ဇန္န၀ါရီမွာယူႏိုုက္တက္စတားကိုုေခၚယူဖိုု ့အဆင္သင့္ျပင္ဆင္ေနတဲ့ဂ်ဴဗင္တပ္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူႏိုုက္တက္မန္ေနဂ်ာဂ်ိဳ ့စ္ေမာ္ရင္ဟိုဟာ လက္ရိွစာခ်ဳပ္သက္တမ္းေနာက္ဆံုုးနွစ္ေရာက္ေနၾကတဲ့အသင္းကစားသမားေတြကိုု ကလပ္အေနနဲ့စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့တြန္းအားေပးထားပါတယ္။
သရဲနီအသင္းဟာ ဒီဂီယာ၊မာရွယ္၊ဟာရဲရား နဲ ့စေမာလင္းတိုု ့လိုု အဓိကကစားသမားေတြဆံုုးရံႈးရဖိုု ့ရိွေနပါတယ္။အထူးသျဖင့္ ဒီဂီယာနဲ့မာရွယ္တိုု ့ကိစၥမွာေတာ့ ယူႏိုုက္တက္အသင္းဟာ စာခ်ဳပ္ပါသေဘာတူညီခ်က္အရေနာက္ထပ္၁နွစ္တိုုးနိုုင္ၿပီး စာခ်ဳပ္သစ္အတြက္ဆက္လက္ေဆြးေႏြးနိုုင္ပါတယ္။
Evening Standard ရဲ ့ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းဟာ ယူႏိုုက္တက္စတားဟြမ္မာတာကိုု ေခၚယူဖိုု ့ပြင့္လင္းစြာေဆြးေႏြးမႈေတြလုုပ္ရန္အဆင္သင့္ျဖစ္ေနတယ္လိုု ့သိရပါတယ္။ခ်ဲလ္ဆီးနည္းျပေဟာင္းျဖစ္ခဲ့သူေမာ္ရင္ဟိုုဟာအသက္၃၀အရြယ္ကြင္းလယ္လူကိုုအသင္းမွာဆက္ထိန္းထားဖို ့ဟာရဲရားနဲ ့အတူဆက္ရိွေနေစၿပီးအခုုအခ်ိန္ဟာအရမ္းနီးကပ္ေနၿပီျဖစ္သလိုစာခ်ဳပ္အသစ္ဟာလည္းကစားသမား၂ေယာက္လံုုးဆီမေရာက္လာေသးပါဘူး။အမည္မေဖာ္လိုုတဲ့အရင္းအျမစ္မ်ားအရ မာတာဟာစာခ်ဳပ္သက္တမ္းကုုန္ဆံုုးပါကUS ဒါမွမဟုတ္ တရုုတ္မွာသြားကစားလိုုခ်င္းမရိွပါဘူး။မာတာဟာ ခ်ဲလ္ဆီးအသင္းကေနယူႏိုုက္တက္ဆီ ၂၀၁၄ခုုနွစ္မွာေျပာင္းေရႊ ့လာခဲ့တာျဖစ္ၿပီး ယူႏိုုက္တက္ပရိတ္သတ္ေတြရဲ ့အခ်စ္ေတာ္ကစားသမားတစ္ေယာက္ျဖစ္လိုု ့ေနပါတယ္။သိုု ့ေသာ္လည္း သူဟာ ေမာ္ရင္ဟိုုရဲ ့ပြဲထြက္လူ၁၁ေယာက္စာရင္းမွာ ပံုုမွန္ေနရာရဖိုု ့ရုုန္းကန္ေနရပါတယ္။
ယူနိုုက္တက္ဟာ ဒီဂီယာရဲ ့အနာဂတ္နဲ့ပတ္သတ္ၿပီးရတတ္မေအးျဖစ္ေနရပါတယ္။စပိန္ဂိုုးသမားဟာ ကလပ္အသင္းပရိတ္သတ္ေတြအတြက္ေတာ့အနည္းငယ္စိတ္ေအးေစမယ့္စကားေတာ့ေျပာခဲ့ပါေသးတယ္။“ ဘာပဲျဖစ္ျဖစ္ အသင္းကပထမပါပဲ။ကၽြန္ေတာ္တိုု ့အားလံုုးအာရံုုစိုုက္ရမယ့္အရာေပၚမွာ အာရံုုစိုုက္ထားပါတယ္။အဲ့ဒါက နိုုင္ပြဲေတြရယူဖိုု ့ပါ။စာခ်ဴပ္သစ္ေတြတိုု ့အာရံုုအေနွာက္အယွက္ျဖစ္နိုုင္မယ့္အျခားသတင္းေတြထက္ဒါကပိုုအေရးပါပါတယ္။ဘာပဲျဖစ္ျဖစ္ ေဘာလံုုးေပၚမွာအာရံုုစိုုက္ထားရပါမယ္။အျခားအရာေတြစဥ္းစားတာထက္အခုုအခ်ိန္မွာအသင္းေတြအေရးပါတဲ့အရာေတြပဲစဥ္းစားသင့္တယ္လိုု ့ကၽြန္ေတာ္ထင္ပါတယ္။”
