Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘန်ဇီမားအပေါ်မတရားဝေဖန်မှုတွေအားပြန်လည်တုံ့ပြန်ချေပနေကြတဲ့ရီးရဲလ်ဖန်များ
ယခုအတောအတွင်း ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှုး ဘန်ဇီမားအပေါ်ပရိသတ်များရဲ့မျှတတဲ့ ဝေဖန်မှုတွေအဆက်မပြတ်ရောက်ရှိနေပါတယ်။အဲဒီအရာတွေက သူကို ဘာကြောင့် ကာလအတော်ကြာခိုင်မာစွာ ရီးရဲလ်အသင်းရဲ့ ပုံမှန်လူထွက်ခွင့်ရရှိနေခြင်းဖြစ်တယ်ဆိုသက်သေပြခဲ့ပါတယ်။
အသက်၃၀အရွယ်ရှိပြီဖြစ်တဲ့ပြင်သစ်သားဘန်ဇီမားကို နည်းပြဟောင်းတွေဖြစ်ကြတဲ့ ဇီဒန်း လိုပက်တီဂူ တို့ကလည်းအကောင်းဆုံးရိုးသားစွာနေရာပေးခဲ့ကြပြီးလက်ရှိယာယီနည်းပြဆိုလာရီကလည်းသူကိုဆက်လက်အသုံးပြုနေပြီးအကြောင်းက သူရဲ့ထူးချွန်ပြောင်မြောက်တဲ့ သေလောက်အောင်ကောင်းမွန်တဲ့ဧရိယာထဲက မုဆိုးတစ်ယောက်လိုအရည်အချင်းကြောင့်ဖြစ်ပါတယ်။
လက်ရှိဘန်ဇီမား ကို ယူနိုက်တက်အသင်းကခေါ်ယူရန်အတွက်ချိန်နေပြီး သူကဗက်တိုးရီယား ပါဇန်အသင်းကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူပေးခဲ့ပါတယ်။
သို့သော်လည်းပဲ လိုင်ယွန်အသင်းရဲ့ကြယ်ပွင့်ဟောင်းဘန်ဇီမားကို လက်ရှိအချိန်မှာ ရရှိနေတဲ့ဝေဖန်ချက်က သူကိုပို၍ထူးခြားလာမှာမဟုတ်ပါဘူး။
Gary linekerက ၂၀၁၇ခုနှစ်ကသူရဲ့လူမှုကွန်ရက် တွစ်တာမှတဆင့် "ကျွန်တော်ကိုလား ဒါမှမဟုတ် ဘန်ဇီမာကိုလား ကျွန်တော်တို့တွေကိုချာတိတ်ဘဝမှာထဲက တိုးတက်မှုအတွက်အများကြီးမျှော်လင့်ခဲ့တာလား?"
ဒါကထူးဆန်းစရာအံသြစရာတော့မဟုတ်ပါဘူး။ရီးရဲလ်ကြယ်ပွင့်ကစားသမားက အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကြီးရဲ့  သူအကြောင်းပြောကြားချက်အပေါ်ကြိုက်နှစ်သက်ခဲ့ခြင်းမရှိပါဘူး။
"ကျွန်တော် အင်္ဂလန်ကစားသမားဟောင်းကြီးရဲ့ဝေဖန်ချက်ကိုလက်ခံပါတယ်။ဒီအရာကိုကျွန်တော်ရှာဖွေဖို့အရမ်းခက်ပါတယ်။ဂျာနယ်လစ်တွေက သူတို့အလုပ်စဖို့အတွက်အမုန်းတရားတွေနဲ့သတင်းတွေ အတင်းတွေကိုရောနှောပြီးဖြန့်နေတာကိုကျွန်တော်သိပါတယ် "လို့ Imdependentသတင်းစာကို ဘန်ဇီမားကပြောကြားခဲ့ပါတယ်။
"သူတို့ဆီမှာလည်းတူညီတဲ့ အခက်အခဲ တွေရှိခဲ့ကြပါတယ်။ဒါပေမယ့်ဒါကခိုင်မာမှုတော့ရှိမှာမဟုတ်ပါဘူး။ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင်သူအစားရှက်မိတယ်"
