စေနေန ့ေနာက္ဆံုုးရေဟာ့အျဖစ္ဆံုုးသတင္းမ်ားစုုစည္းမႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္စီတီးနည္းျပပတ္ဂြာဒီယိုုလာက ယူႏိုုက္တက္နည္းျပေမာ္ရင္ဟိုုနဲ ့သူဟာ ခင္ဗ်ားတိုု ့ထင္တာထက္ လူေကာင္းေလးေတြျဖစ္ေၾကာင္းနဲ ့ယူနိုုက္တက္အသင္းရဲ ့လက္ရိွအသင္းစိတ္ဓာတ္ကိုုခ်ီးက်ဴးလိုုက္ပါတယ္။ တူရင္မွာ အနိုုင္ယူဖိုု ့ဆိုုတာ ၉ နွစ္ၾကာေလာက္ထိခက္ခဲေနခဲ့တာကိုု ယူနိုုက္တက္အသင္းအနိုုင္ယူျပခဲ့တာေတြ၊ နိုုင္ဖိုု ့ခက္တဲ့စတန္းဖိုု ့ဘရစ္ခ်္မွာ ခ်ဲလ္ဆီးအသင္းကိုုအနိုုင္ရလုုနီးပါးျဖစ္ခဲ့တာေတြပဲျဖစ္ပါတယ္။သမိုုင္းမွာယူႏိုုက္တက္ကိုုအနိုုင္ယူဖိုု ့မန္စီးတီးတိုု ့ခက္ခဲေလ့ရိွတာေၾကာင့္ မန္စီးတီးအေနနဲ ့ယူနိုုက္တက္ရဲ ့လက္ရိွစိတ္ဓာတ္ကိုုအတုုယူၿပီး ဒါဘီပြဲမွာအနိုုင္ယူသြားမယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။
ဂ်ဴဗင္တပ္စ္ကိုုအနိုုင္ရၿပီးကြင္းထဲ၀င္ၿပီးဂ်ဴဗင္ပရိတ္သတ္ေတြကိုမခံနိုုင္ေအာင္လုုပ္ျပခဲ့တဲ့ေမာ္ရင္ဟိုုတစ္ေယာက္ကြင္းထဲကေနထြက္ခြာနီးမွာဒိုုင္ဘားလားက ထိပ္တိုုက္ေျပာၾကားခဲ့တဲ့အေပၚအခုုလိုုျပန္ရွင္းျပခဲ့ပါတယ္။ “ ကၽြန္ေတာ္သူ ့ကိုုေစာ္ကားေမာ္ကားမေျပာခဲ့ပါဘူး။ကၽြန္ေတာ္က ဒါမလိုုအပ္ေတာ့ပါဘူး။ကြင္းထဲကေနအေကာင္းဆံုုးထြက္ခြာဖိုု ့ပဲသူ ့ကိုုေျပာလိုုက္တာပါ။” လိုု ့ဆိုုလိုုက္တာပဲျဖစ္ပါတယ္။
မန္စီးတီးေတာင္ပံကစားသမားရာဟမ္စတာလင္ဟာ အသင္းနဲ့၅နွစ္စာခ်ဳပ္သက္တမ္းသစ္တိုုးခ်ဳပ္ဆိုုခဲ့ၿပီး ၂၀၂၃ အထိအသင္းမွာဆက္ရိွေနေတာ့မွာပဲျဖစ္ပါတယ္။တစ္ပတ္လုုပ္ခ ေပါင္၃သိန္းအထိ ရရိွမွာလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းကေခၚယူဖိုု ့ခ်ိတ္ဆက္ျခင္းခံေနရတဲ့ ဘုုန္းလ္ေမာက္တိုုုုက္စစ္မွဴး၀ီလ္ဆင္ကို ဘုုန္းေမာက္နည္းျပဟိုုလ္၀ီကေရာင္းခ်ဖိုု ့ျငင္းဆန္ထားတယ္လိုု ့သိရပါတယ္။
