Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
Super Sunday ရဲ့နံနက်ခင်းနောက်ဆုံးရသတင်းတိုများ
လွန်ခဲ့တဲ့ ၁၈လက အီတီဟဒ်မှာကစားခဲ့တဲ့ပွဲမှာ ဖယ်လာနီနဲ့အဂူရိုတို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုမှာဖယ်လာနီအနီကဒ်ပြခံခဲ့ရတာနဲ့ ပတ်သတ်ပြီး နည်းပြမော်ရင်ဟိုကအဂူရိုကိုအခုထိမကျေမနပ်ဖြစ်နေတုန်းပါပဲ။ “ အဂူရိုကိုကျွန်တော်ကြိုက်ပါတယ်။သူ ရဲ့အရည်အသွေးတွေကြောင့်ရယ် သူဟာ ကမ္ဘာ အနံှ့ဂိုးတွေသွင်းတဲ့သူတွေပါ။ဒါပင်မယ့်အဲ့တစ်ချက်ထဲနဲ့တော့မရပါဘူး။အဆိုပါပွဲမှာဒိုင်လူကြီးအက်တင်ဆန်က ကျွန်တော့်ကိုပြောတယ်။သူ့အမြင်မှာဒါကအနီကဒ်တဲ့။ဒါပင်မယ့်ကျွန်တော် အဂူရိုကိုဥမင်လှိုင်ခေါင်းမှာတွေ့တော့ အကောင်းအတိုင်းပါ။ခေါင်းလဲကွဲမသွားဘူး။နှာခေါင်းလဲမကျိုးသွားဘူး။သူ့မျက်နှာကအရင်အတိုင်းအကောင်းတိုင်းပါပဲ။“
အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမားမခ်ခီတာရမ်က အသင်းရဲ့နည်းပြအမ်မရီဟာ နည်းပြဟောင်းအာဆင်ဝင်းဂါးပြုစုပျိုးထောင်ခဲ့တဲ့အသင်းအပေါ်အကောင်းဆုံးဦးဆောင်ပြီး ပြန်လည်တည်ဆောက်နေတာဖြစ်တယ်လို့ချီးကျူးပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာဟာ ယနေ့မန်ချက်စတာဒါဘီပွဲမှာ ပါဝင်နိုင်ဖို့ကြံ့ခိုင်ရေးစမ်းသပ်ချက်ကိုလုပ်ဆောင်နေတယ်လို့သိရပါတယ်။ပေါ့ဘာဟာ ပြီးခဲ့တဲ့ဂျူဗင်တပ်စ်အသင်းနဲ့ပွဲအပြီးမှာဒဏ်ရာအနည်းငယ်ရရှိထားတယ်လို့သိရပါတယ်။
မန်စီးတီးကွင်းလယ်လူဖာနန်ဒင်ဟိုက အသင်းရဲ့အရေးကြီးတဲ့နေရာမှာကစားပေးနေရတဲ့အတွက် ကျေနပ်ပျော်ရွှင်တယ်လို့ပြောကြားလိုက်ပါတယ်။
ကျွန်တော်တို့ဟာဂျုဗင်တပ်စ်အသင်းကို ချီးကျူးဂုဏ်ပြုမှာဖြစ်သော်လည်း ဆန်စီယိုမှာတော့ သူတို့ကိုအရင်ဆုံးတိုက်ပွဲတစ်ခုနဲ့မိတ်ဆက်ပေးမယ်လို့အေစီမီလန်နည်းပြဂတ်တူဆိုကပြောကြားလိုက်ပါတယ်။
ပေါ့ဘာအေးဂျင့် ရိုင်အိုလာက မော်ရင်ဟိုနဲ့ပေါ့ဘာတို့ရဲ့ဆက်ဆံရေးဟာပြန်ပေါင်းထုတ်သွားကြပြီဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
Post a Comment