ချန်ပီယံလိပ်အုပ်စုပွဲစဉ်၎များအပြီးနောက်ဆုံးရသတင်းများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချန်ပီယံလိပ်အုပ်စုပွဲစဉ်၄များအပြီးနောက်ဆုံးရသတင်းများ
မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုကသူဟာပွဲအပြီးမှာဂျူဗင်တပ်စ်ပရိတ်သတ်တွေကိုမခံချိမခံသာဖြစ်အောက်မစသင့်တာမှန်သော်လည်း မိနစ်၉၀ လုံးအဆိုပါပရိတ်သတ်တွေရဲ့စော်ကားခြင်းကိုခံနေခဲ့ရတာဖြစ်ကြောင်းအထူးသဖြင့်သူအရင်ကအီတလီကကိုင်တွယ်ခဲ့တဲ့အင်တာမီလန်မိသားစုအပေါ်စော်ကားလာခဲ့တာကြောင့်အခုလိုတုံ့ပြန်လိုက်တာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက သူတို့အသင်းဟာယူနိုက်တက်အသင်းကို ၄ ၅ဂိုးလောက်အပြတ်သွင်းဖို့အခွင့်အရေးရခဲ့တယ်လို့ ငြီးတွားပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ယူနိုက်တက်အသင်းအတွက်လူးစာဝင်လာတဲ့ဖယ်လာနီက အရာရာကို ကွဲပြားအောင်လုပ်ဆောင်သွားစေခဲ့တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
ရှက်တာဒိုးနက်အသင်းကို ၆-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ ဒုတိယမြောက်ဦးဆောင်ဂိုးမှာစတာလင်ရဲ့သိသာတဲ့ဟန်ဆောင်လဲချမှုအပေါ် ဒါဟာမှားယွင်းတဲ့ ဆုံးဖြတ်ချက်မှန်း မန်စီးတီးနည်းပြဂွာဒီယိုလာကလက်ခံယုံကြည်တယ်လို့ဝန်ခံစကားဆိုလိုက်ပါတယ်။
ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဖရီးကစ်ချေပဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူမာတာက သူဟာ ဖရီးကစ်အတွက်ပြီးပြည့်စုံတဲ့နည်းစနစ်ပိုင်းဆိုင်ရာအကုန်သိပြီးသားလို့ဝန်ခံပြောကြားလိုက်ပါတယ်။
ဟန်ဆောင်လဲကျသလို ဖြစ်ခဲ့ပြီးပယ်နယ်တီရခဲ့တဲ့မန်စီးတီးတောင်ပံကစားသမားစတာလင်က ပွဲအပြီးမှာတော့ ဒိုင်လူကြီးနဲ့ရှက်တာဒိုးနက်စ်အသင်းအပေါ်အဆိုပါလုပ်ရပ်နဲ့ပတ်သတ်ပြီးတောင်းပန်ခဲ့ကြောင်းသိရပါတယ်။
VIKTORIA PLZEŇ အသင်းကို ၅-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီးမားက တစ်ခါတစ်လေကျလူတွေဟာ ကျွန်တော်ကွင်းထဲမှာဘာလုပ်ပြနေသလဲဆိုတာနားမလည်ကြကြောင်း ပြောကြားလိုက်ပါတယ်။
Post a Comment