VARစနစ္ကိုအသံုးျပဳဖို႔ရွိေနတဲ့ယခုုနွစ္ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ျပီးခဲ့တဲ့မန္စီးတီးနဲ႕ရွက္တာဒိုးနက္တို႕ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္စီးတီးေတာင္ပံကစားသမားရာဟင္စတာလင္ ေျပးေနရင္းနဲ႔လဲက်သြားခဲ့တာကို ဒိုင္လူျကီးက ပင္နယ္တီသတ္မွတ္ေပးခဲ့ပါတယ္။ျကည့္ရအေတာ္ဆိုးတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ခဲ့ေပမယ့္ ျပိဳင္ပြဲကိုေတာ့ သက္ေရာက္မႈေကာင္းေတြျဖစ္ေစေတာ့မွာပါ။တကယ္ေတာ့ စတာလင္လဲက်သြားခဲ့တာ ရွက္တာေနာက္ခံလူေတြေျကာင့္မဟုတ္ပဲ ေျပးေနရင္ေျခေထာက္နဲ႕ေျမျကီးတိုက္မိခဲ့တာေျကာင့္ပါ။ဒါကို ပင္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့တာေျကာင့္ ေဝဖန္သံေတြဆူညံသြားခဲ့တာျဖစ္ပါတယ္။
ဒီျဖစ္ရပ္မွာ စတာလင္ဒိုင္ပင္ထိုးခဲ့ျခင္းမရွိသလို ျပစ္ဒဏ္ေဘာေတာင္းခဲ့တာလည္းမဟုတ္ပဲ ပင္နယ္တီရခဲ့တာေျကာင့္အေတာ္ေပါက္ကရနိုင္တဲ့ျဖစ္ရပ္ပါပဲ။ဒိုင္လူျကီးဟာ ဒီျဖစ္ရပ္ကို ျမင္နိုင္တဲ့ေနရာမွာရွိေနသလို ဂိုးစည္းျကပ္လည္းရွိေနပါတယ္။ ဒါေျကာင့္ UEFAရဲ႕ ဂိုးစည္းျကပ္ထားျခင္းဟာ ထူးျခားျပီးအလုပ္ျဖစ္မလာဘူးဆိုတာကိုျပလိုက္သလိုပါပဲ။ေနာက္နွစ္ခ်န္ပီယံလိဂ္မွာမွ VARကိုစတင္အသံုးျပဳဖို႔စီစဥ္ထားတာျဖစ္ေပမယ့္ သတင္းေတြအရေတာ့ ရံႈးထြက္အဆင့္မွာထဲက ဒီစနစ္ကိုအသံုးျပဳဖို႔ ဒီဇင္ဘာ၃ရက္ေန႔မွာ UEFAက တရားဝင္ေျကညာဖြယ္ရွိေနပါတယ္။
စတာလင္ရဲ႕ျဖစ္ရပ္videoဖိုင္ကိုျကည့္ျပီးေနာက္ ဒီအစီအစဥ္ကို အလ်ွင္အျမန္ဆံုးျဖတ္ခဲ့တာပါ။ဒီစနစ္သံုးခဲ့ရင္ေတာ့ဂိုးစည္းျကပ္ေတြကို ေနာက္ထပ္ျမင္ရေတာ့မွာ မဟုတ္ပါဘူး။ယူရိုပါလိဂ္မွာေတာ့ အသံုးျပဳေသးမွာမဟုတ္ပဲ ဗိုလ္လုပြဲ မွာသံုးဖို႔ကိုေတာ႔ ေဆြးေႏြးေနပါတယ္။ထိပ္တန္းလိဂ္ေတြထဲမွာေတာ့ VARစနစ္မသံုးတာဆိုလို႕ ပရီးမီးယားလိဂ္သာလ်ွင္က်န္ေတာ့ပါတယ္။ ဒါေပမယ့္ေနာက္နွစ္ေတာ့သံုးဖို႕ရွိေနပါျပီ။ဒီစနစ္ဟာ ကမၻာ့ဖလားမွာလည္း အေတာ္အသင့္ေအာင္ျမင္ခဲ့ျပီး မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြအတြက္အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ေျပာစရာဆိုလို႔ ကမာၻ ့ဖလားဗိုလ္လုပြဲမွာ ခရိုေအးရွားဘက္ကို ပင္နယ္တီအျဖစ္ ျပင္းျပင္းထန္ထန္သတ္မွတ္ေပးခဲ့တာပဲရွိပါတယ္။ခ်န္ပီယံလိဂ္မွာေတာ့ ဒိုင္ဗင္ကစားသမားေတြေပ်ာက္ကြယ္ဖို႔ အနည္းငယ္ပဲေစာင့္ရေတာ့မွာပါ။
(Unicode)