(Unicode)
ဇန်နဝါရီမှာယူနိုက်တက်စတားတွေကိုခေါ်ယူဖို့အဆင်သင့်ပြင်ဆင်နေတဲ့ဂျူဗင်တပ်စ်
မန်ချက်စတာယူနိုက်တက်မန်နေဂျာဂျို့စ်မော်ရင်ဟိုဟာ လက်ရှိစာချုပ်သက်တမ်းနောက်ဆုံးနှစ်ရောက်နေကြတဲ့အသင်းကစားသမားတွေကို ကလပ်အနေနဲ့စာချုပ်သစ်ချုပ်ဆိုဖို့တွန်းအားပေးထားပါတယ်။
သရဲနီအသင်းဟာ ဒီဂီယာ၊မာရှယ်၊ဟာရဲရား နဲ့စမောလင်းတို့လို အဓိကကစားသမားတွေဆုံးရှုံးရဖို့ရှိနေပါတယ်။အထူးသဖြင့် ဒီဂီယာနဲ့မာရှယ်တို့ကိစ္စမှာတော့ ယူနိုက်တက်အသင်းဟာ စာချုပ်ပါသဘောတူညီချက်အရနောက်ထပ်၁နှစ်တိုးနိုင်ပြီး စာချုပ်သစ်အတွက်ဆက်လက်ဆွေးနွေးနိုင်ပါတယ်။
Evening Standard ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်စတားဟွမ်မာတာကို ခေါ်ယူဖို့ပွင့်လင်းစွာဆွေးနွေးမှုတွေလုပ်ရန်အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ချဲလ်ဆီးနည်းပြဟောင်းဖြစ်ခဲ့သူမော်ရင်ဟိုဟာအသက်၃၀အရွယ်ကွင်းလယ်လူကိုအသင်းမှာဆက်ထိန်းထားဖို့ဟာရဲရားနဲ့အတူဆက်ရှိနေစေပြီးအခုအချိန်ဟာအရမ်းနီးကပ်နေပြီဖြစ်သလိုစာချုပ်အသစ်ဟာလည်းကစားသမား၂ယောက်လုံးဆီမရောက်လာသေးပါဘူး။အမည်မဖော်လိုတဲ့အရင်းအမြစ်များအရ မာတာဟာစာချုပ်သက်တမ်းကုန်ဆုံးပါကUS ဒါမှမဟုတ် တရုတ်မှာသွားကစားလိုချင်းမရှိပါဘူး။မာတာဟာ ချဲလ်ဆီးအသင်းကနေယူနိုက်တက်ဆီ ၂၀၁၄ခုနှစ်မှာပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်ပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်ဖြစ်လို့နေပါတယ်။သို့သော်လည်း သူဟာ မော်ရင်ဟိုရဲ့ပွဲထွက်လူ၁၁ယောက်စာရင်းမှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရပါတယ်။
ယူနိုက်တက်ဟာ ဒီဂီယာရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးရတတ်မအေးဖြစ်နေရပါတယ်။စပိန်ဂိုးသမားဟာ ကလပ်အသင်းပရိတ်သတ်တွေအတွက်တော့အနည်းငယ်စိတ်အေးစေမယ့်စကားတော့ပြောခဲ့ပါသေးတယ်။“ ဘာပဲဖြစ်ဖြစ် အသင်းကပထမပါပဲ။ကျွန်တော်တို့အားလုံးအာရုံစိုက်ရမယ့်အရာပေါ်မှာ အာရုံစိုက်ထားပါတယ်။အဲ့ဒါက နိုင်ပွဲတွေရယူဖို့ပါ။စာချူပ်သစ်တွေတို့အာရုံအနှောက်အယှက်ဖြစ်နိုင်မယ့်အခြားသတင်းတွေထက်ဒါကပိုအရေးပါပါတယ်။ဘာပဲဖြစ်ဖြစ် ဘောလုံးပေါ်မှာအာရုံစိုက်ထားရပါမယ်။အခြားအရာတွေစဉ်းစားတာထက်အခုအချိန်မှာအသင်းတွေအရေးပါတဲ့အရာတွေပဲစဉ်းစားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။”
Post a Comment