Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








(Unicode)

ဒီနှစ်ဘောလုံးရာသီရဲ့အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုဖြစ်သွားနိုင်တဲ့ဒီဂီယာရဲ့အံမခန်းလက်စွမ်း

ဒီဂီယာဆိုသည်မှာ ဤအရာကိုဆိုလိုသည်ကိုပြောရမလားပဲ..

မန်ချက်စတာယူနိုက်တက်ရဲ့ဂိုးသမားဟာမနေ့ညကကစားခဲ့တဲ့ချန်ပီယံလိပ်အုပ်စုပွဲ ယန်းဘွိုင်းနဲ့ပွဲ ဒုတိယပိုင်းမှာတော့တကယ့်ကိုမဖြစ်နိုင်တဲ့ကာကွယ်ပုတ်ထုတ်မှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်။

ပွဲကစားချိန်မိနစ် ၇၀မှာတော့ ယန်းဘွိုင်းစ်အသင်းဟာ ဒေါင့်ကန်ဘောရခဲ့ပြီး ယူနိုက်တက်ရှင်းထုတ်လိုက်တဲ့ဘောလုံးဟာပယ်နယ်တီဧရိယာအကျော်ကိုသာရောက်ခဲ့ပါတယ်။ယန်းဘွိုင်းစ်ရဲ့တိုက်စစ်မှူးဟာရှုတ်ယှက်ခက်နေတဲ့ကြားဘောလုံးကို ဂိုးပေါက်ကိုကန်သွင်းလိုက်ပြီး အဆိုပါဘောလုံးဟာ ဂိုးပေါက်ထဲတန်းတန်းမတ်မတ်ဝင်သွားဖို့တကယ့်ကိုနီးစပ်နေတာပါ။သို့သော်လည်း ယူနိုက်တက်ရဲ့နံပါတ်၁ကတော့ ဂိုးစည်းပေါ်ရောက်နေပြီဖြစ်တဲ့အဆိုပါဘောလုံးကို ဆွဲထုတ်ပုတ်ထုတ်ပြလိုက်ပါတော့တယ်။

ဒီရာသီရဲ့ အကောင်းဆုံးကာကွယ်မှုလား?? ပြောစရာမလိုအောင်ပါပဲ။ဒီစပိန်သားရဲ့လက်စွမ်းကို လူမှုကွန်ယက်တွေမှာလတ်တလောချီးကျူးနေကြတာကိုတွေ့ရပါတယ်။

မယုံနိုင်စရာကာကွယ်မှုပါပဲ။

ဒီကာကွယ်မှုက ဒီပွဲအတွက် အရေးပါခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဖယ်လာနီက ၁ဂိုးသွင်းယူပေးခဲ့ကာ ယူနိုက်တက်ကိုနောက်တစ်ဆင့်တက်ရောက်သွားစေခဲ့ပါတယ်။


No comments

Powered by Blogger.