Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒါဆို ဆာဂျီယိုရာမို့ စ်ဟာ လောဗရန်ရဲ Wiki ကို ၀င်ပြင်လိုက်တဲ့သူလို့ ပရိတ်သတ်တွေထင်မိလား? ဟဲ!!!!
(Unicode)
အလွန်ရယ်စရာကောင်းအောင်လောဗရန်ရဲ့Wiki ကိုပြောင်းလဲခြင်းခံခဲ့ရပါတယ်။ရယ်ဖို့ကောင်းပါတယ်။
ဒီတစ်ပတ်ကတော့လောဗရန်အတွက်စိတ်ဝင်စားစရာရက်သတ္တပတ်ဖြစ်လို့နေပါတယ်။လီဗာပူးလ်အသင်းနဲ့ခရိုအေးရှားနောက်ခံလူဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ယောက်လို့ပြောခဲ့တဲ့စကားကြောင့်မကြာခဏ နောက်ပြောင်ခံနေရတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း နိုင်ငံတကာပွဲစဉ်များက လောဗရန်ကိုနာမည်ကြီးအောင်လုပ်နေသလိုဖြစ်နေပါတယ်။
သူ့ရဲ့ခရိုအေးရှားအသင်းဖော်ဖြစ်သူပြိုင်ဘက်ချဲလ်ဆီးအသင်းကွင်းလယ်လူကိုဗာဆစ်က ဒီတစ်ပတ်အစောပိုင်းမှာနောက်ပြောက်ခဲ့ပါသေးတယ်။ဒါကတော့ လီဗာပူးလ်အသင်းရဲ့နောက်တန်းမှာ လောဗရန်ရှိနေတာကြောင့် လီဗာပူးလ်အသင်းပရီးမီးယားလိပ်ဖလားရမှာမဟုတ်ဘူးလို့အရွှန်းဖောက်ခဲ့တာပဲဖြစ်ပါတယ်။
လူအများကတော့ အင်တာမီလန်ကစားသမားဟောင်းပြောလိုက်တာဟာ အတော်လေးဆိုးရွားတယ်လို့ထင်နေကြပါတယ်။သို့သော်လည်းသူတို့၂ယောက် ဒီနာမိုဇာဂရက်မှာ အတွဲလိုက်တွေ့လိုက်ရတဲ့အချိန်မှာတော့ ကိုဗာဆစ်ရဲ့ ကွန့်မန့်ဟာဟာသမှန်းသိလိုက်သွားတာပဲဖြစ်ပါတယ်။
သို့သော်လည်း လောဗရန်ဟာ ဆာဂျီယိုရာမို့စ်နဲ့တော့မတည့်တဲ့သူတစ်ယောက်ဖြစ်လို့နေပါတယ်။ဒီစပိန်သားရာမို့စ်ဟာ လီဗာပူးလ်နဲ့ပွဲမှာဗီလိန်တစ်ယောက်ဖြစ်ခဲ့သလိုအခုလတ်တလောမှာလည်းစက်ဆုပ်ရွံရှာစရာဖြစ်ရပ်တွေကိုလုပ်ဆောင်နေတာကြောင့်ပရိတ်သတ်တွေက သူ့ကိုအတော်ချဉ်နေကြတာပဲဖြစ်ပါတယ်။
အန်ဖီးလ်ပရိတ်သတ်တွေကတော့ ပြီးခဲ့တဲ့မေလချန်ပီယံလိပ်ဖိုင်နယ်ပွဲမှာ ဆာလာကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ကိုအခုချိန်ရောက်မှာသာ ခွင့်လွှတ်နိုင်တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရာမို့စ်နဲ့လောဗရန်တို့ဟာ ခရိုအေးရှားအသင်းနဲ့စပိန်အသင်းတို့ဘက်ခြမ်းမှာပါဝင်ခဲ့ကြပြီး အဆိုပါပွဲမှာခရိုအေးရှားအသင်းက ၃-၂ ဖြင့်စပိန်အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲမှာ ပြောစရာများကတော့လောဗရန်ဟာ ရာမို့စ်ကို တံတောင်နဲ့ပြေးတိုက်ခဲ့ပြီး လောဗရန်ဟာပွဲအပြီးမှာတော့အင်စတာဂရမ်မှာဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးကြွားလုံးထုတ်ခဲ့ပါတယ်။
