Header Ads


အာဆင္နယ္အသင္းကိုအရိွန္ဟုန္ျမင့္ေမာင္းနွင္ေနတဲ့မဟာလူသားအမ္မရီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီရာသီမွာ အာဆင္နယ္ရဲ႕ျပန္လည္နိုးထလာမႈကိုေစာင့္ျကည့္ရင္းနဲ႔ ေတြးစရာေတြအပံုျကီးျဖစ္လာခဲ့ပါျပီ။အူနိုင္းအမ္မရီ ဟာ လီဗာပူးနဲ႔ပြဲမွာ သူျပန္လည္တည္ေဆာက္ထားတဲ့အသင္းရဲ႕ တိုးတက္လာမႈေတြကို အေကာင္းဆံုးခ်ျပနိုင္ခဲ့ပါတယ္။ဝင္းဂါး ကိုင္တြယ္ခဲ့တဲ့ေနာက္ဆံုးနွစ္မွာတုန္းက ဂ်ိမ္းမီနာရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ဂမ္းနားေတြအေနနဲ႔ မာေဆးဆိုဒ္သားေတြကို လက္ေျမွာက္အရံႈးေပးခဲ့ရပါတယ္။ဒီေန႔ပြဲမွာေတာ့ လီဗာပူးကို ထိုးနွက္နိုင္ခဲ့ျပီး လာကာဇက္ရဲ႕ေနာက္က်ေခ်ပဂိုးေျကာင့္သေရက်ခဲ့တယ္ဆိုေပမယ့္ ဒီရလဒ္နဲ႔သူတို႔အျပည့္အဝထိုက္တန္ခဲ့ပါတယ္။ဒီဂိုးအတြက္ လာကာဇက္ရဲ႕ ဆံုးျဖတ္ခ်က္ျပတ္သားမႈကိုေတာ့ ခ်ီးက်ဴးရမွာပါ။ပထမပိုင္းပြဲခ်ိန္ေတြမွာလည္း လီဗာပူးတိုက္စစ္နဲ႔မိုဟာမက္ဆာလက္တို႔ connectionေတြျပတ္ေတာက္ေအာင္ ဇာခါကစြမ္းေဆာင္နိုင္ခဲ့ျပီး အမ္မရီရဲ႕ နည္းဗ်ဴဟာေတြအသက္ဝင္ခဲ့ပါတယ္။


အာဆယ္နယ္ရဲ႕ျပန္လည္ေမြးဖြားလာမႈက ေကာင္းမြန္လြန္းခဲ့ျပီး  အမ္မရီ  ဟာမာေက်ာတဲ့အသင္းတစ္သင္းကို တည္ေဆာက္နိုင္ခဲ့ပါျပီ။14ပြဲဆက္ရံႈးပြဲမရွိခဲ့ရာမွာ ၁၂ပြဲကို အနိုင္ကစားခဲ့တာျဖစ္ျပီး လီဗာပူးနဲ႕ပြဲအျပီးမွာလည္း ပိုမိုတိုးတက္လာမယ့္ အရိပ္အေရာင္ေတြျမင္ေတြ႕ေနရပါတယ္။အမွန္ေျပာ႐ရင္ခ်ယ္ဆီးနဲ႔မန္စီးတီးကိုရံႈးျပီးေနာက္ ၁၁ပြဲဆက္နိုင္ခဲ့တာအလြန္ေကာင္းတဲ့ လကၡဏာျဖစ္ေပမယ့္ လီဗာပူးနဲ႔ရင္ဆိုင္ရတဲ့ပြဲကသာ အမ္မရီအတြက္ မွတ္ေက်ာက္တင္ခံစရာျဖစ္ခဲ့တာပါ။ဒါကို ဂန္းနားေတြက လွလွပပပဲ အေရာင္ျခယ္ျပသြားပါတယ္။အာဆင္နယ္အသင္းဟာက်စ္လ်စ္မႈအျပည့္နဲ႔ လီဗာပူးကိုရင္ဆိုင္သြားခဲ့တာျဖစ္ျပီး ေဘာလံုးပိုင္ဆိုင္မႈ ၆၂ရာခိုင္နႈန္းအထိရွိခဲ့ပါတယ္။ဒါ့အျပင္  ခံစစ္အေနအထားေတြမွာလည္းျကံျကံခံရွိေနခဲ့ၿပီး ဝင္ဂါးရဲ႕ေနာက္ပိုင္းနွစ္ေတြမွာ ေပ်ာက္ဆံုးခဲ့တဲ့ ဇြဲသတၲိကို ျမင္ေတြ႕ခဲ့ရပါတယ္။အရင္ကဆို ထိပ္တန္းကလပ္ေတြနဲ႕ရင္ဆိုင္လို႔ ဦးေဆာင္ဂိုးေပးလိုက္႐ရင္ လြယ္လြယ္ကူကူပဲ ျပိဳလဲသြားတက္ျကပါတယ္။အခုေတာ့အခ်ိန္ေတြလည္းေျပာင္းလဲ သြားခဲ့ပါျပီ။ 



