အာဆင္နယ္အသင္းထံအိုေဇးကိုေရာင္းခ်တုန္းကစိတ္တိုခဲ့ရေျကာင္း ျပန္လည္ဖြင့္ဟလာတဲ့ေရာ္နယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
2013ေႏြရာသီမွာ အိုေဇးကိုေပါင္42.5သန္းနဲ႔ေခၚယူလိုက္ျပီလို႔အာဆင္နယ္အသင္းထုတ္ျပန္လိုက္ခ်ိန္တုန္းက ေဘာလံုးပရိတ္သတ္အခ်ိဳ႕ အံ့ျသခဲ့ရပါတယ္။စပိန္ေျမမွာေျခစြမ္းေကာင္းေတြျပေနတဲ့ မက္ဒရစ္ကြင္းလယ္လူကို ေခြ်တာေရးလုပ္ငန္းစဥ္လိုက္ေနတဲ့ ဂန္းနားတို႔အေနနဲ႕အဲ့ဒီအခ်ိန္က သူတို႔ရဲ႕ကလပ္စံခ်ိန္တင္ေျပာင္းေရြ႕ေျကးကိုအသံုးျပဳျပီးေခၚယူခဲ့တာပါ။
မိုဒရစ္နဲ႕ ပံုမွန္ေနရာတိုက္ပြဲဝင္ေနရတာကို အသံုးခ်ျပီး နည္းျပေဟာင္း ဝင္းဂါးက ေခၚယူခဲ့တာပါ။သူ႔ရဲ႕အသင္းမွာ အေရးျကီးတဲ့သူတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ဖုန္းဆက္ေျပာျပီး ကတိေပးေခၚယူခဲ့တာျဖစ္ပါတယ္။''အဲ့ဒီအပတ္အကုန္ထိ ရီးရဲမွာဆက္ရွိဖို႔ ေသခ်ာသေလာက္ျဖစ္ေနတာပါ။ေနာက္ေတာ့ နည္းျပကက်ေနာ့္ကို ယံုျကည္မႈမရွိဘူးဆိုတာနားလည္လာတယ္။က်ေနာ့္အတြက္ ယံုျကည္မႈလိုအပ္ပါတယ္။ဒီအရာကို အာဆင္နယ္အသင္းဆီက ရလိမ့္မယ္ဆိုတာခံစားရလို႔ ဒီကိုေျပာင္းေရႊ႕ခဲ့တာပါ''လို႔ မီဆြတ္အိုေဇးက2013ကေျပာခဲ့ဖူးပါတယ္။
အိုေဇးထြက္ခြာသြားခ်ိန္မွာ မက္ဒရစ္စတာေဟာင္း ေရာ္နယ္ဒိုက မေပ်ာ္မရႊင္ျဖစ္ခဲ့ပါေသးတယ္။ေရာ္နယ္ဒိုက''အိုေဇးကိုေရာင္းလိုက္တာကေတာ့ က်ေနာ့္အတြက္သတင္းဆိုးပါပဲ။က်ေနာ့္ရဲ႕ဂိုးေပါက္ေရွ႕လႈပ္ရွားပံုေတြကို သူအသိဆံုးပါပဲ။ဒါေျကာင့္ သူထြက္သြားတဲ့အခ်ိန္မွာ စိတ္တိုမိတာပါ''လို႕ျပန္ေျပာင္းေျပာခဲ့ပါတယ္။အိုေဇးဟာ ကမ္းလွမ္းမႈအခ်ိဳ႕ကိုျငင္းပယ္ျပီးအာဆင္နယ္မွာဆက္ေနကာ ဂိုးဖန္တီးမႈ၁၀၀ေက်ာ္ျပဳလုပ္ခဲ့ပါတယ္။ဒါ့အျပင္ နည္းျပေဟာင္းအာဆင္ဝင္းဂါးလက္ထက္မွာ အသင္းရဲ႕ဝင္ရိုးျဖစ္ခဲ့ရံုမက လက္ရွိအူနိုင္းအမ္မရီရဲ႕ ယံုျကည္မႈကိုလည္းရေနပါတယ္။
အရင္လက sky sports ရဲ႕အစီစဥ္ေျကညာသူ ဂေရမီေဆာင္းနပ္က ''ပြဲျကီးေတြနဲ႕ အသင္းေဘာလံုးပိုင္ဆိုင္မႈနည္းပါးေနခ်ိန္ေတြဆို အိုေဇးေပ်ာက္ေနတတ္ပါတယ္။''လို႔ေဝဖန္ခဲ့ပါတယ္။ဒါကိုအိုေဇးက ''အေတာ္ရယ္ရတာပဲ''လို႔ တုန္႔ျပန္ခဲ့ပါတယ္။''က်ေနာ္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို အေတာ္ငယ္ရြယ္တဲ့ 16,17ေလာက္ထဲကစတင္ခဲ့တာပါ။အတက္အက်မ်ားစြာျကံုဖူးျပီး က်ေနာ့္ကို နွစ္သက္တဲ့သူရွိသလို မနွစ္သက္တဲ့သူလည္းရွိမွာပဲေပါ့။က်ေနာ္က လူတိုင္းရဲ႕စကားကိုနားေထာင္ေနတာမဟုတ္ပါဘူး။က်ေနာ့္နည္းျပစကားဆို နားေထာင္တယ္။ျပီေတာ့ က်ေနာ့္မ်က္နွာကို တည့္တည့္ျကည့္ေျပာတဲ့သူေတြရဲ႕စကားကိုပဲနား ေထာင္တာပါ။ပြဲထဲမွာ ေကာင္းေကာင္းကစားနိုင္လား။ကစားပံုဆိုးရြားေနလားဆိုတာ ကိုယ့္ကိုယ္ကို သိပါတယ္''လို႔အိုေဇးကဆိုခဲ့ပါတယ္။
အိုေဇးကိုေရာင္းခ်ခဲ့ျခင္းဟာ မက္ဒရစ္ရဲ႕မွန္ကန္တဲ့လုပ္ရပ္ျဖစ္ခဲ့သလား။
(Unicode)
