အမ္ဘာေပးကိုုေအးေအးေဆးေဆးထိန္းျပခဲ့တဲ့နာပိုုလီေနာက္ခံလူကိုုလီဘယ္လီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အမ္ဘာေပးလိုုကစားသမားမ်ိဳးကိုုယွဥ္ဆိုုင္တားဆီးဖိုု ့ဆိုုတာေနာက္ခံလူေတြအတြက္ တကယ့္ကိုုအိပ္မက္ဆိုုးတစ္ဖြယ္ပါပဲ။အထူးသျဖင့္ 1 vs 1 ရင္ဆိုုင္ရတဲ့အခ်ိန္မ်ိဳးမွာေပါ့။ဒီကမာၻ ့ဖလားရေကာင္ေလးဟာလည္းအရည္အေသြးေကာင္းအားလံုုကိုုပိုုင္ဆိုုင္ထားပါတယ္။ အလ်င္၊ခြန္အား၊စေကးလ္ စတာေတြအကုုန္သူ ့မွာရိွေနတာပါ။ၿပီးေတာ့သူဟာ ၿပိဳင္ဘက္ကစားသမားေတြကိုု အရူးျဖစ္ေအာင္အခ်ိန္တိုုင္းအလုုပ္ရႈပ္ေစေနတာပဲျဖစ္ပါတယ္။ျခြင္းခ်က္အေနနဲ့ မေန ့ညကကစားခဲ့တဲ့ ခ်န္ပီယံလိပ္ပြဲမွာေတာ့ နာပိုုလီေနာက္ခံလူကိုုလီဘယ္လီဟာ PSG ေတာင္ပံကစားသမားကို တားဆီးရာမွာတကယ့္အားကိုုးစရာအေနအထားျဖစ္ခဲ့ၿပီး ဘာေပးနဲ ့အၿပိဳင္ေျပးလႊားၿပီး ေလ ွ်ာထိုုးျဖတ္ထုုတ္ကာေဘာလံုုးကိုုျပန္လည္ရယူနိုုင္ခဲ့ပါတယ္။
ထူးကဲတဲ့ခံစစ္အရည္အေသြးကိုုပိုုင္ဆိုုင္ထားတဲ့ဆီနီေဂါေနာက္ခံလူအတြက္ ဒီလိုုမ်ိဳးစြမ္းေဆာင္ရည္ဟာ ကမာၻ ့ေပၚမွာအေကာင္းဆံုုးေနာက္ခံလူေတြထဲကတစ္ေယာက္ျဖစ္ေၾကာင္းသက္ေသျပထားသလိုုျဖစ္ေနပါတယ္။
ကိုုလီဘယ္လီဟာ ၿပီးခဲ့တဲ့အပတ္ PSG အသင္းမွာသြားကစားေနတုုန္းကလည္း အေကာင္းဆံုုးကစားျပခဲ့သလိုု မေန ့ညကပြဲမွာလည္း ၂၀၁၇ ေရႊေဘာလံုုးဆုုရွင္ေကာင္ေလးကို အေသအခ်ာထိန္းခ်ဳပ္ကစားျပခဲ့ပါတယ္။
သူ ့ရဲ့ ထင္ရွားတဲ့ခံစစ္စြမ္းေဆာင္ရည္တစ္ခ်ိဳ ့ေၾကာင့္ ကလပ္အသင္းအေတာ္မ်ားမ်ားဟာ သူ ့ေဘးမွာေစာင့္ၾကည့္ေနၾကပါတယ္။သူ ့ရဲ့ ကိုုယ္ခႏၱာေျခတံလက္တံရွည္လ်ားၾကီးထြားမႈက PSG နံပါတ္၇ကို မလႈပ္နိုုင္ေအာင္ထိန္းခ်ဳပ္ထားသလိုုျဖစ္ေနပါတယ္။

ပြဲကကစားခ်ိန္ ၇၅မိနစ္အတြင္း ၁-၁ သေရက်ေနတဲ့အခ်ိန္မွာ ကမာၻ ့ဖလားရကစားသမားဟာ ေဘာလံုုးကို ညာဘက္ေျခေထာက္ကေန လွည့္ျပေနစဥ္ နာပိုုလီကစားသမား မာကိုုရူအီဟာ ဘာေပးရဲ ့အေ၀းမွာရိွေနတာေၾကာင့္ ကိုုလီဘယ္လီတစ္ေယာက္ အသင္းေဖာ္ကိုု တြန္းထိုုးလိုုက္ကာ PSG နံပါတ္၇ ရဲ ့ညာေျခေထာက္ထဲကေဘာလံုုးကိုုအတင္း၀င္ျဖတ္လုုေစခိုုင္းခဲ့ပါေသးတယ္။
ဒီလိုုအႏၱရာယ္မ်ားတဲ့တိုုက္စစ္ကိုုဟန္ ့တားလိုုက္တာဟာ ပြဲၾကည့္ေနတဲ့သူေတြအတြက္တကယ့္ကိုုထင္မွတ္မထားတဲ့ျမင္ကြင္းတစ္ခုုုုျဖစ္ခဲ့ပါတယ္။
