Header Ads


ခ်ဲလ္ဆီးအသင္းရဲ ့အသင္းေခါင္းေဆာင္ဘယ္သူလဲဆိုုတာအတည္ျပဳေျပာၾကားနိုုင္ခဲ့ၿပီျဖစ္တဲ့ဆာရီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၂၀၁၈ေဘာလံုုးရာသီစလိုု ့၁၀ပတ္ၾကာၿပီးေနာက္ ခ်ဲလ္ဆီးနည္းျပဆာရီက ဂယ္ရီကာေဟးလ္ဟာ ခ်ဲလ္ဆီးအသင္းရဲ ့ပထမဦးစားေပးအသင္းေခါင္းေဆာင္ျဖစ္တယ္လိုု ့ေနာက္ဆံုုးမွာအတည္ျပဳေျပာၾကားလိုုက္ပါတယ္။

ဆာရီဟာ ခ်ဲလ္ဆီးအသင္းရဲ ့နည္းျပရာထူးကိုု ၿပီးခဲ့တဲ့ ဂ်ဴလိုုင္လကရယူခဲ့တာျဖစ္ၿပီး အျပာေရာင္တပ္သားေတြရဲ ့အသင္းေခါင္းေဆာင္လက္ပတ္ဘယ္သူ ့ကိုုေပးရမလဲ သူ ့တပည့္ေတြၾကားအခ်ိန္ေပးေစာင့္ၾကည့္ေနခဲ့တာပဲျဖစ္ပါတယ္။ဒီေန ့သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆာရီက ကာေဟးလ္ဟာ ကြင္းထဲမွာရိွေနရင္အသင္းေခါင္းေဆာင္ျဖစ္ပါတယ္လိုု ့အတည္ျပဳေျပာၾကားလိုုက္ပါတယ္။ကာေဟးလ္တစ္ေယာက္မကစားေပးနိုုင္တဲ့အခ်ိန္တုုန္းကေတာ့ အက္စပတ္က်ဴတာဟာ အသင္းေခါင္းေဆာင္ရာထူးကိုရယူထားရတာပဲျဖစ္ပါတယ္။



အသက္၃၂နွစ္အရြယ္ ေနာက္ခံလူကာေဟးလ္ဟာ မႏွစ္ရာသီမန္ေနဂ်ာေဟာင္းကြန္တီလက္ထက္မွာလည္း အသင္းေခါင္းေဆာင္ျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့ပြဲေတြမွာလည္း ကာေဟးလ္ဟာ အသင္းေခါင္းေဆာင္ျဖစ္ေၾကာင္းကၽြန္ေတာ္တိုု ့ေတြေတြ ့ခဲ့ရပါတယ္။ကာေဟးလ္ဟာ ကြင္းထဲမွာမရိွရင္ေတာ့ ဘန္ေလနဲ ့ပြဲတုုန္းကလိုုပဲ အက္စပတ္က်ဴတာဟာ အသင္းေခါင္းေဆာင္ပါပဲ။ကၽြန္ေတာ္တိုု ့ရဲ ့အသင္းေခါင္းေဆာင္ဟာ ကာေဟးလ္ပါ။ကာေဟးလ္ဟာ မနွစ္ရာသီကလည္းအသင္းေခါင္းေဆာင္ျဖစ္ခဲ့ပါတယ္။သူ ့ရဲ ့အသင္းေဖာ္ေတြနဲ ့အတူကၽြန္ေတာ္စကားေျပာၾကည့္တယ္။လူတိုုင္းကေျပာၾကတယ္။သူဟာ အရမ္းေကာင္းတဲ့အသင္းေခါင္းေဆာင္ေကာင္းတစ္ေယာက္လိုု ့ကၽြန္ေတာ့္ကိုု ေျပာၾကပါတယ္။လိုု ့ဆာရီကဆိုုလိုုက္ပါတယ္။