ဒီပြဲမွာျပသခဲ့တဲ့ပံုစံေကာင္းေတြဟာ  သူစိတ္ရဲ႕စိတ္ဓာတ္မာေက်ာမႈကို သက္ေသျပခဲ့နိုင္သလိုပါပဲ။ ဆာလာကို ဇာခါက ျဖတ္ထုတ္လိုက္ခ်ိန္မွာ  ကြင္းေဘးစည္းကေနအမ္မရီဟာ ထူးထူးျခားေအာင္ပြဲခံခဲ့ပါေသးတယ္။ဒီအေျကာင္းကို မီဒီယာေတြကေမးျမန္းခဲ့ရာ''မိနစ္၉၀လံုးလံုးနည္းစနစ္ပိုင္းအားျပိဳင္ေနရတာပါ။ဂိုးသြင္းလိုက္ခ်ိန္ဟာ ပြဲတစ္ပြဲရဲ႕ အေရးအပါဆံုးနဲ႕ အေကာင္းဆံုးအခိုက္အတန္႔ ဆိုေပမယ့္ က်ေနာ္က အခ်က္အလက္အေသးေလးေတြကအစ တစ္ဦးခ်င္းတိုက္စစ္ ခံစစ္စြမ္းေဆာင္ရည္ေတြကိုလည္း အာရံုစိုက္ပါတယ္။ဒီလိုအရာေတြကပဲ အနိုင္အရံႈးကို ဆံုးျဖတ္ေပးတာပါ''လို႔အမ္မရီက ေျဖသြားခဲ့ပါတယ္။ 




အာဆင္နယ္ထိပ္တန္းတာဝန္ရွိသူေတြဟာ ဝင္းဂါးေနရာအတြက္ ေရွးရိုးစြဲနည္းျပတစ္ေယာက္ထက္  စိတ္လႈပ္ရွားမႈေတြေပးစြမ္းနိုင္မယ့္သူမ်ိဳးအလိုရွိခဲ့တာပါ။ဝင္ဂါးကိုထုတ္ပယ္ခဲ့တာ ၂နွစ္ဆက္ ခ်န္ပီယံလိဂ္မဝင္ေတာ့လို႔လဲ ျဖစ္သလို ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို မျမွင့္တင္ေပးနိုင္ခဲ့ေတာ့ တာေျကာင့္လည္းျဖစ္နိုင္ပါတယ္။'မန္ေနဂ်ာတစ္ေယာက္ဟာ အေရးအျကီးဆံုး အခန္းက႑မွာရွိေနပါတယ္။လီဗာပူးနဲ႔ပြဲအျပီးမွာေတာ့ အာဆင္နယ္စြဲျမဲသူတိုင္း အမ္မရီဘက္ကအျပည့္အဝရွိေနပါျပီ။မနွစ္က လီဗာပူးနဲ႔ရင္ဆိုင္ရာမွာ  ပရိတ္သတ္ေတြပြဲမျပီးခင္ကြင္းျပင္ ထြက္ခြာခဲ့တာနဲ႔ေတာ့ ကြာျခားလြန္းခဲ့ပါျပီ။အရင္က ဝင္းဂါးဟာ အရန္ခံုမွာပဲထိုင္ေနတာေျကာင့္ ေဝဖန္ခံခဲ့ရျပီး အမ္မရီကေတာ့ ကြင္းေဘးစည္းကေန အသင္းသားေတြကို စိတ္ဓာတ္လႈံေဆာ္ေပးေလ့ရွိပါတယ္။အမ္မရီက''က်ေတာ့္ခံုတန္းကေန ကစားသမားေတြကို ကူညီေပးခ်င္တယ္။က်ေနာ့္ ယံုျကည္မႈေတြ စြမ္းအင္ေတြကို ကြင္းထဲက အသင္းသားေတြဆီ ပို႔ေပးခ်င္တယ္''လို႔ဆိုသြားခဲ့ပါတယ္။ အခုေတာ့ အမ္မရီဟာ သူ႔အလုပ္သူ အေကာင္းဆံုးလုပ္ျပနိုင္ေနျပီ ျဖစ္ပါတယ္။

