Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဒီပေးကိုပြန်ခေါ်နိုင်တဲ့အခွင့်အရေးအားပြန်အသက်သွင်းဖို့ရှိနေတဲ့မော်ရင်ဟို
မာဖစ်ဒီပေးဟာ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းနဲ့ပွဲမှာဂိုးထပ်သွင်းပြခဲ့ပြီးနောက် မန်ယူနိုက်တက်ပရိတ်သတ်များဟာမော်ရင်ဟိုအား ဒီပေးအားပြန်ခေါ်နိုင်ခွင့်ကိုလုပ်ဆောင်ဖို့တောင်းဆိုနေကြပါတယ်။နယ်သာလန်အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက် ဒီပေးကိုရောင်းချစဉ်က ပြန်လည်ခေါ်ယူခွင့်အချက်ကိုအခုအချိန်မှာအသုံးချဖို့မော်ရင်ဟိုကိုအသဲအသန်တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

Nation League ပွဲတစ်ပွဲဖြစ်တဲ့ ပြင်သစ်အသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ ဒီပေးဟာ ပယ်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။သူသွင်းယူခဲ့တဲ့ဂိုးကြောင်း သူဟာ ၂၀၁၈ ခုနှစ်အတွင်းနိုင်ငံအသင်းအတွက်ရောကလပ်အသင်း လိုင်ယွန်အသင်းတို့အတွက် ပွဲပေါင်း၅၂ ပွဲမှာ ၄၁ဂိုးထိပါဝင်ပတ်သတ်နေပြီး ၂၃ ဂိုးသွင်းယူထားက ၁၈ကြိမ်အထိပံပိုးပေးထားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အတော်လေးခြေစွမ်းပြကစားပြီး ပုံစံကောင်းတွေပါပြနေတာကြောင့် ပရိတ်သတ်တွေက လာမယ့်အပြောင်းအရွှေ့ရာသီဖွင့်တာနဲ့ပြန်ခေါ်ဖို့လိုလားနေတာပဲဖြစ်ပါတယ်။
Post a Comment