ကာေဟးလ္ဟာ ဒီရာသီခ်ဲလ္ဆီးအသင္းအတြက္ ၅ႀကိမ္သာပါ၀င္ကစားခဲ့ရပါတယ္။ EFL ဖလား၂ပြဲ ယူရိုုပါလိပ္ဖလား ၂ပြဲနဲ ့ပရီးမီးယားလိပ္၁ပြဲသာပါ၀င္ကစားထားရေသးတာပဲျဖစ္ပါတယ္။ပရီးမီးယားလိပ္ပြဲထြက္ကစားေနစဥ္တုုန္းကလည္းသူဟာ ၂၁မိနစ္သာ အရန္ခံုုကေနပြဲထြက္ကစားခဲ့ၿပီးအသင္းေခါင္းေဆာင္လည္းမျဖစ္ခဲ့ပါဘူး။သူဟာခ်ဲလ္ဆီးအသင္းရဲ ့ေနာက္ဆံုုး၄ပြဲမွာ အရန္ခံုုေပၚသာထိုုင္ခဲ့ရၿပီး ပထမဆံုုးပြဲ၅ပြဲမွာလည္းလူစာရင္းမွာမပါ၀င္ခဲ့ပါဘူး။သူဟာ ရူဒီဂါ နဲ ့လူ၀စ္တိုု ့ေလာက္အသင္းမွာေနရာတစ္ေနရာကိုု မရယူနိုုင္ေသာ္လည္း အသင္းေဖာ္ေတြရဲ ့ေလးစားမႈကိုု ရယူထားနိုုင္ခဲ့ၿပီး သူ ့ဟာေခါင္းေဆာင္အရည္အေသြးေတြအျပည့္အ၀ရိွေၾကာင္းအသင္းေဖာ္ေတြအားလံုုးကယံုုၾကည္ေနပါတယ္။



ၿပီးခဲ့တဲ့စက္တင္ဘာေႏွာင္းပိုင္းေလာက္က ကာေဟးလ္တစ္ေယာက္ အသင္းရဲ ့လူစာရင္းမွာသာ ဆက္ၿပီးမပါေတာ့ရင္ လာမယ့္ဇန္န၀ါ၇ီမွာ စတန္းဖိုု ့ဘရစ္ခ်္ကေနထြက္ခြာေတာ့ဖိုု ့ေတာင္းဆိုုခဲ့ပါေသးတယ္။ကာေဟးလ္ရဲ ့အနာဂတ္နဲ ့ပတ္သတ္ၿပီး ေမးျမန္းခဲ့တဲ့အေပၚဘာအာမခံခ်က္တစ္ခုုမွဆာရီတစ္ေယာက္မေပးခဲ့ပါဘူး။


အဲ့ဒါကသူနဲ ့ပဲဆိုုင္ပါတယ္။ၿပီးခဲ့တဲ့ ၇ပြဲ ၈ပြဲေလာက္မၾကာခဏပါ၀င္ကစားခဲ့ပါတယ္။ကၽြန္ေတာ္မသိပါဘူး။ကလပ္ရယ္ သူနဲ ့ပဲဆိုုင္ပါတယ္။ကၽြန္ေတာ့္အတြက္ေတာ့ ကာေဟးလ္ဟာ ကြင္းထဲမွာေရာ ကြင္းျပင္ပကပါ အေရးၾကီးတဲ့ကစားသမားပါ။လိုု ့ဆာရီကေျပာၾကားခဲ့ပါေသးတယ္။

(Unicode)

ချဲလ်ဆီးအသင်းရဲ့အသင်းခေါင်းဆောင်ဘယ်သူလဲဆိုတာအတည်ပြုပြောကြားနိုင်ခဲ့ပြီဖြစ်တဲ့ဆာရီ

၂၀၁၈ဘောလုံးရာသီစလို့၁၀ပတ်ကြာပြီးနောက် ချဲလ်ဆီးနည်းပြဆာရီက ဂယ်ရီကာဟေးလ်ဟာ ချဲလ်ဆီးအသင်းရဲ့ပထမဦးစားပေးအသင်းခေါင်းဆောင်ဖြစ်တယ်လို့နောက်ဆုံးမှာအတည်ပြုပြောကြားလိုက်ပါတယ်။

ဆာရီဟာ ချဲလ်ဆီးအသင်းရဲ့နည်းပြရာထူးကို ပြီးခဲ့တဲ့ ဂျူလိုင်လကရယူခဲ့တာဖြစ်ပြီး အပြာရောင်တပ်သားတွေရဲ့အသင်းခေါင်းဆောင်လက်ပတ်ဘယ်သူ့ကိုပေးရမလဲ သူ့တပည့်တွေကြားအချိန်ပေးစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဆာရီက ကာဟေးလ်ဟာ ကွင်းထဲမှာရှိနေရင်အသင်းခေါင်းဆောင်ဖြစ်ပါတယ်လို့အတည်ပြုပြောကြားလိုက်ပါတယ်။ကာဟေးလ်တစ်ယောက်မကစားပေးနိုင်တဲ့အချိန်တုန်းကတော့ အက်စပတ်ကျူတာဟာ အသင်းခေါင်းဆောင်ရာထူးကိုရယူထားရတာပဲဖြစ်ပါတယ်။

