Header Ads


ေအစီမီလန္နည္းျပျဖစ္လာေတာ့မယ့္အာဆင္၀င္းဂါး


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေဘာလံုုးေလာကနဲ ့ခဏတာအဆက္ျပတ္ေနတဲ့ နည္းျပၾကီးအာဆင္၀င္းဂါးအတြက္ေတာ့ အခုုခ်ိန္မွာအသင္းတစ္သင္းကိုု ကိုုင္တြယ္ခြင့္ရေတာ့မွာပဲျဖစ္ပါတယ္။ဒါကေတာ့ သူဟာ ေအစီမီလန္အသင္း၇ဲ ့မန္ေနဂ်ာ ဂတ္တူဆိုုေနရာအစားထိုုးျခင္းခံရဖိုု ့နီးစပ္ေနတယ္လိုု ့သိရပါတယ္။

မႏွစ္ရာသီၿပီးဆံုုးတဲ့အခ်ိန္မွာ အာဆင္၀င္းဂါးဟာ ၂၂နွစ္အၾကာ နည္းျပအျဖစ္ေဆာင္ရြက္ခဲ့တဲ့ အာဆင္နယ္အသင္းနဲ့လမ္းခြဲခဲ့ပါတယ္။အဆိုုပါျပင္သစ္သားၾကီးဟာ အီမရိတ္ကေနမထြက္ခြာခ်င္ေသာ္လည္းေနာက္ပိုုင္းနွစ္ေတြမွာအသင္းရလဒ္ပိုုင္းဆိုုးရြားလာမႈေၾကာင့္ အသင္းကေနထြက္ခြာဖိုု ့အတင္းတြန္းအားေပးဖိအားေပးျခင္းခံခဲ့ရတာပဲျဖစ္ပါတယ္။



၀င္းဂါးက သူဟာ လာမယ့္နွစ္သစ္မွာ နည္းျပေလာကထဲျပန္လာေတာ့မယ္လိုု ့အရိပ္အျမြက္ေျပာဆိုုထားျခင္းရိွခဲ့ၿပီ အသက္၆၉ နွစ္အရြယ္နည္းျပၾကီးကိုု ရီးရဲလ္မက္ဒရစ္ နဲ့ PSG တိုု ့ကေခၚယူဖိုု ့စိတ္၀င္စားေနၾကတာပဲျဖစ္ပါတယ္။

ဘာစီလိုုနာအသင္းကိုု - ျဖင့္အရွက္တကြဲရံႈးနိမ့္ခဲ့ၿပီးေနာက္ ရီးရဲလ္အသင္းဟာ နည္းျပလိုုပတ္တဂီကိုု ထုတ္ပယ္ခဲ့ပါတယ္။ဒါေၾကာင့္ ၀င္းဂါးဟာ မက္ဒရစ္ရဲ့နည္းျပျဖစ္လာဖိုု ့ေရပန္းစားေနတာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း ေအစီမီလန္အသင္းဟာ သူတိုု ့အသင္းရဲ့နည္းျပဂတ္တူဆိုုရဲ ့ဦးေဆာင္မႈအေပၚအားရေက်နပ္ျခင္းသိပ္မရိွပဲ နာမည္ၾကီးနည္းျပတစ္ေယာက္ကိုု ေခၚယူခ်င္ေနတာပဲျဖစ္ပါတယ္။ေအစီမီလန္ရဲ ့ကြင္းလယ္လူေဟာင္းၾကီး နည္းျပဂတ္တူဆိုုဟာ ေအစီကိုု စီးရီေအမွာ အဆင့္၄အတြင္းရပ္တည္နိုုင္ေအာင္စြမ္းေဆာင္ေပးထားၿပီး သိပ္အဆိုုးၾကီးေတြမျဖစ္ေသးေသာ္လည္း  France Football ရဲ ့ေဖာ္ျပခ်က္အရ ကလပ္အသင္းဟာ ၀င္းဂါးနဲ့ခ်ိတ္ဆက္လ်က္ရိွေနကာေဆြးေႏြးေနမႈမ်ားဟာ သေဘာတူညီခ်က္ရလုုနီးပါးရိွေနၿပီလိုု ့သိရပါတယ္။



