Header Ads


ေဘာ္လြန္ဒီေအာ္ဆုုကိုလူကာမိုဒရစ္မရသင့္ေၾကာင္းကာဗာနီတစ္ေယာက္ဘာလို ့ထင္ေနတာလဲ?







Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

2018 ေဘာ္လြန္ဒီေအာ္ဆုုဟာလူကာမိုုဒရစ္အတြက္လား? ကာဗာနီအတြက္ေတာ့ မိုုဒရစ္တစ္ေယာက္မရသင့္ေၾကာင္းရွင္းျပခဲ့ပါတယ္။

ခရိုေအးရွားကြင္းလယ္လူဟာဒီရာသီကလပ္အတြက္ေရာနိုင္ငံအတြက္ပါအေကာင္းဆံုုးကစားေပးနိုုင္ခဲ့ပါတယ္။သူဟာ ကလပ္အသင္းကိုုခ်န္ပီယံလိပ္၃ရာသီဆက္ေအာင္ျမင္မႈရေအာင္စြမ္းေဆာင္ညႊန္ၾကားေပးနိုုင္ခဲ့ပါတယ္။ဒါ့အျပင္ခရိုုေအးရွားအသင္းကိုုလည္း ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဖိုုင္နယ္အထိေရာက္ေအာင္လည္းစြမ္းေဆာင္ေပးနိုုင္ခဲ့ပါတယ္။သူဟာကြင္းလယ္မွာ သူရဲေကာင္းဆန္ဆန္ကစားျပနိုုင္ခဲ့ၿပီး ကမာၻ ့ေဘာလံုုးေလာကမွာအေကာင္းဆံုုးကြင္းလယ္လူတစ္ေယာက္အျဖစ္မွတ္ေက်ာက္တင္ျခင္းခံထားရပါတယ္။

ပံုမွန္အားျဖင့္မိုုဒရစ္ဟာတစ္ဦးခ်င္းထူခြ်န္ဆုုေတြအတြက္ တစ္ေပးျခင္းခံထားရပါတယ္။ ေဘာလံုုးကၽြမ္းက်င္သူမ်ား၊ပရိတ္သတ္မ်ားနဲ့ပရိုေဘာလံုုးသမားေတြကေတာ့ အသက္၃၃နွစ္အရြယ္ကစားသမားကိုု ခ်ီးက်ဴးေထာမနာျပဳေနၾကပါတယ္။ ဒါပင္မယ့္လည္း PSG တိုုက္စစ္မွဴးကာဗာနီတစ္ေယာက္အတြက္ေတာ့မိုုဒရစ္တစ္ေယာက္ေဘာ္လြန္ဒီေအာ္ဆုုကိုုရသင့္တယ္လိုု ့မထင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ဗာရိန္းဟာ စကာတင္၃ေယာက္စာရင္းမွာပါ၀င္သင့္ပါတယ္။ၿပီးရင္ ဂရစ္ဇမန္း နဲ ့အမ္ဘာေပးတိုု ့ေရာေပါ့။လိုု AS ကိုုေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ကစားသမားေတြသာဒီဆုုကိုုရသင့္တယ္လိုု ့ကာဗာနီတစ္ေယာက္မရွင္းျပေသးခင္အခ်ိန္မွာ ေနာက္ခံလူဗာရိန္းသာ ဒီဆုုနဲ ့ပိုုထိုုက္တန္လိုု ့ရွင္းျပခဲ့ပါတယ္။ကၽြန္ေတာ့္အတြက္ေတာ့ ျပင္သစ္ကစားသမားေတြသာဒီဆုုကိုုရသင့္ပါတယ္။အျခားကစားသမားေတြလည္းရိွပါေသးတယ္။ဒါပင္မယ့္လည္း ျပင္သစ္ကစားသမားတစ္ေယာက္တစ္ေယာက္သာျဖစ္သင့္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့သူတိုု ့ေတြဟာၾကီးက်ယ္တဲ့အရာကိုုစြမ္းေဆာင္ခဲ့လိုု ့ပါ။သူတိုု ့ဟာ ၃ေယာက္ထဲမွာပါ၀င္သင့္ပါတယ္။ မိုုဒရစ္လား? သူဟာ အေကာင္းဆံုုးရာသီကိုုျဖတ္သန္းခဲ့ပါတယ္။ဒါပင္မယ့္ ဗာရိန္းဟာ ခ်န္ပီယံလိပ္ေရာ ကမာၻ ့ဖလားပါရယူနိုုင္ခဲ့ပါတယ္။မိုုဒရစ္ဟာ ဖိုုင္နယ္အထ္ိေရာက္ခဲ့ၿပီးအေကာင္းဆံုုးရာသီတစ္ခုုကိုုျဖတ္သန္းခဲ့တာပါ။ဗာရိန္းသာဒီဆုုနဲ့ပိုထိုုက္တန္ပါတယ္။” 



