Header Ads


ဘာစီလိုုနာအသင္းနဲ့ရီးရဲလ္အသင္းၾကားတင္းမားမႈျဖစ္ေအာင္မီးေမႊးခဲ့တဲ့ေမာ္ရင္ဟိုုအေၾကာင္းေျပာျပလိုုက္တဲ့အင္နီေယစတာ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ေမာ္ရင္ဟို ရီးရဲကိုေရာက္လာခ်ိန္မွာ မဟာျပိဳင္ဘက္ဘာစီလိုနာနဲ႔ တင္းမာမႈေတြအျမင့္ဆံုးေရာက္ေအာင္ဖန္တီးခဲ့တာေျကာင့္ စပိန္အသင္းေဖာ္ေတြျကားစိတ္ဝမ္းကြဲခဲ့ျကတယ္လို႔ အင္နီေယစတာက ျပန္လည္ထုတ္ေဖာ္ခဲ့ပါတယ္။သမိုင္းဝင္ျပိဳင္ဘက္ေတြျဖစ္တဲ့ ဒီနွစ္သင္းျကားမွာ အမုန္းတရားေတြ ပိုမိုတိုးပြားလာေစရန္ ေမာ္ရင္ဟို ေလာင္စာျဖည့္ေပးခဲ့တယ္လို႔ ဘာကာကြင္းလယ္လူေဟာင္းက စြပ္စြဲခဲ့တာပါ။

'’ဘာကာနဲ႕ရီးရဲကစားသမားေဟာင္းမဟုတ္ရင္ အဲ့ဒီအခ်ိန္ကစိတ္ညစ္ညဴးဖြယ္အေျခအေနေတြကို ခင္မ်ားသိမွာမဟုတ္ပါဘူး။ဒီဇာတ္လမ္းမွာ အဓိကပါဝင္ခဲ့တာ ေမာ္ရင္ဟိုပါပဲ။အရင္က ဒီလိုအေျခအေနေတြကို ဘယ္သူမွမျမင္ဖူးခဲ့ဘူး။အေျခအေနေတြ ပိုဆိုးလာျပီး သည္းခံနိုင္တဲ့အဆင့္ထက္ပိုလာတယ္။ဘာကာ နဲ႔မက္ဒရစ္တင္းမာမႈေတြဟာ စပိန္အသင္းကိုရိုက္ခက္ခဲ့ျပီး အသင္းေဖာ္ေတြျကားမွာသက္ေရာက္မႈရွိလာတယ္။''လို႔အင္နီေယစတာက ဝန္ခံခဲ့ပါတယ္။ဒါ့အျပင္ သူ႔အတြက္ Depression ေတြဝင္တဲ့အထိ ခံစားခဲ့ရေျကာင္းဆိုလာပါတယ္။