ဘာေနဗ်ဴရဲ ့နည္းျပရာထူးကိုုေရာ PSG အသင္းရဲ ့ဒါရိုုက္တာရာထူးအျပင္ ဖိအားေတြေအာက္ေရာက္ေနတဲ့ဘိုုင္ယန္နည္းျပကိုုဗက္စ္ေနရာေတြမွာ အစားထိုုးဖိုု ့ခ်ိတ္ဆက္ျခင္းခံထားရတဲ့အာဆင္၀င္းဂါးအေနနဲ့ ေအစီမီလန္နည္းျပရာထူးကိုုလက္ခံေတာ့မယ္ဆိုုတာကေတာ့ အံၾသသင့္စရာပါပဲ။ေအစီမီလန္အသင္းဟာ ဒီရာသီအစပုုိင္းမွာရုုန္းကန္ခဲ့ရၿပီး မီလန္ဒါဘီမွာ အင္တာကိုုရံႈးနိမ့္ခဲ့ၿပီး ဂတ္တူဆိုုဟာလည္းဖိအားေတြေအာက္ေရာက္ေနတာပဲျဖစ္ပါတယ္။သိုု ့ေသာ္ျငားလည္း ၃ပြဲဆက္နိုုင္ပြဲျပန္လည္ရွာေဖြထားခဲ့ၿပီး အဆင့္၄အတြင္းခ်န္ပီယံလိပ္၀င္ခြင့္တစ္ေနရာအတြက္ဆက္လက္ရပ္တည္ေနလ်က္ရိွေနပါတယ္။

ကလပ္ရဲ့စီမံခန္ ့ခြဲမႈဆိုုင္ရာေတြကိုု အသင္းပိုုင္ရွင္တရုုတ္လူမ်ိဳး လီေယာင္ဟြန္ဆီကေန Elliot စီမံခန္ ့ခြဲေရးေကာ္ပိုုေရးရွင္းက လြဲေျပာင္းရယူခဲ့ၿပီးေနာက္ အသင္းမန္ေနဂ်ာရဲ ့စြမ္းေဆာင္ရည္ေတြကိုု သေဘာမက်ပဲရိွေနတာေၾကာင့္ သူတိုု ့ေခၚလာမယ့္လူတစ္ဦးကိုု အစားထိုုးခ်င္ေနတာပဲျဖစ္ပါတယ္။ဂတ္တူဆိုုလိုုပဲအျခားေသာမီလန္ကစားသမားေဟာင္းၾကီးေတြျဖစ္ၾကတဲ့ ပါအူလိုုမယ္လ္ဒီနီနဲ့လီယိုုနာဒိုုတိုု ့ဟာလည္းအသင္းမွာပံုုရိပ္ျမင့္ရာထူးေတြရယူထားၾကတာပဲျဖစ္ပါတယ္။၀င္းဂါးအေနနဲ ့အားကစားဒါရိုုက္တာတစ္ဦးကိုု ေရြးခ်ယ္မယ္ဆိုုပါက မနွစ္ရာသီအာဆင္နယ္အသင္းနဲ့အတူအလုုပ္လုုပ္ခဲ့တဲ့လီယိုုနာဒိုုကိုုေရြးခ်ယ္စဥ္းစားဖြယ္ရိွေနပါတယ္။

(Unicode)

အေစီမီလန်နည်းပြဖြစ်လာတော့မယ့်အာဆင်ဝင်းဂါး

ဘောလုံးလောကနဲ့ခဏတာအဆက်ပြတ်နေတဲ့ နည်းပြကြီးအာဆင်ဝင်းဂါးအတွက်တော့ အခုချိန်မှာအသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။ဒါကတော့ သူဟာ အေစီမီလန်အသင်းရဲ့မန်နေဂျာ ဂတ်တူဆိုနေရာအစားထိုးခြင်းခံရဖို့နီးစပ်နေတယ်လို့သိရပါတယ်။