အသက်၃၂နှစ်အရွယ် နောက်ခံလူကာဟေးလ်ဟာ မနှစ်ရာသီမန်နေဂျာဟောင်းကွန်တီလက်ထက်မှာလည်း အသင်းခေါင်းဆောင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ “ ပြီးခဲ့တဲ့ပွဲတွေမှာလည်း ကာဟေးလ်ဟာ အသင်းခေါင်းဆောင်ဖြစ်ကြောင်းကျွန်တော်တို့တွေတွေ့ခဲ့ရပါတယ်။ကာဟေးလ်ဟာ ကွင်းထဲမှာမရှိရင်တော့ ဘန်လေနဲ့ပွဲတုန်းကလိုပဲ အက်စပတ်ကျူတာဟာ အသင်းခေါင်းဆောင်ပါပဲ။ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ဟာ ကာဟေးလ်ပါ။ကာဟေးလ်ဟာ မနှစ်ရာသီကလည်းအသင်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်တွေနဲ့အတူကျွန်တော်စကားပြောကြည့်တယ်။လူတိုင်းကပြောကြတယ်။သူဟာ အရမ်းကောင်းတဲ့အသင်းခေါင်းဆောင်ကောင်းတစ်ယောက်လို့ကျွန်တော့်ကို ပြောကြပါတယ်။” လို့ဆာရီကဆိုလိုက်ပါတယ်။

ကာဟေးလ်ဟာ ဒီရာသီချဲလ်ဆီးအသင်းအတွက် ၅ကြိမ်သာပါဝင်ကစားခဲ့ရပါတယ်။ EFL ဖလား၂ပွဲ ယူရိုပါလိပ်ဖလား ၂ပွဲနဲ့ပရီးမီးယားလိပ်၁ပွဲသာပါဝင်ကစားထားရသေးတာပဲဖြစ်ပါတယ်။ပရီးမီးယားလိပ်ပွဲထွက်ကစားနေစဉ်တုန်းကလည်းသူဟာ ၂၁မိနစ်သာ အရန်ခုံကနေပွဲထွက်ကစားခဲ့ပြီးအသင်းခေါင်းဆောင်လည်းမဖြစ်ခဲ့ပါဘူး။သူဟာချဲလ်ဆီးအသင်းရဲ့နောက်ဆုံး၄ပွဲမှာ အရန်ခုံပေါ်သာထိုင်ခဲ့ရပြီး ပထမဆုံးပွဲ၅ပွဲမှာလည်းလူစာရင်းမှာမပါဝင်ခဲ့ပါဘူး။သူဟာ ရူဒီဂါ နဲ့လူဝစ်တို့လောက်အသင်းမှာနေရာတစ်နေရာကို မရယူနိုင်သော်လည်း အသင်းဖော်တွေရဲ့လေးစားမှုကို ရယူထားနိုင်ခဲ့ပြီး သူ့ဟာခေါင်းဆောင်အရည်အသွေးတွေအပြည့်အဝရှိကြောင်းအသင်းဖော်တွေအားလုံးကယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာနှောင်းပိုင်းလောက်က ကာဟေးလ်တစ်ယောက် အသင်းရဲ့လူစာရင်းမှာသာ ဆက်ပြီးမပါတော့ရင် လာမယ့်ဇန်နဝါရီမှာ စတန်းဖို့ဘရစ်ချ်ကနေထွက်ခွာတော့ဖို့တောင်းဆိုခဲ့ပါသေးတယ်။ကာဟေးလ်ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး မေးမြန်းခဲ့တဲ့အပေါ်ဘာအာမခံချက်တစ်ခုမှဆာရီတစ်ယောက်မပေးခဲ့ပါဘူး။

“ အဲ့ဒါကသူနဲ့ပဲဆိုင်ပါတယ်။ပြီးခဲ့တဲ့ ၇ပွဲ ၈ပွဲလောက်မကြာခဏပါဝင်ကစားခဲ့ပါတယ်။ကျွန်တော်မသိပါဘူး။ကလပ်ရယ် သူနဲ့ပဲဆိုင်ပါတယ်။ကျွန်တော့်အတွက်တော့ ကာဟေးလ်ဟာ ကွင်းထဲမှာရော ကွင်းပြင်ပကပါ အရေးကြီးတဲ့ကစားသမားပါ။” လို့ဆာရီကပြောကြားခဲ့ပါသေးတယ်။

No comments

Powered by Blogger.