အင္နီေယစတာက''ဒါေတြအားလံုးဖလားသံုးလံုးရတဲ့နွစ္အျပီးျဖစ္လာတာပါ။ခ်လ္ဆီးကို သြင္းခဲ့တဲ့ဂိုးအပါအဝင္ အဲ့ဒီနွစ္က မယံုနိုင္စရာခံစားခ်က္ေကာင္းေတြရွိခဲ့ပါတယ္။ဒါေပမယ့္ေႏြရာသီကစျပီးမတူေတာ့ဘူး။ထူးထူးဆန္းဆန္း ခံစားခ်က္ေတြဆိုးရြားလာတယ္။ ဒါကို ဘယ္လိုေခါင္းစဥ္တပ္လိုက္ရမလဲေတာင္မသိဘူး။အေသအခ်ာစဥ္းစားခဲ့ေပမယ့္ဘာေျကာင့္လဲအေျဖမရဘူး။အဝိုင္းတစ္ခုထဲပတ္ျပီး ကိုယ့္ကိုယ္ကို ေပ်ာင္ဆံုးေနသလိုခံစားရတယ္။ရာသီအျကိုကာလပဲရွိေသးတာေျကာင့္ ေန႔လည္ခင္းျကီးဆရာဝန္ကို အိမ္ေခၚလိုက္တယ္။က်ေနာ္ဘယ္လိုေတြခံစားေနရလဲမသိဘူး။ဘာေတြျဖစ္ေနလဲျကည့္ေပးဘာအံုးလို႔ေျပာလိုက္တယ္။က်ေနာ္အေျခေနကပံုမွန္မဟုတ္ပဲ အကူညီလိုအပ္ေနတယ္လို႔ သူျပန္ေျပာခဲ့တယ္။ဒီညသူ႔ဆီေဆးလာကုဖို႔ေျပာျပ အနားယူဖို႔လိုေနတယ္တဲ့။က်ေနာ္စိတ္လႈပ္ရွားမႈမျဖစ္ခဲ့သလို ဘာကိုမွမခံစားခဲ့ရတာပါ။ခင္ဗ်ားစိတ္ဓာတ္က်ေနခ်ိန္မွာ အရာအားလံုးေပ်ာက္ဆံုုးသြားတက္တယ္။အားငယ္ေနခ်ိန္မွာ ဘဝရဲ႕အေျခအေနေတြကို ထိန္းခ်ဳပ္ဖို႔ခက္ပါတယ္။တစ္ခ်ိဳ႕အခ်ိန္ေတြကို စိတ္ပိုင္းဆိုင္ရာေဆးကုသမႈခံရင္း ကုန္ဆံုးခဲ့ရတယ္။က်ေနာ္က အစည္းအေဝးေတြဘာေတြရွိရင္ေတာင္ စိတ္အားထက္သန္စြာနဲ႕ပဲ၁၅မိနစ္ေလာက္ျကိုေရာက္တက္ေလ့ရွိတာကိုေတာင္ ျပန္သတိရေနမိေသးတယ္''လို႔အင္နီေယစတာက ျပန္ေျပာင္းေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ 2018 ကမာၻ ့ဖလား မွာရုရွားကိုရံႈးျပီး ၁၆သင္းအဆင့္ကလွည့္ျပန္ခဲ့ရတာေျကာင့္ စိတ္ထိခိုက္ခဲ့ရေျကာင္း ဝန္ခံခဲ့ပါတယ္။''က်ေနာ့္အတြက္ဒါဟာ ေကာင္းတဲ့ အမွတ္တရမျဖစ္ခဲ့ဘူး။အစမေကာင္းခဲ့သလို အဆံုးသတ္ကလည္းဆိုးရြားခဲ့တယ္။ျပိဳင္ပြဲမစခင္ထဲက နည္းျပလိုပက္တီဂူလုပ္ရပ္ေျကာင့္ အေပါင္းလကၡဏာမေဆာင္ခဲ့ဘူး။ေနာက္ဆံုးပြဲမွာလည္း က်ေနာ္က ကိတ္မုန္႔ရဲ႕အကာလိုျဖစ္ခဲ့ရတယ္။က်ေနာ့္ကို ဘာလို႔အရန္ခံုမွာထားလဲနားမလည္ခဲ့ဘူး။က်ေနာ္နည္းျပကိုေျပာခဲ့တယ္။က်ေနာ္က ေလးစားမႈရွိသလို ခင္ဗ်ားရဲ႕ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားမႈထားပါတယ္။ဒါေပမယ့္ ခင္ဗ်ားရဲ႕အယူအဆေတြကို လက္ဆင့္ကမ္းမိမွာမဟုတ္ဖူးလို႔ေျပာလိုက္တယ္။သူကေတာ့ ပြဲမစခင္ေရာ ပြဲျပီးမွာပါ က်ေနာ့္ကိုစကားမေျပာဘူး။ဘာပဲျဖစ္ျဖစ္ က်ေနာ့္ကို အရန္ထိုင္ခိုင္းတဲ့ဆံုးျဖတ္ခ်က္ကိုေတာ့ လံုးဝနားမလည္ခဲ့ဘူး။ဒီအတြက္သူ႔မွာ အေျကာင္းျပခ်က္လည္းရွိမေနေလာက္ဖူး။ဒါဟာ အေစာ္ကားခံရတာနဲ႔ ဘာမွမျခားနားပါဘူး''လို႔အင္နီေယစတာက ျပန္လည္ဖြင့္ဟခဲ့ပါတယ္။