VARစနစ်ကိုအသုံးပြုဖို့ရှိနေတဲ့ယခုနှစ်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်
ပြီးခဲ့တဲ့မန်စီးတီးနဲ့ရှက်တာဒိုးနက်တို့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးတောင်ပံကစားသမားရာဟင်စတာလင် ပြေးနေရင်းနဲ့လဲကျသွားခဲ့တာကို ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ကြည့်ရအတော်ဆိုးတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲကိုတော့ သက်ရောက်မှုကောင်းတွေဖြစ်စေတော့မှာပါ။တကယ်တော့ စတာလင်လဲကျသွားခဲ့တာ ရှက်တာနောက်ခံလူတွေကြောင့်မဟုတ်ပဲ ပြေးနေရင်ခြေထောက်နဲ့မြေကြီးတိုက်မိခဲ့တာကြောင့်ပါ။ဒါကို ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့တာကြောင့် ဝေဖန်သံတွေဆူညံသွားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ စတာလင်ဒိုင်ပင်ထိုးခဲ့ခြင်းမရှိသလို ပြစ်ဒဏ်ဘောတောင်းခဲ့တာလည်းမဟုတ်ပဲ ပင်နယ်တီရခဲ့တာကြောင့်အတော်ပေါက်ကရနိုင်တဲ့ဖြစ်ရပ်ပါပဲ။ဒိုင်လူကြီးဟာ ဒီဖြစ်ရပ်ကို မြင်နိုင်တဲ့နေရာမှာရှိနေသလို ဂိုးစည်းကြပ်လည်းရှိနေပါတယ်။ ဒါကြောင့် UEFAရဲ့ ဂိုးစည်းကြပ်ထားခြင်းဟာ ထူးခြားပြီးအလုပ်ဖြစ်မလာဘူးဆိုတာကိုပြလိုက်သလိုပါပဲ။နောက်နှစ်ချန်ပီယံလိဂ်မှာမှ VARကိုစတင်အသုံးပြုဖို့စီစဉ်ထားတာဖြစ်ပေမယ့် သတင်းတွေအရတော့ ရှုံးထွက်အဆင့်မှာထဲက ဒီစနစ်ကိုအသုံးပြုဖို့ ဒီဇင်ဘာ၃ရက်နေ့မှာ UEFAက တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။
စတာလင်ရဲ့ဖြစ်ရပ်videoဖိုင်ကိုကြည့်ပြီးနောက် ဒီအစီအစဉ်ကို အလျှင်အမြန်ဆုံးဖြတ်ခဲ့တာပါ။ဒီစနစ်သုံးခဲ့ရင်တော့ဂိုးစည်းကြပ်တွေကို နောက်ထပ်မြင်ရတော့မှာ မဟုတ်ပါဘူး။ယူရိုပါလိဂ်မှာတော့ အသုံးပြုသေးမှာမဟုတ်ပဲ ဗိုလ်လုပွဲ မှာသုံးဖို့ကိုတော့ ဆွေးနွေးနေပါတယ်။ထိပ်တန်းလိဂ်တွေထဲမှာတော့ VARစနစ်မသုံးတာဆိုလို့ ပရီးမီးယားလိဂ်သာလျှင်ကျန်တော့ပါတယ်။ ဒါပေမယ့်နောက်နှစ်တော့သုံးဖို့ရှိနေပါပြီ။ဒီစနစ်ဟာ ကမ္ဘာ့ဖလားမှာလည်း အတော်အသင့်အောင်မြင်ခဲ့ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအတွက်အထောက်အကူဖြစ်စေခဲ့ပါတယ်။ပြောစရာဆိုလို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားဘက်ကို ပင်နယ်တီအဖြစ် ပြင်းပြင်းထန်ထန်သတ်မှတ်ပေးခဲ့တာပဲရှိပါတယ်။ချန်ပီယံလိဂ်မှာတော့ ဒိုင်ဗင်ကစားသမားတွေပျောက်ကွယ်ဖို့ အနည်းငယ်ပဲစောင့်ရတော့မှာပါ။
Post a Comment