အာဆင္နယ္အသင္းဟာ ဒဏ္ရာရသြားတဲ့အသင္းတိုုက္စစ္မွဴး၀ဲလ္ဘတ္ေနရာအစားထိုုးဖိုု ့ေပါင္၄၅သန္းတန္ လိုုင္လီတိုုက္စစ္မွဴးနီကိုုလပ္စ္ပီပီကို ဇန္န၀ါရီမွာေခၚယူဖိုု ့ျပင္ဆင္ေနေၾကာင္းသိရပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းကိုုအနိုုင္ရလိုုက္တာက လာမယ့္ဒါဘီပြဲမွာ ယူနိုုက္တက္အသင္းအတြက္အလွည့္အေျပာင္းတစ္ခုျဖစ္သြားေစတယ္လိုု ့ေနာက္ခံလူလင္ဒီေလာ့ဖ္ကယံုၾကည္ေနတာပဲျဖစ္ပါတယ္။
မိုုနာကိုုနည္းျပအြန္နရီက ယခုုနွစ္ေဘာ္လြန္ဒီေအာ္ဆုုကိုု ျပင္သစ္ကစားသမား သိုု ့ အင္ဒီဟာဇက္သာမရရင္ေတာ့ဒါဟာအတုုအေယာင္ဆုုသာျဖစ္သြားလိမ့္မယ္လိုု ့ေျပာၾကားလိုုက္ၿပီး မိုုဒရစ္၊ရိုုနယ္ဒို နဲ ့မက္ဆီတိုု ့ဟာဒီနွစ္မွာေတာ့ထိုုက္တန္မႈမရိွေၾကာင္းယံုုၾကည္ေနပါတယ္။
ယူနိုုက္တက္နည္းျပေမာ္ရင္ဟိုုက မန္စီးတီးအသင္းဟာ ရင္းနွီးျမွပ္နွံမႈေတြနဲ ့အတူအေကာင္းဆံုုးေဘာလံုုးအရည္အေသြးကိုုရရိွေနတာျဖစ္တာေၾကာင့္ အဲ့လိုုအရာဟာသူတိုု ့အတြက္အထိမခံနိုုင္တဲ့စံခ်ိန္တစ္ခုုလိုု ့ျဖစ္ေနၿပီလိုု ့ေျပာၾကားလိုုက္ပါတယ္။
ခ်ဲလ္ဆီးလက္ေထာက္နည္းျပဇိုုလာက အသင္းတိုုက္စစ္မွဴးေတြျဖစ္ၾကတဲ့မိုုရာတာနဲ ့ဂီေရာ ့တိုု ့ဟာယခုုထက္ဂိုုးေတြအမ်ားၾကီးသြင္းလိမ့္မယ္လိုု ့ဆိုုလိုုက္ပါတယ္။
(Unicode)
မန်စီတီးနည်းပြပတ်ဂွာဒီယိုလာက ယူနိုက်တက်နည်းပြမော်ရင်ဟိုနဲ့သူဟာ ခင်ဗျားတို့ထင်တာထက် လူကောင်းလေးတွေဖြစ်ကြောင်းနဲ့ယူနိုက်တက်အသင်းရဲ့လက်ရှိအသင်းစိတ်ဓာတ်ကိုချီးကျူးလိုက်ပါတယ်။ တူရင်မှာ အနိုင်ယူဖို့ဆိုတာ ၉ နှစ်ကြာလောက်ထိခက်ခဲနေခဲ့တာကို ယူနိုက်တက်အသင်းအနိုင်ယူပြခဲ့တာတွေ၊ နိုင်ဖို့ခက်တဲ့စတန်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးအသင်းကိုအနိုင်ရလုနီးပါးဖြစ်ခဲ့တာတွေပဲဖြစ်ပါတယ်။သမိုင်းမှာယူနိုက်တက်ကိုအနိုင်ယူဖို့မန်စီးတီးတို့ခက်ခဲလေ့ရှိတာကြောင့် မန်စီးတီးအနေနဲ့ယူနိုက်တက်ရဲ့လက်ရှိစိတ်ဓာတ်ကိုအတုယူပြီး ဒါဘီပွဲမှာအနိုင်ယူသွားမယ်လို့ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်ကိုအနိုင်ရပြီးကွင်းထဲဝင်ပြီးဂျူဗင်ပရိတ်သတ်တွေကိုမခံနိုင်အောင်လုပ်ပြခဲ့တဲ့မော်ရင်ဟိုတစ်ယောက်ကွင်းထဲကနေထွက်ခွာနီးမှာဒိုင်ဘားလားက ထိပ်တိုက်ပြောကြားခဲ့တဲ့အပေါ်အခုလိုပြန်ရှင်းပြခဲ့ပါတယ်။ “ ကျွန်တော်သူ့ကိုစော်ကားမော်ကားမပြောခဲ့ပါဘူး။ကျွန်တော်က ဒါမလိုအပ်တော့ပါဘူး။ကွင်းထဲကနေအကောင်းဆုံးထွက်ခွာဖို့ပဲသူ့ကိုပြောလိုက်တာပါ။” လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။