အာဆင်နယ်အသင်းထံ အိုဇေးကိုရောင်းချတုန်းကစိတ်တိုခဲ့ရကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ စီရော်နယ်ဒို
2013နွေရာသီမှာ အိုဇေးကိုပေါင်42.5သန်းနဲ့ခေါ်ယူလိုက်ပြီလို့အာဆင်နယ်အသင်းထုတ်ပြန်လိုက်ချိန်တုန်းက ဘောလုံးပရိတ်သတ်အချို့ အံ့သြခဲ့ရပါတယ်။စပိန်မြေမှာခြေစွမ်းကောင်းတွေပြနေတဲ့ မက်ဒရစ်ကွင်းလယ်လူကို ချွေတာရေးလုပ်ငန်းစဉ်လိုက်နေတဲ့ ဂန်းနားတို့အနေနဲ့အဲ့ဒီအချိန်က သူတို့ရဲ့ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးကိုအသုံးပြုပြီးခေါ်ယူခဲ့တာပါ။
မိုဒရစ်နဲ့ ပုံမှန်နေရာတိုက်ပွဲဝင်နေရတာကို အသုံးချပြီး နည်းပြဟောင်း ဝင်းဂါးက ခေါ်ယူခဲ့တာပါ။သူ့ရဲ့အသင်းမှာ အရေးကြီးတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဖုန်းဆက်ပြောပြီး ကတိပေးခေါ်ယူခဲ့တာဖြစ်ပါတယ်။''အဲ့ဒီအပတ်အကုန်ထိ ရီးရဲမှာဆက်ရှိဖို့ သေချာသလောက်ဖြစ်နေတာပါ။နောက်တော့ နည်းပြကကျနော့်ကို ယုံကြည်မှုမရှိဘူးဆိုတာနားလည်လာတယ်။ကျနော့်အတွက် ယုံကြည်မှုလိုအပ်ပါတယ်။ဒီအရာကို အာဆင်နယ်အသင်းဆီက ရလိမ့်မယ်ဆိုတာခံစားရလို့ ဒီကိုပြောင်းရွှေ့ခဲ့တာပါ''လို့ မီဆွတ်အိုဇေးက2013ကပြောခဲ့ဖူးပါတယ်။
အိုဇေးထွက်ခွာသွားချိန်မှာ မက်ဒရစ်စတာဟောင်း ရော်နယ်ဒိုက မပျော်မရွှင်ဖြစ်ခဲ့ပါသေးတယ်။ရော်နယ်ဒိုက''အိုဇေးကိုရောင်းလိုက်တာကတော့ ကျနော့်အတွက်သတင်းဆိုးပါပဲ။ကျနော့်ရဲ့ဂိုးပေါက်ရှေ့လှုပ်ရှားပုံတွေကို သူအသိဆုံးပါပဲ။ဒါကြောင့် သူထွက်သွားတဲ့အချိန်မှာ စိတ်တိုမိတာပါ''လို့ပြန်ပြောင်းပြောခဲ့ပါတယ်။အိုဇေးဟာ ကမ်းလှမ်းမှုအချို့ကိုငြင်းပယ်ပြီးအာဆင်နယ်မှာဆက်နေကာ ဂိုးဖန်တီးမှု၁၀၀ကျော်ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် နည်းပြဟောင်းအာဆင်ဝင်းဂါးလက်ထက်မှာ အသင်းရဲ့ဝင်ရိုးဖြစ်ခဲ့ရုံမက လက်ရှိအူနိုင်းအမ်မရီရဲ့ ယုံကြည်မှုကိုလည်းရနေပါတယ်။
အရင်လက sky sports ရဲ့အစီစဉ်ကြေညာသူ ဂရေမီဆောင်းနပ်က ''ပွဲကြီးတွေနဲ့ အသင်းဘောလုံးပိုင်ဆိုင်မှုနည်းပါးနေချိန်တွေဆို အိုဇေးပျောက်နေတတ်ပါတယ်။''လို့ဝေဖန်ခဲ့ပါတယ်။ဒါကိုအိုဇေးက ''အတော်ရယ်ရတာပဲ''လို့ တုန့်ပြန်ခဲ့ပါတယ်။''ကျနော်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အတော်ငယ်ရွယ်တဲ့ 16,17လောက်ထဲကစတင်ခဲ့တာပါ။အတက်အကျများစွာကြုံဖူးပြီး ကျနော့်ကို နှစ်သက်တဲ့သူရှိသလို မနှစ်သက်တဲ့သူလည်းရှိမှာပဲပေါ့။ကျနော်က လူတိုင်းရဲ့စကားကိုနားထောင်နေတာမဟုတ်ပါဘူး။ကျနော့်နည်းပြစကားဆို နားထောင်တယ်။ပြီတော့ ကျနော့်မျက်နှာကို တည့်တည့်ကြည့်ပြောတဲ့သူတွေရဲ့စကားကိုပဲနား ထောင်တာပါ။ပွဲထဲမှာ ကောင်းကောင်းကစားနိုင်လား။ကစားပုံဆိုးရွားနေလားဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်''လို့အိုဇေးကဆိုခဲ့ပါတယ်။
အိုဇေးကိုရောင်းချခဲ့ခြင်းဟာ မက်ဒရစ်ရဲ့မှန်ကန်တဲ့လုပ်ရပ်ဖြစ်ခဲ့သလား။
Post a Comment