ပရိုဖယ်ရှင်နယ်ဘောလုံးကစားသမားဘဝရဲ့နောက်ဆုံးအဆုံးသတ်ပွဲစဉ်တစ်ခုကိုကစားခဲ့ကာ ဘောလုံးကစားခြင်းမှအနားယူကြောင်းကြေညာခဲ့ပါတယ်။
အသက်၄၀အရွယ်ရှိပြီဖြစ်တဲ့ သူ ဟာ လက်ရှိကစားနေတဲ့ ကလပ်အသင်းဖြစ်တဲ့ Phoenix Risingအသင်း က Louisvilleအသင်းကို ၁ဂိုး ဂိုးမရှိနှင့်ရှုံးနိမ့်ခဲ့သည့် အမေရိကန် လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
ဒါပေမယ့် သူရဲ့အနေအထားကတော့နောက်ဆုံးပွဲအထိအကောင်းဆုံးကစားသွားပြီး တကယ့်အရည်အချင်းအမှန်ကိုပြသွားခဲ့ပါတယ်။
ဗိုလ်လုပွဲရဲ့နောက်ဆုံးဝီစီမှုတ်ပြီးနောက်မှာ အသင်းရဲ့ပရိသတ်များက သူကိုဂုဏ်ပြုထောမနာပြု လက်ခုပ်တီးသံပြိုင်သီချင်းသီဆိုကာ အားပေးခဲ့ပါတယ်။သူရဲ့အသင်းဖော်များကလည်းသူ့ကို ပရိသတ်များနှင့်အတူ ဂုဏ်ယူစွာ သံပြိုင်ကျယ်လောင်စွာ သီဆိုခဲ့ကြပါတယ်။
"လာစမ်းပါ ငါ့လူရာ အကောင်းဆုံးအတော်ဆုံးအရာတွေကြည့်လိုက်ကြရအောင်"လို့အော်ဟစ်သီဆိုခဲ့ကြပါတယ်။
ဒရော့ဘာကို ပရိသတ်တစ်ဦးက "မငိုပါနဲ့ကွာ အားလုံးအဆင်ပြေပါတယ် မငိုပါနဲ့"လို့ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပါတယ်။
နောက်တစ်ဦးကလည်း "ဟေ့ငါကောင်ကြီး အရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ကွာ" လို့ဆိုပါတယ်။
လူမှုကွန်ရက် တွစ်တာမှာလည်း သူရဲ့ပရိသတ်များက ချီးကျူးဂုဏ်ပြု စကားများ အပြိုင်အဆိုင်တင်ထားခဲ့ပါတယ်။
"ဒရော့ဘာရေ နှုတ်ဆက်ပါတယ်ကွာ".
ဒရောဘာနှင့်ပတ်သက်ပြိးချဲလ်ဆီးအသင်းကလည်း အထူးတလည်ဂုဏ်ပြူစကားဆိုခဲ့ပြီး အဆိုပါ အိုင်ဗရီကို့စ်သား ကို ချဲလ်ဆီးအသင်းပရိသတ်များကလည်းသည်းသည်းလှုပ်ချစ်ကြပါတယ်။သူကချဲလ်ဆီးအသင်းနှင့်အတူအောင်မြင်မှုတော်တော်များရယူပေးခဲ့ကာ အသင်းကိုတိုးတက်အောင်လုပ်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်း က အသင်းရဲ့တရားဝင်လူမှုကွန်ရက်မှတဆင့် ဒရော့ဘာအကြောင်းကိုပြောကြားခဲ့ပါတယ်။
"လွန်ခဲ့တဲ့နှစ်အတော်ကြာပြီဖြစ်တဲ့ ၂၀၀၄ခုနှစ်ကပေါ့ တက်ကြဖျက်လက်တဲ့လူငယ်တစ်ဦး ချဲလ်ဆီးအသင်းကိုရောက်ရှိလာတယ် အသင်းအတွက်ဂိုးတွေ အများကြီးသွင်းပေးခဲ့တယ်။ပြီးတော့ တကယ်ကြီးမားတဲ့အဆင့်အတန်းတစ်ခုကိုပြသဖို့အတွက် ဂိုးတွေကိုကြောက်စရာကောင်းအောင်သွင်းယူပေးခဲ့ပါတယ်။ဘယ်လောက်ပဲမြင့်မားတဲ့ပြိုင်ပွဲအဆင့်ပဲဖြစ်ဖြစ်သူကြောက်ရွံခြင်းမရှိခဲ့ပါဘူး။"
"ဒီညမှာတော့ သူဘောလုံးကစားသမားဘဝရဲ့နောက်ဆုံးပွဲကိုသူကစားခဲ့ပါတယ်။"
"သူရဲ့နာမည်က ဒီဒီယာ ဒရော့ဘာ ......"
"အရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်
ဘုရင်ကြီးရေ "
ဒရော့ဘာက မာဆေးလ်အသင်းမှ ၂၀၀၄ခုနှစ်မှရောက်ရှိလာခဲ့ပြီး ချဲလ်ဆီး အသင်းအတွက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ၈ရာသီကြာ ကစားခဲ့ပါတယ်။
သူက အာဆင်နယ်အသင်းဖက်က မထင်ထားလောက်အောင်ထူးဆန်းစရာပုံစံနှင့်ဂိုးသွင်းယူကာ သူရဲ့နာမည်ကိုလူတိုင်းစွဲမက်သိသွားအောင်ပြုလုပ်ခဲ့ပါတယ်။
ဘယ်သူမေ့နိုင်မလဲ ဒရော့ဘာကို မှတ်မိကြလား ဘိုင်ယန်မြူးနစ်အသင်းကို ခေါင်းတိုက်ဂိုးနဲ့အသည်းခွဲခဲ့အမှတ်တရကို မေ့နိူင်မလား?
ပျော်ရွှင်စွာ အနားယူလိုက်ပါ ဘုရင်ကြီး ဒရော့ဘာရေ...
Post a Comment