ယူႏိုုက္တက္ကေနမထြက္ခြာခင္အီဗရာဟီမိုုဗစ္တစ္ေယာက္ေမာ္ရင္ဟိုုကိုုဘာေျပာခဲ့လဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဇလာတန္အီဗရာဟီမိုုဗစ္တစ္ေယာက္ အိုုထရက္ဖိုု ့ဒ္ကိုုစြန္ ့ခြာၿပီး LA Galaxy အသင္းကိုုေျပာင္းေရႊ ့သြားခဲ့တာေၾကာင့္မန္ခ်က္စတာယူႏိုုက္တက္ဖန္ေတြယူၾကံဳးမရစိတ္မေကာင္းျဖစ္ခဲ့ၾကတာအမွန္ပါပဲ။
အသက္၃၇နွစ္အရြယ္ဆြီဒင္တိုုက္စစ္မွဴးဟာ ယူႏိုုက္တက္အသင္းနဲ ့ပထမဆံုုးရာသီမွာအေကာင္းဆံုုးစြမ္းေဆာင္ေပးနိုုင္ခဲ့ၿပီးသရဲနီအသင္းကို ယူရိုုပါလိပ္ဖလား၊ကြန္ျမဴနတီဒိုုင္းဖလားနဲ ့လိပ္ဖလားတိုု ့ကိုုရယူေပးခဲ့ပါတယ္။
အဆိုုပါပထမရာသီၿပီးဆံုုးခါနီးေလးမွာတင္မိုုဗစ္တစ္ေယာက္ဒူးအဆစ္လြဲဒဏ္ရာရရိွခဲ့ၿပီး ဒုုတိယရာသီေရာက္မွာေတာ့အသင္းအတြက္အက်ိဳးသက္ေရာက္မႈေတြမေပးနိုုင္ေတာ့ပါဘူး။
အီဗရာဟီမိုုဗစ္ဟာ အင္တာမီလန္မွာတုုန္းကအတူတူေရႊထီးေဆာင္းခဲ့ၾကတဲ့ နည္းျပေဟာင္းေမာ္ရင္ဟိုုနဲ့အတူ ယူႏိုုက္တက္မွာတစ္ဖန္အတူတူလက္တြဲအလုုပ္လုုုုပ္ဖိုု ့အခြင့္အေရးေတြရခဲ့ပါတယ္။
ယူႏိုုက္တက္ကေနသူမထြက္ခြာခင္ ဘာစီလိုုနာအသင္းနဲ ့PSG တုုိက္စစ္မွဴးေဟာင္းက သူအသင္းကေနထြက္ခြာရတဲ့အေၾကာင္းအရင္းကိုု ေပၚတူဂီလူမ်ိဳးေမာ္ရင္ဟုိကိုု ဖြင့္ဟ၀န္ခံေျပာၾကားခဲ့ပါတယ္။
“ ဒီဒဏ္ရာကကၽြန္ေတာ့္အတြက္စိန္ေခၚမႈအသစ္ပဲဗ်။ကၽြန္ေတာ္အဆင္သင့္ျဖစ္ရင္ျပန္လာမယ္လိုု ့ကၽြန္ေတာ္ေျပာခဲ့တယ္။ကၽြန္ေတာ္အရင္ကလုုပ္ျပခဲ့တဲ့အတိုုင္းတစ္ပံုုစံတိုုင္းျပန္လုုပ္ျပမွာပါ။ကၽြန္ေတာ္မလုုပ္နိုုင္ေတာ့ဘူးဆိုုရင္ေတာ့ကၽြန္ေတာ္ေဘာလံုုးဆက္ကစားမွာမဟုုတ္ေတာ့ပါဘူး။ဘာလိုု ့လဲဆိုုေတာ့ဒီကိုုကၽြန္ေတာ္ေရာက္ေနတာ ရန္ပံုုေငြပြဲေတြအတြက္မွမဟုုတ္တာ။ဒဏ္ရာရၿပီးေနာက္ကၽြန္ေတာ္အေရြးခံရေတာ့ ဂ်ိဳ ့စ္ေမာ္ရင္ဟိုုကိုုကၽြန္ေတာ္ေျပာခဲ့တယ္။ကၽြန္ေတာ္ခင္ဗ်ားကိုုေရာ အသင္းေဖာ္ေတြကိုုပါ စိတ္မပ်က္ေစခ်င္ပါဘူး။ဒဏ္ရာမရခင္က ဇလာတန္ကိုုခင္ဗ်ားက ပိုင္ဆိုုင္ခဲ့တယ္။အခုုဒဏ္ရာရေနတဲ့ဇလာတန္ကိုုခင္ဗ်ားေရွ ့မွာေရာက္ေနၿပီ။ကၽြန္ေတာ္အရင္ကလုုပ္ျပခဲ့တဲ့ ဇလာတန္ကိုခင္ဗ်ားမေပးနိုုင္ေတာ့ပါဘူး။ဒါေၾကာင့္ ဒီဒဏ္ရာရေနတဲ့ဇလာတန္ကိုုေတာ့ခင္ဗ်ားကိုုကၽြန္ေတာ္မေပးနိုုင္ပါဘူး။ကၽြန္ေတာ္အဆင္သင့္မျဖစ္ေသးလိုု ့ပါ။” လိုု ့BBC Sport ကိုုေျပာၾကားခဲ့ပါတယ္။
