Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ချန်ပီယံလိပ်ပွဲမှာ ဂျူဗင်တပ်စ်အသင်းကို၂- ဖြင့်အနိုင်ရပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြဟာ ဂျူဗင်တပ်စ်ပရိတ်သတ်တွေရှေ့ ဝေဖန်သံတွေကိုမကြားရတဲ့ပုံစံဖြင့် နားရွက်နောက်လက်ကိုကာကာ ပရိတ်သတ်တွေကိုမခံချိမခံသာဖြစ်အောင်လုပ်ပြခဲ့ပါတယ်။
(Unicode)
မော်ရင်ဟိုအောင်ပွဲခံတဲ့ပုံစံအတိုင်းလိုက်လုပ်ပြခဲ့တဲ့အန်ဆယ်လော့တီ
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက မော်ရင်ဟိုရဲ့နားရွက်နားလက်ကာပြီးအောင်ပွဲခံတဲ့ပုံစံဟာ လူတိုင်းအတွက်ထင်မြင်ချက်အမျိုးမျိုးဖြေစေခဲ့ပါတယ်။
ချန်ပီယံလိပ်ပွဲမှာ ဂျူဗင်တပ်စ်အသင်းကို၂-၁ ဖြင့်အနိုင်ရပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြဟာ ဂျူဗင်တပ်စ်ပရိတ်သတ်တွေရှေ့ဝေဖန်သံတွေကိုမကြားရတဲ့ပုံစံဖြင့် နားရွက်နောက်လက်ကိုကာကာ ပရိတ်သတ်တွေကိုမခံချိမခံသာဖြစ်အောင်လုပ်ပြခဲ့ပါတယ်။
အင်တာမီလန်အသင်းမှာ ၂နှစ်ကြာနည်းပြခဲ့တဲ့အသက်၅၅နှစ်အရွယ်နည်းပြက Allianz ကွင်းကြီးရဲ့ပရိတ်သတ်တွေဆီကဝေဖန်လှောင်ပြောင်သံတွေ ဒီထက်မက ကြားချင်သေးတယ်လို့အသေအချာပြောကြားခဲ့ပါတယ်။
ဂရမ်မီဆောင်းနက်စ် နဲ့ပေါလ်စခိုးလ်တို့လိုအားကစားဝေဖန်ရေးတစ်ချို့ကတော့ မော်ရင်ဟိုရဲ့အီတလီက အောင်ပွဲခံခဲ့တဲ့ပုံစံနဲ့ပတ်သတ်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။သို့သော်လည်း မော်ရင်ဟိုရဲ့ပုံစံဟန်ပန်တွေဟာ သူ့လိုမျိုးမန်နေဂျာအပေါင်းအသင်းရောင်းရင်းတွေအတွက်တော့ အတုယူစရာဖြစ်လာနေပါတယ်။စနေနေ့ည ဂျီနိုအာနဲ့ပွဲအတွက် နာပိုလီအသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ကာလို့စ်အန်ဆယ်လော့တီဟာ မီဒီယာတွေက မော်ရင်ဟိုနဲ့ပတ်သတ်တဲ့မေးခွန်းမေးခဲ့တဲ့အပေါ်သူကမော်ရင်ဟိုပုံစံအတိုင်းတုံပြန်ပြလိုက်တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးနဲ အင်တာနည်းပြဟောင်းရဲ့နားရွက်ကိုကာပြီးအောင်ပွဲခံတဲ့ပုံစံအားမေးခဲ့အပေါ် အန်ဆယ်လော့တီက “ ဆောရီး ခင်ဗျားပြောတာ ကျွန်တော်မကြားဘူး” လို့ပြန်ပြောခဲ့ပါတယ်။အောက်ကဗီဒီယိုမှာကြည့်ရင်တွေ့နိုင်ပါတယ်။
နာပိုလီအသင်းကိုဒီရာသီစီရီးအေမှာအဆင့်၃အတွင်းရောက်အောင်ဦးဆောင်နေတဲ့အန်ဆယ်လော့တီက အီတလီဘောလုံးလောက ကပရိတ်သတ်တွေရဲ့ယဉ်ကျေးမှုအကြောင်းပြောကြားခဲ့ပါတယ်။Footballitalia.net နဲ့တွေ့ဆုံမှာတော့ “ ကျွန်တော်တို့အကုန်လုံးကွင်းထဲရောက်သွားရင်တာဝန်တွေရယ် နားလည်မှုရှိဖို့လိုအပ်ပါသေးတယ်။ဒါကဘာကိုပြောသလဲဆိုရင် မိနစ်၉၀လုံးစော်ကားခံနေရတာကြောင့် ခင်ဗျားဘယ်လိုမှာသာယာပျော်ရွှင်နေမှာမဟုတ်ပါဘူး။ဒါဟာ နားလည်မှုပေးလို့ရတဲ့တုံပြန်မှုမျိုးပါ။ဒါဟာအောက်တန်းကျတာမဟုတ်ပါဘူး။ဒါဟာငေါ့တော့တော့လုပ်ပြလိုက်တာပါပဲ။မိနစ်၉၀လုံးစော်ကားခံခဲ့ရတော့အခုလိုဖြစ်သွားနိုင်တာပေါ့။” လို့ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်ဂျူဗင်တပ်စ်အသင်းကိုရည်ရွယ်ပြီးပြောနေတာမဟုတ်ပါဘူး။စကားမစပ် အီတလီမှာက စော်ကားတဲ့ယဉ်ကျေးမှုဟာ ပုံမှန်အတိုင်းအတာတစ်ခုလိုဖြစ်နေပါတယ်။မီလန်မှာ ရော နေပယ်မှာရောအတူတူပါပဲ။” 
ကာလို့စ်အယ်ဆန်လော့တီရဲ့ဖြေရှင်းချက်ကတကယ့်ကိုကောင်းပါတယ်။ သူ့ရဲ့နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံလိပ်ပွဲမှာ PSG ကို ၁-၁ သရေကျအောင်ကစားခဲ့ပြီး အုပ်စု C ရဲ့ထိပ်ပိုင်းမှာဦးဆောင်နေပါတယ်။
No comments
Powered by Blogger.