Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယခုအပတ်ချန်ပီယံလိပ်Week ရဲ့ဗုဒ္ဓဟူးနေ့နောက်ဆုံးရသတင်းများ
မန်ယူနိုက်တက်ကွင်းလယ်လူမာတစ်က အသင်းနည်းပြမော်ရင်ဟိုဟာ ရှုံးပွဲတွေကိုအလွန်တရာမုန်းတီးတဲ့သူုဖြစ်ကြောင်း အကယ်၍ယူနိုက်တက်သာ ရှုံးခဲ့ရင်လေ့ကျင့်ရေးကွင်းမှာသူ့ကိုကြောက်လို့ပုန်းနေရကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။
မနေ့ညကကစားခဲ့တဲ့ချန်ပီယံလိပ်အုပ်စုပွဲမှာ PSG အသင်းကို အကောင်းဆုံးယှဉ်ကစားခဲ့ပြီး သရေရလဒ်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နာပိုလီအသင်းအတွက် နည်းပြအန်ဆယ်လော့တီက သူအမှန်တိုင်းဝန်ခံရရင် အသင်းဟာအဆိုပါပွဲမှာရလဒ်ပိုင်းအရအရမ်းဆိုးရွားသွားမှာကိုကြောက်ရွံခဲ့တယ်လို့ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ အပြစ်ဆိုစာမရှိအောင်ပြီးပြည့်စုံတဲ့အသင်းလို့ရှက်တာဒိုးနက်နည်းပြကချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ဒေါ့မွန်အသင်းကို ၂-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြကစားကာ ၁ဂိုးသွင်းယူခဲ့တဲ့ အက်တလက်တီကိုတိုက်စစ်မှူး ဂရစ်ဇမန်းက ဒီလိုညများက သူ့အတွက်ဒီအသင်းမှာဆက်လက်ခရီးဆက်စေဖို့စိတ်လှုပ်ရှာစရာတွေဖန်တီပေးတာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။
CRVENA ZVEZDA အသင်းကို အဝေးကွင်းမှာ ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြဂျာဂန်ကလော့က သူတို့အသင်းဟာအခွင့်အရေးကောင်းကို အကောင်းဆုံးအသုံးမချနိုင်ခဲ့တဲ့အပြင် စိတ်ဓာတ်ပိုင်းအရလည်းပျောက်ဆုံးသွားခဲ့တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ဒါ့အပြင်အသင်းကစားသမားမီလ်နာကလည်းအသင်းဟာအခွင့်အရေးကောင်းတွေကိုအသုံးချနိုင်ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်နောက်ခံလူဘိုနူချီက ဘော်လွန်ဒီအော်ဆုအတွက် ရီးရဲလ်နဲ့ပြင်သစ်နောက်ခံလူဗာရိန်းဟာ အတော်လေးကောင်းမွန်အောင်ကစားနိုင်ခဲ့သော်လည်း အဆိုပါဆုဟာ သူ့ရဲ့အသင်းဖော်ရိုနယ်ဒိုနဲ့ထိုက်တန်ကြောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာက အသင်းခေါင်းဆောင်လက်ပတ်ကိစ္စနဲ့ပတ်သတ်ပြီး နည်းပြမော်ရင်ဟိုနဲ့ပြဿနာတက်ခဲ့ခြင်းမရှိပါဘူးလို့ဝန်ခံပြောကြားလိုက်ပြီး ယူနိုက်တက်ဆီပြောင်းလာရတာနောင်တရခြင်းအလျင်းမရှိပါဘူးလို့ပြောကြားလိုက်ပါတယ်။
စပါးအသင်းကို ၂-၁ ဖြင့် ဝင်ဘာလေကွင်းမှာရှုံးနိမ့်ခဲ့ပြီးနောက် PSV နည်းပြဗန်ဘွန်မဲလ်က ဝင်ဘာလေကွင်းဟာတကယ်ဆိုးရွားပြီးစိတ်ပျက်စရာပါပဲလို့ဝေဖန်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက ဂျူဗင်တပ်စ်အသင်းဟာချန်ပီယံလိပ်ဖလားရဖို့ရေပန်းစားနေတဲ့အသင်းပါလို့ချီးကျူးပြောကြားခဲ့သော်လည်းဂျူဗင်နည်းပြအယ်လီဂရီကတော့ အသင်းဟာအခုအချိန်မှာဘာဆုဖလားတစ်ခုမှရသေးတာမဟုတ်ဘူးလို့အသင်းသားတွေကိုသတိပေးပြောဆိုခဲ့ပါတယ်။
အေစီမီလန်အသင်းကိုနည်းပြတော့မယ်ဆိုတဲ့သတင်းတွေဟာလုပ်ကြံဇာတ်တွေပါလို့အာဆင်ဝင်းဂါးကတုံ့ပြန်ပြောကြားလိုက်ပါတယ်။

Post a Comment