“ ယူႏိုုက္တက္မွာဒုုတိယရာသီေရာက္ေတာ ့ကၽြန္ေတာ္အဆင္သင့္ျဖစ္ေနတယ္လိုု ့မခံစားရဘူးဗ်။ကၽြန္ေတာ္ကြဲကြဲျပားျပားခံစားေနခဲ့ရတယ္။ကၽြန္ေတာ္သုုညကေနစတင္ေနခဲ့ရတယ္။ေဘာလံုုးကိုုဘယ္လိုုတစ္ဖန္ျပန္ကန္ရမလဲ ကၽြန္ေတာ္ဒူးကိုု ျပန္ေလ့က်င့္သင္ေပးခဲ့ရတယ္။ကၽြန္ေတာ့္ယံုုၾကည္မႈေတြတိုုးတက္လာတဲ့အခ်ိန္မွာေတာ့ကၽြန္ေတာ့္အတြက္ သက္ေသာင့္သက္သာျဖစ္ေစမယ့္ပတ္၀န္းက်င္မ်ိဳးလိုုအပ္ခဲ့တာပါ။”
ေအစီမီလန္အသင္းဟာ တိုုက္စစ္မွဴးအီဗရာဟီမိုဗစ္ကိုု ဆန္ဆီယိုုဆီ လာမယ့္ဇန္န၀ါရီမွာျပန္ေခၚဖိုု ့ရိွေနၿပီး အေစာပိုုင္းရရိွထားတဲ့သတင္းေတြအရ LA Galaxy စတားဟာ မီလန္ရဲ့ ကမ္းလွမ္းခ်က္ကိုုလက္ခံထားတယ္လိုု ့သိရပါတယ္။သတင္းေတြရဲ ့ေဖာ္ျပခ်က္အရ မိုုဗစ္အား ၆လတိုု စာခ်ဳပ္အတြက္ ယူရိုု ၂.၂ သန္းအထိ ေပးဖိုု ့ကမ္းလွမ္းထားတယ္လိုု ့သိရပါတယ္။
(Unicode)
ယူနိုက်တက်ကနေမထွက်ခွာခင်အီဗရာဟီမိုဗစ်တစ်ယောက်မော်ရင်ဟိုကိုဘာပြောခဲ့လဲ?
ဇလာတန်အီဗရာဟီမိုဗစ်တစ်ယောက် အိုထရက်ဖို့ဒ်ကိုစွန့်ခွာပြီး LA Galaxy အသင်းကိုပြောင်းရွှေ့သွားခဲ့တာကြောင့်မန်ချက်စတာယူနိုက်တက်ဖန်တွေယူကြုံးမရစိတ်မကောင်းဖြစ်ခဲ့ကြတာအမှန်ပါပဲ။
အသက်၃၇နှစ်အရွယ်ဆွီဒင်တိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းနဲ့ပထမဆုံးရာသီမှာအကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပြီးသရဲနီအသင်းကို ယူရိုပါလိပ်ဖလား၊ကွန်မြူနတီဒိုင်းဖလားနဲ့လိပ်ဖလားတို့ကိုရယူပေးခဲ့ပါတယ်။
အဆိုပါပထမရာသီပြီးဆုံးခါနီးလေးမှာတင်မိုဗစ်တစ်ယောက်ဒူးအဆစ်လွဲဒဏ်ရာရရှိခဲ့ပြီး ဒုတိယရာသီရောက်မှာတော့အသင်းအတွက်အကျိုးသက်ရောက်မှုတွေမပေးနိုင်တော့ပါဘူး။
အီဗရာဟီမိုဗစ်ဟာ အင်တာမီလန်မှာတုန်းကအတူတူရွှေထီးဆောင်းခဲ့ကြတဲ့ နည်းပြဟောင်းမော်ရင်ဟိုနဲ့အတူ ယူနိုက်တက်မှာတစ်ဖန်အတူတူလက်တွဲအလုပ်လုပ်ဖို့အခွင့်အရေးတွေရခဲ့ပါတယ်။