ဟုုတ္ပါတယ္။ မိုုဒရစ္ရဲ ့ကလပ္အသင္းေဖာ္ ဗာရိန္းဟာ ခ်န္ပီယံလိပ္ဖလားေရာ ရုုရွားကမာၻ ့ဖလားကိုုပါ တစ္နွစ္အတြင္းဆြတ္ခူးနိုုင္ခဲ့ပါတယ္။ေဆြးေႏြးေျပာၾကားတဲ့ေနရာမွာေနာက္ထပ္နာမည္တစ္ခုုကေတာ့ အန္တိုုနီဂရစ္ဇမန္းပဲျဖစ္ပါတယ္။အက္တလက္တီစတားဟာ မိုုဒရစ္ရဲ ့ေျပာၾကားခ်က္အရ ဂရစ္ဇမန္းဟာ ေရွ ့ဆံုုးတန္းမွာရိွေနတယ္လိုု ့သိရပါတယ္။ဂရစ္ဇမန္းကိုု ျပင္သစ္ကစားသမား၃ေယာက္ေရွ ့မွာ ကၽြန္ေတာ္ထားခ်င္ပါတယ္။ဒီနွစ္အတြင္းသူရယူခဲ့တဲ့အရာေတြေၾကာင့္ပါ။အမ္ဘာေပးလား? သူဟာ သာမန္ထက္လြန္ကဲၿပီးေတာ္တဲ့ ေကာင္ေလးပါ။အနာဂတ္အတြက္အေတာ္ေလးအလားအလာေကာင္းတဲ့ေကာင္ေလးပါ။ဒါပင္မယ့္ ဘယ္သူကမ်ားဒီလိုုထိပ္တန္းပံုုစံေကာင္းကိုု ျပသၿပီးသားလဲ?သူဟာအရမ္းေတာ္ပါတယ္။ေဘာ္လြန္ဒီေအာ္ဆုုကိုုဘယ္သူရသင့္တယ္ထင္လဲ?

(Unicode)

ဘော်လွန်ဒီအော်ဆုကိုလူကာမိုဒရစ်မရသင့်ကြောင်းကာဗာနီတစ်ယောက်ဘာလို့ထင်နေတာလဲ?




2018 ဘော်လွန်ဒီအော်ဆုဟာလူကာမိုဒရစ်အတွက်လား? ကာဗာနီအတွက်တော့ မိုဒရစ်တစ်ယောက်မရသင့်ကြောင်းရှင်းပြခဲ့ပါတယ်။

ခရိုအေးရှားကွင်းလယ်လူဟာဒီရာသီကလပ်အတွက်ရောနိုင်ငံအတွက်ပါအကောင်းဆုံးကစားပေးနိုင်ခဲ့ပါတယ်။သူဟာ ကလပ်အသင်းကိုချန်ပီယံလိပ်၃ရာသီဆက်အောင်မြင်မှုရအောင်စွမ်းဆောင်ညွှန်ကြားပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ခရိုအေးရှားအသင်းကိုလည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်အထိရောက်အောင်လည်းစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။သူဟာကွင်းလယ်မှာ သူရဲကောင်းဆန်ဆန်ကစားပြနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကမှာအကောင်းဆုံးကွင်းလယ်လူတစ်ယောက်အဖြစ်မှတ်ကျောက်တင်ခြင်းခံထားရပါတယ်။