မနှစ်ရာသီပြီးဆုံးတဲ့အချိန်မှာ အာဆင်ဝင်းဂါးဟာ ၂၂နှစ်အကြာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့လမ်းခွဲခဲ့ပါတယ်။အဆိုပါပြင်သစ်သားကြီးဟာ အီမရိတ်ကနေမထွက်ခွာချင်သော်လည်းနောက်ပိုင်းနှစ်တွေမှာအသင်းရလဒ်ပိုင်းဆိုးရွားလာမှုကြောင့် အသင်းကနေထွက်ခွာဖို့အတင်းတွန်းအားပေးဖိအားပေးခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ဝင်းဂါးက သူဟာ လာမယ့်နှစ်သစ်မှာ နည်းပြလောကထဲပြန်လာတော့မယ်လို့အရိပ်အမြွက်ပြောဆိုထားခြင်းရှိခဲ့ပြီ အသက်၆၉ နှစ်အရွယ်နည်းပြကြီးကို ရီးရဲလ်မက်ဒရစ် နဲ့ PSG တို့ကခေါ်ယူဖို့စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ၅-၁ ဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်အသင်းဟာ နည်းပြလိုပတ်တဂီကို ထုတ်ပယ်ခဲ့ပါတယ်။ဒါကြောင့် ဝင်းဂါးဟာ မက်ဒရစ်ရဲ့နည်းပြဖြစ်လာဖို့ရေပန်းစားနေတာပဲဖြစ်ပါတယ်။သို့သော်လည်း အေစီမီလန်အသင်းဟာ သူတို့အသင်းရဲ့နည်းပြဂတ်တူဆိုရဲ့ဦးဆောင်မှုအပေါ်အားရကျေနပ်ခြင်းသိပ်မရှိပဲ နာမည်ကြီးနည်းပြတစ်ယောက်ကို ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။အေစီမီလန်ရဲ့ကွင်းလယ်လူဟောင်းကြီး နည်းပြဂတ်တူဆိုဟာ အေစီကို စီးရီအေမှာ အဆင့်၄အတွင်းရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားပြီး သိပ်အဆိုးကြီးတွေမဖြစ်သေးသော်လည်း  France Football ရဲ့ဖော်ပြချက်အရ ကလပ်အသင်းဟာ ဝင်းဂါးနဲ့ချိတ်ဆက်လျက်ရှိနေကာဆွေးနွေးနေမှုများဟာ သဘောတူညီချက်ရလုနီးပါးရှိနေပြီလို့သိရပါတယ်။

ဘာနေဗျူရဲ့နည်းပြရာထူးကိုရော PSG အသင်းရဲ့ဒါရိုက်တာရာထူးအပြင် ဖိအားတွေအောက်ရောက်နေတဲ့ဘိုင်ယန်နည်းပြကိုဗက်စ်နေရာတွေမှာ အစားထိုးဖို့ချိတ်ဆက်ခြင်းခံထားရတဲ့အာဆင်ဝင်းဂါးအနေနဲ့ အေစီမီလန်နည်းပြရာထူးကိုလက်ခံတော့မယ်ဆိုတာကတော့ အံသြသင့်စရာပါပဲ။အေစီမီလန်အသင်းဟာ ဒီရာသီအစပိုင်းမှာရုန်းကန်ခဲ့ရပြီး မီလန်ဒါဘီမှာ အင်တာကိုရှုံးနိမ့်ခဲ့ပြီး ဂတ်တူဆိုဟာလည်းဖိအားတွေအောက်ရောက်နေတာပဲဖြစ်ပါတယ်။သို့သော်ငြားလည်း ၃ပွဲဆက်နိုင်ပွဲပြန်လည်ရှာဖွေထားခဲ့ပြီး အဆင့်၄အတွင်းချန်ပီယံလိပ်ဝင်ခွင့်တစ်နေရာအတွက်ဆက်လက်ရပ်တည်နေလျက်ရှိနေပါတယ်။


ကလပ်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတွေကို အသင်းပိုင်ရှင်တရုတ်လူမျိုး လီယောင်ဟွန်ဆီကနေ Elliot စီမံခန့်ခွဲရေးကော်ပိုရေးရှင်းက လွဲပြောင်းရယူခဲ့ပြီးနောက် အသင်းမန်နေဂျာရဲ့စွမ်းဆောင်ရည်တွေကို သဘောမကျပဲရှိနေတာကြောင့် သူတို့ခေါ်လာမယ့်လူတစ်ဦးကို အစားထိုးချင်နေတာပဲဖြစ်ပါတယ်။ဂတ်တူဆိုလိုပဲအခြားသောမီလန်ကစားသမားဟောင်းကြီးတွေဖြစ်ကြတဲ့ ပါအူလိုမယ်လ်ဒီနီနဲ့လီယိုနာဒိုတို့ဟာလည်းအသင်းမှာပုံရိပ်မြင့်ရာထူးတွေရယူထားကြတာပဲဖြစ်ပါတယ်။ဝင်းဂါးအနေနဲ့အားကစားဒါရိုက်တာတစ်ဦးကို ရွေးချယ်မယ်ဆိုပါက မနှစ်ရာသီအာဆင်နယ်အသင်းနဲ့အတူအလုပ်လုပ်ခဲ့တဲ့လီယိုနာဒိုကိုရွေးချယ်စဉ်းစားဖွယ်ရှိနေပါတယ်။



No comments

Powered by Blogger.