(Unicode)

ဘာစီလိုနာအသင်းနဲ့ရီးရဲလ်အသင်းကြားတင်းမားမှုဖြစ်အောင်မီးမွှေးခဲ့တဲ့မော်ရင်ဟိုအကြောင်းပြောပြလိုက်တဲ့အင်နီယေစတာ



မော်ရင်ဟို ရီးရဲကိုရောက်လာချိန်မှာ မဟာပြိုင်ဘက်ဘာစီလိုနာနဲ့ တင်းမာမှုတွေအမြင့်ဆုံးရောက်အောင်ဖန်တီးခဲ့တာကြောင့် စပိန်အသင်းဖော်တွေကြားစိတ်ဝမ်းကွဲခဲ့ကြတယ်လို့ အင်နီယေစတာက ပြန်လည်ထုတ်ဖော်ခဲ့ပါတယ်။သမိုင်းဝင်ပြိုင်ဘက်တွေဖြစ်တဲ့ ဒီနှစ်သင်းကြားမှာ အမုန်းတရားတွေ ပိုမိုတိုးပွားလာစေရန် မော်ရင်ဟို လောင်စာဖြည့်ပေးခဲ့တယ်လို့ ဘာကာကွင်းလယ်လူဟောင်းက စွပ်စွဲခဲ့တာပါ။

'’ဘာကာနဲ့ရီးရဲကစားသမားဟောင်းမဟုတ်ရင် အဲ့ဒီအချိန်ကစိတ်ညစ်ညူးဖွယ်အခြေအနေတွေကို ခင်များသိမှာမဟုတ်ပါဘူး။ဒီဇာတ်လမ်းမှာ အဓိကပါဝင်ခဲ့တာ မော်ရင်ဟိုပါပဲ။အရင်က ဒီလိုအခြေအနေတွေကို ဘယ်သူမှမမြင်ဖူးခဲ့ဘူး။အခြေအနေတွေ ပိုဆိုးလာပြီး သည်းခံနိုင်တဲ့အဆင့်ထက်ပိုလာတယ်။ဘာကာ နဲ့မက်ဒရစ်တင်းမာမှုတွေဟာ စပိန်အသင်းကိုရိုက်ခက်ခဲ့ပြီး အသင်းဖော်တွေကြားမှာသက်ရောက်မှုရှိလာတယ်။''လို့အင်နီယေစတာက ဝန်ခံခဲ့ပါတယ်။ဒါ့အပြင် သူ့အတွက် Depression တွေဝင်တဲ့အထိ ခံစားခဲ့ရကြောင်းဆိုလာပါတယ်။