ဒီမတော်တဆဖြစ်ရပ်ကိုအမှီပြုပြီး ပရိတ်သတ်တစ်ယောက်က လောဗရန်ရဲ့ Wikipedia Page  မှာဝင်ပြင်ခဲ့ပြီး မီးမွှေလိုက်ပါတယ်။ ” ဆာဂျီယိုရာမို့စ်ကိုတံတောင်နဲ့တွတ်ပြခဲ့တယ်လို့လူသိများတဲ့သူတစ်ယောက်၊ ဖိုင်နယ်ပွဲပေါင်းများစွာအနိုင်မရဖူးတဲ့လူတစ်ယောက်၊ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်လို့သတ်မှတ်ထားတဲ့သူတစ်ယောက်” ဝင်ရေးသားပြင်ဆင်ခဲ့ပါတယ်။
လောဗရန်ဟာ ဘောလုံးပြိုင်ပွဲတွေရဲ့ဂုဏ်သိက္ခာအမြင့်မားဆုံးဖိုင်နယ်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိပ်ဖိုင်နယ်နဲ့ကမ္ဘာ့ဖလားဖိုင်နယ်ပွဲတွေမှာ ရီးရဲလ်အသင်းနဲ့ပြင်သစ်အသင်းတို့ကိုရှုံးနိမ့်ခဲ့ပါတယ်။လောဗရန်ကတော့ သူ့အတွက်အကောင်းဆုံးနောက်ခံလူဟာဗာရိန်းဖြစ်ပြီး ဗာရိန်းပါတဲ့ ရီးရဲလ်အသင်းနဲ့ပြင်သစ်အသင်းတို့ကို ချန်ပီယံလိပ်နဲ့ ကမ္ဘာ့ဖလားဖိုင်နယ် ၂ခုစလုံးရှုံးနိမ့်ခဲ့ပါတယ်။လောဗရန်ကတော့ဗာရိန်းရဲ့အသင်းဖော်ရာမို့စ်အပေါ်တော့အတော်လေးအမြင်ကတ်နေတာအသေအချာပါပဲ။
“ ခင်ဗျား ရာမို့စ်ကိုသေချာကြည့်လိုက်၊သူဟာကျွန်တော့်ထက်အမှားတွေအများကြီးကျူးလွန်ခဲ့တယ်။ဒါပင်မယ့်သူက ရီးရဲလ်မက်ဒရစ်မှာကစားနေလို့ပါ။ခရစ်စတီယာနိုရိုနယ်ဒိုနဲ့ ဆိုတော့ ခင်ဗျားအမှားလုပ်မိလည်း ပွဲအပြီး ၅-၁ ၅-၂ ဆိုတော့ဘယ်သူကမှအမှားကိုမမြင်တော့ဘူး။” လို့ပြောကြားခဲ့ပါတယ်။
ရာမို့စ်ကတော့ပြန်လည်တုံပြန်ပြောကြားခဲ့ပါတယ်။ဒါပင်မယ့်လည်းသူက လောဗရန်နဲ့ပြဿနာမတတ်ချင်ပါဘူးလို့တော့ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်အကြိမ်ပေါင်းများစွာပြောပြီးပါပြီ။ဒါဟာ ခံပြင်းစရာကောင်းလို့ပေါက်ကွဲလာတာ ဒါမှမဟုတ်တခြားအကြောင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ကျွန်တော်လောဗရန်ကိုအဖြေပေးနေမှာမဟုတ်ပါဘူး။မီဒီယာတွေကိုလည်းရှင်းပြနေမှာမဟုတ်ပါဘူး။လူတိုင်းကတော့ကွင်းထဲမှာကိုယ့်အတွက်အနိုင်ယူချင်ကြတာပဲ” လို့ပြောကြားခဲ့ပါတယ်။
ဒါဆို ဆာဂျီယိုရာမို့စ်ဟာ လောဗရန်ရဲ့Wiki ကို ဝင်ပြင်လိုက်တဲ့သူလို့ပရိတ်သတ်တွေထင်မိလား? ဟဲ!!!!
No comments
Powered by Blogger.