မန်စီးတီးတောင်ပံကစားသမားရာဟမ်စတာလင်ဟာ အသင်းနဲ့၅နှစ်စာချုပ်သက်တမ်းသစ်တိုးချုပ်ဆိုခဲ့ပြီး ၂၀၂၃ အထိအသင်းမှာဆက်ရှိနေတော့မှာပဲဖြစ်ပါတယ်။တစ်ပတ်လုပ်ခ ပေါင်၃သိန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကခေါ်ယူဖို့ချိတ်ဆက်ခြင်းခံနေရတဲ့ ဘုန်းလ်မောက်တိုက်စစ်မှူးဝီလ်ဆင်ကို ဘုန်းမောက်နည်းပြဟိုလ်ဝီကရောင်းချဖို့ငြင်းဆန်ထားတယ်လို့သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဒဏ်ရာရသွားတဲ့အသင်းတိုက်စစ်မှူးဝဲလ်ဘတ်နေရာအစားထိုးဖို့ပေါင်၄၅သန်းတန် လိုင်လီတိုက်စစ်မှူးနီကိုလပ်စ်ပီပီကို ဇန်နဝါရီမှာခေါ်ယူဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
ဂျူဗင်တပ်စ်အသင်းကိုအနိုင်ရလိုက်တာက လာမယ့်ဒါဘီပွဲမှာ ယူနိုက်တက်အသင်းအတွက်အလှည့်အပြောင်းတစ်ခုဖြစ်သွားစေတယ်လို့နောက်ခံလူလင်ဒီလော့ဖ်ကယုံကြည်နေတာပဲဖြစ်ပါတယ်။
မိုနာကိုနည်းပြအွန်နရီက ယခုနှစ်ဘော်လွန်ဒီအော်ဆုကို ပြင်သစ်ကစားသမား သို့ အင်ဒီဟာဇက်သာမရရင်တော့ဒါဟာအတုအယောင်ဆုသာဖြစ်သွားလိမ့်မယ်လို့ပြောကြားလိုက်ပြီး မိုဒရစ်၊ရိုနယ်ဒို နဲ့မက်ဆီတို့ဟာဒီနှစ်မှာတော့ထိုက်တန်မှုမရှိကြောင်းယုံကြည်နေပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက မန်စီးတီးအသင်းဟာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူအကောင်းဆုံးဘောလုံးအရည်အသွေးကိုရရှိနေတာဖြစ်တာကြောင့် အဲ့လိုအရာဟာသူတို့အတွက်အထိမခံနိုင်တဲ့စံချိန်တစ်ခုလို့ဖြစ်နေပြီလို့ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးလက်ထောက်နည်းပြဇိုလာက အသင်းတိုက်စစ်မှူးတွေဖြစ်ကြတဲ့မိုရာတာနဲ့ဂီရော့တို့ဟာယခုထက်ဂိုးတွေအများကြီးသွင်းလိမ့်မယ်လို့ဆိုလိုက်ပါတယ်။
Post a Comment