အင်နီယေစတာက''ဒါတွေအားလုံးဖလားသုံးလုံးရတဲ့နှစ်အပြီးဖြစ်လာတာပါ။ချလ်ဆီးကို သွင်းခဲ့တဲ့ဂိုးအပါအဝင် အဲ့ဒီနှစ်က မယုံနိုင်စရာခံစားချက်ကောင်းတွေရှိခဲ့ပါတယ်။ဒါပေမယ့်နွေရာသီကစပြီးမတူတော့ဘူး။ထူးထူးဆန်းဆန်း ခံစားချက်တွေဆိုးရွားလာတယ်။ ဒါကို ဘယ်လိုခေါင်းစဉ်တပ်လိုက်ရမလဲတောင်မသိဘူး။အသေအချာစဉ်းစားခဲ့ပေမယ့်ဘာကြောင့်လဲအဖြေမရဘူး။အဝိုင်းတစ်ခုထဲပတ်ပြီး ကိုယ့်ကိုယ်ကို ပျောင်ဆုံးနေသလိုခံစားရတယ်။ရာသီအကြိုကာလပဲရှိသေးတာကြောင့် နေ့လည်ခင်းကြီးဆရာဝန်ကို အိမ်ခေါ်လိုက်တယ်။ကျနော်ဘယ်လိုတွေခံစားနေရလဲမသိဘူး။ဘာတွေဖြစ်နေလဲကြည့်ပေးဘာအုံးလို့ပြောလိုက်တယ်။ကျနော်အခြေနေကပုံမှန်မဟုတ်ပဲ အကူညီလိုအပ်နေတယ်လို့ သူပြန်ပြောခဲ့တယ်။ဒီညသူ့ဆီဆေးလာကုဖို့ပြောပြ အနားယူဖို့လိုနေတယ်တဲ့။ကျနော်စိတ်လှုပ်ရှားမှုမဖြစ်ခဲ့သလို ဘာကိုမှမခံစားခဲ့ရတာပါ။ခင်ဗျားစိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးပျောက်ဆုံးသွားတက်တယ်။အားငယ်နေချိန်မှာ ဘဝရဲ့အခြေအနေတွေကို ထိန်းချုပ်ဖို့ခက်ပါတယ်။တစ်ချို့အချိန်တွေကို စိတ်ပိုင်းဆိုင်ရာဆေးကုသမှုခံရင်း ကုန်ဆုံးခဲ့ရတယ်။ကျနော်က အစည်းအဝေးတွေဘာတွေရှိရင်တောင် စိတ်အားထက်သန်စွာနဲ့ပဲ၁၅မိနစ်လောက်ကြိုရောက်တက်လေ့ရှိတာကိုတောင် ပြန်သတိရနေမိသေးတယ်''လို့အင်နီယေစတာက ပြန်ပြောင်းပြောသွားခဲ့ပါတယ်။

ဒါ့အပြင် 2018 ကမ္ဘာ့ဖလား မှာရုရှားကိုရှုံးပြီး ၁၆သင်းအဆင့်ကလှည့်ပြန်ခဲ့ရတာကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။''ကျနော့်အတွက်ဒါဟာ ကောင်းတဲ့ အမှတ်တရမဖြစ်ခဲ့ဘူး။အစမကောင်းခဲ့သလို အဆုံးသတ်ကလည်းဆိုးရွားခဲ့တယ်။ပြိုင်ပွဲမစခင်ထဲက နည်းပြလိုပက်တီဂူလုပ်ရပ်ကြောင့် အပေါင်းလက္ခဏာမဆောင်ခဲ့ဘူး။နောက်ဆုံးပွဲမှာလည်း ကျနော်က ကိတ်မုန့်ရဲ့အကာလိုဖြစ်ခဲ့ရတယ်။ကျနော့်ကို ဘာလို့အရန်ခုံမှာထားလဲနားမလည်ခဲ့ဘူး။ကျနော်နည်းပြကိုပြောခဲ့တယ်။ကျနော်က လေးစားမှုရှိသလို ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုလည်း လေးစားမှုထားပါတယ်။ဒါပေမယ့် ခင်ဗျားရဲ့အယူအဆတွေကို လက်ဆင့်ကမ်းမိမှာမဟုတ်ဖူးလို့ပြောလိုက်တယ်။သူကတော့ ပွဲမစခင်ရော ပွဲပြီးမှာပါ ကျနော့်ကိုစကားမပြောဘူး။ဘာပဲဖြစ်ဖြစ် ကျနော့်ကို အရန်ထိုင်ခိုင်းတဲ့ဆုံးဖြတ်ချက်ကိုတော့ လုံးဝနားမလည်ခဲ့ဘူး။ဒီအတွက်သူ့မှာ အကြောင်းပြချက်လည်းရှိမနေလောက်ဖူး။ဒါဟာ အစော်ကားခံရတာနဲ့ ဘာမှမခြားနားပါဘူး''လို့အင်နီယေစတာက ပြန်လည်ဖွင့်ဟခဲ့ပါတယ်။

No comments

Powered by Blogger.