(Unicode)
အမ်ဘာပေးကိုအေးအေးဆေးဆေးထိန်းပြခဲ့တဲ့နာပိုလီနောက်ခံလူကိုလီဘယ်လီ
အမ်ဘာပေးလိုကစားသမားမျိုးကိုယှဉ်ဆိုင်တားဆီးဖို့ဆိုတာနောက်ခံလူတွေအတွက် တကယ့်ကိုအိပ်မက်ဆိုးတစ်ဖွယ်ပါပဲ။အထူးသဖြင့် 1 vs 1 ရင်ဆိုင်ရတဲ့အချိန်မျိုးမှာပေါ့။ဒီကမ္ဘာ့ဖလားရကောင်လေးဟာလည်းအရည်အသွေးကောင်းအားလုံကိုပိုင်ဆိုင်ထားပါတယ်။ အလျင်၊ခွန်အား၊စကေးလ် စတာတွေအကုန်သူ့မှာရှိနေတာပါ။ပြီးတော့သူဟာ ပြိုင်ဘက်ကစားသမားတွေကို အရူးဖြစ်အောင်အချိန်တိုင်းအလုပ်ရှုပ်စေနေတာပဲဖြစ်ပါတယ်။ခြွင်းချက်အနေနဲ့ မနေ့ညကကစားခဲ့တဲ့ ချန်ပီယံလိပ်ပွဲမှာတော့ နာပိုလီနောက်ခံလူကိုလီဘယ်လီဟာ PSG တောင်ပံကစားသမားကို တားဆီးရာမှာတကယ့်အားကိုးစရာအနေအထားဖြစ်ခဲ့ပြီး ဘာပေးနဲ့အပြိုင်ပြေးလွှားပြီး လေ ျှာထိုးဖြတ်ထုတ်ကာဘောလုံးကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ထူးကဲတဲ့ခံစစ်အရည်အသွေးကိုပိုင်ဆိုင်ထားတဲ့ဆီနီဂေါနောက်ခံလူအတွက် ဒီလိုမျိုးစွမ်းဆောင်ရည်ဟာ ကမ္ဘာ့ပေါ်မှာအကောင်းဆုံးနောက်ခံလူတွေထဲကတစ်ယောက်ဖြစ်ကြောင်းသက်သေပြထားသလိုဖြစ်နေပါတယ်။
ကိုလီဘယ်လီဟာ ပြီးခဲ့တဲ့အပတ် PSG အသင်းမှာသွားကစားနေတုန်းကလည်း အကောင်းဆုံးကစားပြခဲ့သလို မနေ့ညကပွဲမှာလည်း ၂၀၁၇ ရွှေဘောလုံးဆုရှင်ကောင်လေးကို အသေအချာထိန်းချုပ်ကစားပြခဲ့ပါတယ်။
သူ့ရဲ့ ထင်ရှားတဲ့ခံစစ်စွမ်းဆောင်ရည်တစ်ချို့ကြောင့် ကလပ်အသင်းအတော်များများဟာ သူ့ဘေးမှာစောင့်ကြည့်နေကြပါတယ်။သူ့ရဲ့ ကိုယ်ခန ္တာခြေတံလက်တံရှည်လျားကြီးထွားမှုက PSG နံပါတ်၇ကို မလှုပ်နိုင်အောင်ထိန်းချုပ်ထားသလိုဖြစ်နေပါတယ်။
ပွဲကကစားချိန် ၇၅မိနစ်အတွင်း ၁-၁ သရေကျနေတဲ့အချိန်မှာ ကမ္ဘာ့ဖလားရကစားသမားဟာ ဘောလုံးကို ညာဘက်ခြေထောက်ကနေ လှည့်ပြနေစဉ် နာပိုလီကစားသမား မာကိုရူအီဟာ ဘာပေးရဲ့အဝေးမှာရှိနေတာကြောင့် ကိုလီဘယ်လီတစ်ယောက် အသင်းဖော်ကို တွန်းထိုးလိုက်ကာ PSG နံပါတ်၇ ရဲ့ညာခြေထောက်ထဲကဘောလုံးကိုအတင်းဝင်ဖြတ်လုစေခိုင်းခဲ့ပါသေးတယ်။
ဒီလိုအန္တရာယ်များတဲ့တိုက်စစ်ကိုဟန့်တားလိုက်တာဟာ ပွဲကြည့်နေတဲ့သူတွေအတွက်တကယ့်ကိုထင်မှတ်မထားတဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။
Post a Comment