ဒါကလွန်ခဲ့တဲ့တစ်နှစ်ကဖြစ်ပေမည့် ဘန်ဇီမားကို အသင်းရဲ့ပရိသတ်များ နှင့်ဘောလုံးပရိသတ်များကပစ်မှတ်ထားခြင်းကိုခံရလေ့ရှိပါတယ်။
သို့သော်လည်းပဲ တွစ်တာအသုံးပြုသူ belkaceကမတရားမှုကိုချေပမည်ဆိုကာ အဆိုပါစကားဝိုင်းကိုစတင်ခဲ့ပါတယ်။ ဘန်ဇီမားအပေါ်ဝေဖန်ချက်တွေကိုချေပခဲ့ပြီး ဘန်ဇီမားကယခုနှစ်ရာသီမှာရီးရဲလ်အသင်းအတွက်ဘယ်လောက်ထိအရေးပါအရာရောက်လည်းဆိုတာပြောကြားခဲ့ပါတယ်။
"ကဲစပြီးကြည့်ရအောင် ယခုနှစ်ရာသီမှာဘန်ဇီမာက ၉ဂိုးသွင်းထားပေးတယ်ဒါကလက်ခံလို့ရတဲ့အနေအထားပါ။သူရဲ့ခေတ်ပြိုင်တွေဖြစ်ကြတဲ့ ဆွာရင်ဇ်ဆို ၉ဂိုး ရိုနယ်လ်ဒို ဆိုရင် ၈ဂိုး ဟာရီကိန်းဆို ၁၀ဂိုး လီဝန်ဒေါ့စကီး က၉ဂိုး မက်စီကတော့ ၁၂ဂိုး သွင်းထားတယ်။ဒါပေမယ့်ဘန်ဇီမားက ပင်နယ်တ်ီကန်သွင်းထားခြင်းမရှိသေးဘူး။"
"အခုတလောအများကြီးအငြင်းအခုံလုပ်ကြတယ် ဘန်ဇီမာက အပိုင်အခွင့်အရေးတွေအများကြီးဖြုန်းတီးတယ်လို့ဆိုကြတယ်။ဒါပေမယ့်သူအဲလောက်မဖြုံးတီးခဲ့ဘူး။သူ၃ကြိမ်သာ ဆုံးရှုံးခဲ့တာပါ။ရိုနယ်လ်ဒိုဆို ၈ကြိမ် ဆွာရက်ဇ်က ၁၁ကြိမ်လီဝန်ဒေါ့စကီး က၅ကြိမ် ဟာရီကိန်းက ၆ကြိမ် မက်စီက ၁ကြိမ် ယှဉ်ကြည့်ကြပါဗျ"
"ချန်ပီယံလိဂ်မှာဆိုရင် သူရဲ့အစွမ်းက အသင်းပေါ်သက်ရောက်မှု ၃၀ရာခိုင်နှုန်း မက်စီက ၄၂ ရာခိုင်နှုန်း ဘေးလ်က ၁၄ ရာခိုင်နှုန်း ကိန်းက ၃၆ရာခိုင်နှုန်း လီဝန်ဒေါ့စကီး က ၄၀ရာခိုင်နှုန်း ဆွာရက်ဇ် က ၀ ရာခိုင်နှုန်းရှိပါတယ်။တခြားတိုက်စစ်မှုးတွေနဲ့ယှဉ်ကြည့်ပါဦး"
"ဒါကအမှားကင်းတယ်လို့ပြောရမယ်ဗျ သူကရီးရဲလ်အသင်းမှာအမြဲ အကြိမ်ကြိမ်ပုန်းကွယ်နေခဲ့ရတာပါ။ပြီးခဲ့တဲ့၁၀နှစ်ကဆိုရင်ရိုနယ်လ်ဒိုရဲ့နောက်မှာဒုတိယ တိုက်စစ်မှုးအနေနှင့်ကစားခဲ့ရတယ်။ဒါကအမှန်တရားပါ။ရိုနယ်လ်ဒိုနဲ့မိုဒရစ်တို့ရဲ့အစွမ်းကြောင့်ပြီးခဲ့တဲ့နှစ်အနည်းငယ်က ရီးရဲလ်ပိုတောင့်တင်းလာခဲ့ပါတယ်ဆိုတာကျွန်တော်မငြင်းပါဘူး"
"သူကအသံတိတ်လူသတ်သမားဗျ သူရဲ့အကျိုးပြုမှုကိုမသိကျိုးကျွန်လုပ်နေကြတယ်။ဒါပေမယ့်ကျွန်တောင်ထင်တယ် အကယ်၍ ဘန်ဇီမာမပါဘဲအသင်းကစားရတဲ့ပွဲစဉ်တွေဆိုရင်အသင်းက အရမ်းကိုအားနည်းပြီး အလုပ်မဖြစ်တာကိုတွေ့ရတယ်။"
ဘာလဲဘန်ဇီမာကိုအထင်သေးဖို့လိုသေးလား?
No comments
Powered by Blogger.