ပုံမှန်အားဖြင့်မိုဒရစ်ဟာတစ်ဦးချင်းထူချွန်ဆုတွေအတွက် တစ်ပေးခြင်းခံထားရပါတယ်။ ဘောလုံးကျွမ်းကျင်သူများ၊ပရိတ်သတ်များနဲ့ပရိုဘောလုံးသမားတွေကတော့ အသက်၃၃နှစ်အရွယ်ကစားသမားကို ချီးကျူးထောမနာပြုနေကြပါတယ်။ ဒါပင်မယ့်လည်း PSG တိုက်စစ်မှူးကာဗာနီတစ်ယောက်အတွက်တော့မိုဒရစ်တစ်ယောက်ဘော်လွန်ဒီအော်ဆုကိုရသင့်တယ်လို့မထင်ကြောင်းပြောကြားခဲ့ပါတယ်။ “ ဗာရိန်းဟာ စကာတင်၃ယောက်စာရင်းမှာပါဝင်သင့်ပါတယ်။ပြီးရင် ဂရစ်ဇမန်း နဲ့အမ်ဘာပေးတို့ရောပေါ့။” လို့AS ကိုပြောကြားခဲ့ပါတယ်။

ပြင်သစ်ကစားသမားတွေသာဒီဆုကိုရသင့်တယ်လို့ကာဗာနီတစ်ယောက်မရှင်းပြသေးခင်အချိန်မှာ နောက်ခံလူဗာရိန်းသာ ဒီဆုနဲ့ပိုထိုက်တန်လို့ရှင်းပြခဲ့ပါတယ်။“ ကျွန်တော့်အတွက်တော့ ပြင်သစ်ကစားသမားတွေသာဒီဆုကိုရသင့်ပါတယ်။အခြားကစားသမားတွေလည်းရှိပါသေးတယ်။ဒါပင်မယ့်လည်း ပြင်သစ်ကစားသမားတစ်ယောက်တစ်ယောက်သာဖြစ်သင့်ပါတယ်။ဘာလို့လဲဆိုတော့သူတို့တွေဟာကြီးကျယ်တဲ့အရာကိုစွမ်းဆောင်ခဲ့လို့ပါ။သူတို့ဟာ ၃ယောက်ထဲမှာပါဝင်သင့်ပါတယ်။ မိုဒရစ်လား? သူဟာ အကောင်းဆုံးရာသီကိုဖြတ်သန်းခဲ့ပါတယ်။ဒါပင်မယ့် ဗာရိန်းဟာ ချန်ပီယံလိပ်ရော ကမ္ဘာ့ဖလားပါရယူနိုင်ခဲ့ပါတယ်။မိုဒရစ်ဟာ ဖိုင်နယ်အထိရောက်ခဲ့ပြီးအကောင်းဆုံးရာသီတစ်ခုကိုဖြတ်သန်းခဲ့တာပါ။ဗာရိန်းသာဒီဆုနဲ့ပိုထိုက်တန်ပါတယ်။” 


ဟုတ်ပါတယ်။ မိုဒရစ်ရဲ့ကလပ်အသင်းဖော် ဗာရိန်းဟာ ချန်ပီယံလိပ်ဖလားရော ရုရှားကမ္ဘာ့ဖလားကိုပါ တစ်နှစ်အတွင်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ဆွေးနွေးပြောကြားတဲ့နေရာမှာနောက်ထပ်နာမည်တစ်ခုကတော့ အန်တိုနီဂရစ်ဇမန်းပဲဖြစ်ပါတယ်။အက်တလက်တီစတားဟာ မိုဒရစ်ရဲ့ပြောကြားချက်အရ ဂရစ်ဇမန်းဟာ ရှေ့ဆုံးတန်းမှာရှိနေတယ်လို့သိရပါတယ်။ “ ဂရစ်ဇမန်းကို ပြင်သစ်ကစားသမား၃ယောက်ရှေ့မှာ ကျွန်တော်ထားချင်ပါတယ်။ဒီနှစ်အတွင်းသူရယူခဲ့တဲ့အရာတွေကြောင့်ပါ။အမ်ဘာပေးလား? သူဟာ သာမန်ထက်လွန်ကဲပြီးတော်တဲ့ ကောင်လေးပါ။အနာဂတ်အတွက်အတော်လေးအလားအလာကောင်းတဲ့ကောင်လေးပါ။ဒါပင်မယ့် ဘယ်သူကများဒီလိုထိပ်တန်းပုံစံကောင်းကို ပြသပြီးသားလဲ?သူဟာအရမ်းတော်ပါတယ်။ဘော်လွန်ဒီအော်ဆုကိုဘယ်သူရသင့်တယ်ထင်လဲ?

No comments

Powered by Blogger.