ယူနိုက်တက်ကနေသူမထွက်ခွာခင် ဘာစီလိုနာအသင်းနဲ့PSG တိုက်စစ်မှူးဟောင်းက သူအသင်းကနေထွက်ခွာရတဲ့အကြောင်းအရင်းကို ပေါ်တူဂီလူမျိုးမော်ရင်ဟိုကို ဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။
“ ဒီဒဏ်ရာကကျွန်တော့်အတွက်စိန်ခေါ်မှုအသစ်ပဲဗျ။ကျွန်တော်အဆင်သင့်ဖြစ်ရင်ပြန်လာမယ်လို့ကျွန်တော်ပြောခဲ့တယ်။ကျွန်တော်အရင်ကလုပ်ပြခဲ့တဲ့အတိုင်းတစ်ပုံစံတိုင်းပြန်လုပ်ပြမှာပါ။ကျွန်တော်မလုပ်နိုင်တော့ဘူးဆိုရင်တော့ကျွန်တော်ဘောလုံးဆက်ကစားမှာမဟုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့ဒီကိုကျွန်တော်ရောက်နေတာ ရန်ပုံငွေပွဲတွေအတွက်မှမဟုတ်တာ။ဒဏ်ရာရပြီးနောက်ကျွန်တော်အရွေးခံရတော့ ဂျို့စ်မော်ရင်ဟိုကိုကျွန်တော်ပြောခဲ့တယ်။ကျွန်တော်ခင်ဗျားကိုရော အသင်းဖော်တွေကိုပါ စိတ်မပျက်စေချင်ပါဘူး။ဒဏ်ရာမရခင်က ဇလာတန်ကိုခင်ဗျားက ပိုင်ဆိုင်ခဲ့တယ်။အခုဒဏ်ရာရနေတဲ့ဇလာတန်ကိုခင်ဗျားရှေ့မှာရောက်နေပြီ။ကျွန်တော်အရင်ကလုပ်ပြခဲ့တဲ့ ဇလာတန်ကိုခင်ဗျားမပေးနိုင်တော့ပါဘူး။ဒါကြောင့် ဒီဒဏ်ရာရနေတဲ့ဇလာတန်ကိုတော့ခင်ဗျားကိုကျွန်တော်မပေးနိုင်ပါဘူး။ကျွန်တော်အဆင်သင့်မဖြစ်သေးလို့ပါ။” လို့BBC Sport ကိုပြောကြားခဲ့ပါတယ်။
“ ယူနိုက်တက်မှာဒုတိယရာသီရောက်တော့ကျွန်တော်အဆင်သင့်ဖြစ်နေတယ်လို့မခံစားရဘူးဗျ။ကျွန်တော်ကွဲကွဲပြားပြားခံစားနေခဲ့ရတယ်။ကျွန်တော်သုညကနေစတင်နေခဲ့ရတယ်။ဘောလုံးကိုဘယ်လိုတစ်ဖန်ပြန်ကန်ရမလဲ ကျွန်တော်ဒူးကို ပြန်လေ့ကျင့်သင်ပေးခဲ့ရတယ်။ကျွန်တော့်ယုံကြည်မှုတွေတိုးတက်လာတဲ့အချိန်မှာတော့ကျွန်တော့်အတွက် သက်သောင့်သက်သာဖြစ်စေမယ့်ပတ်ဝန်းကျင်မျိုးလိုအပ်ခဲ့တာပါ။”
အေစီမီလန်အသင်းဟာ တိုက်စစ်မှူးအီဗရာဟီမိုဗစ်ကို ဆန်ဆီယိုဆီ လာမယ့်ဇန်နဝါရီမှာပြန်ခေါ်ဖို့ရှိနေပြီး အစောပိုင်းရရှိထားတဲ့သတင်းတွေအရ LA Galaxy စတားဟာ မီလန်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံထားတယ်လို့သိရပါတယ်။သတင်းတွေရဲ့ဖော်ပြချက်အရ မိုဗစ်အား ၆လတို စာချုပ်အတွက် ယူရို ၂.၂ သန်းအထိ ပေးဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
Post a Comment