(Unicode)

အာဆင်နယ်အသင်းကိုအရှိန်ဟုန်မြင့်မောင်းနှင်နေတဲ့မဟာလူသားအမ်မရီ


ဒီရာသီမှာ အာဆင်နယ်ရဲ့ပြန်လည်နိုးထလာမှုကိုစောင့်ကြည့်ရင်းနဲ့ တွေးစရာတွေအပုံကြီးဖြစ်လာခဲ့ပါပြီ။အူနိုင်းအမ်မရီ ဟာ လီဗာပူးနဲ့ပွဲမှာ သူပြန်လည်တည်ဆောက်ထားတဲ့အသင်းရဲ့ တိုးတက်လာမှုတွေကို အကောင်းဆုံးချပြနိုင်ခဲ့ပါတယ်။ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့နောက်ဆုံးနှစ်မှာတုန်းက ဂျိမ်းမီနာရဲ့ခြေစွမ်းပြမှုနဲ့အတူ ဂမ်းနားတွေအနေနဲ့ မာဆေးဆိုဒ်သားတွေကို လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။ဒီနေ့ပွဲမှာတော့ လီဗာပူးကို ထိုးနှက်နိုင်ခဲ့ပြီး လာကာဇက်ရဲ့နောက်ကျချေပဂိုးကြောင့်သရေကျခဲ့တယ်ဆိုပေမယ့် ဒီရလဒ်နဲ့သူတို့အပြည့်အဝထိုက်တန်ခဲ့ပါတယ်။ဒီဂိုးအတွက် လာကာဇက်ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကိုတော့ ချီးကျူးရမှာပါ။ပထမပိုင်းပွဲချိန်တွေမှာလည်း လီဗာပူးတိုက်စစ်နဲ့မိုဟာမက်ဆာလက်တို့ connectionတွေပြတ်တောက်အောင် ဇာခါကစွမ်းဆောင်နိုင်ခဲ့ပြီး အမ်မရီရဲ့ နည်းဗျူဟာတွေအသက်ဝင်ခဲ့ပါတယ်။


အာဆယ်နယ်ရဲ့ပြန်လည်မွေးဖွားလာမှုက ကောင်းမွန်လွန်းခဲ့ပြီး  အမ်မရီ  ဟာမာကျောတဲ့အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါပြီ။14ပွဲဆက်ရှုံးပွဲမရှိခဲ့ရာမှာ ၁၂ပွဲကို အနိုင်ကစားခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ပွဲအပြီးမှာလည်း ပိုမိုတိုးတက်လာမယ့် အရိပ်အရောင်တွေမြင်တွေ့နေရပါတယ်။အမှန်ပြောရရင်ချယ်ဆီးနဲ့မန်စီးတီးကိုရှုံးပြီးနောက် ၁၁ပွဲဆက်နိုင်ခဲ့တာအလွန်ကောင်းတဲ့ လက္ခဏာဖြစ်ပေမယ့် လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ပွဲကသာ အမ်မရီအတွက် မှတ်ကျောက်တင်ခံစရာဖြစ်ခဲ့တာပါ။ဒါကို ဂန်းနားတွေက လှလှပပပဲ အရောင်ခြယ်ပြသွားပါတယ်။အာဆင်နယ်အသင်းဟာကျစ်လျစ်မှုအပြည့်နဲ့ လီဗာပူးကိုရင်ဆိုင်သွားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ဒါ့အပြင်  ခံစစ်အနေအထားတွေမှာလည်းကြံကြံခံရှိနေခဲ့ပြီး ဝင်ဂါးရဲ့နောက်ပိုင်းနှစ်တွေမှာ ပျောက်ဆုံးခဲ့တဲ့ ဇွဲသတ္တိကို မြင်တွေ့ခဲ့ရပါတယ်။အရင်ကဆို ထိပ်တန်းကလပ်တွေနဲ့ရင်ဆိုင်လို့ ဦးဆောင်ဂိုးပေးလိုက်ရရင် လွယ်လွယ်ကူကူပဲ ပြိုလဲသွားတက်ကြပါတယ်။အခုတော့အချိန်တွေလည်းပြောင်းလဲ သွားခဲ့ပါပြီ။ 

ဒီပွဲမှာပြသခဲ့တဲ့ပုံစံကောင်းတွေဟာ  သူစိတ်ရဲ့စိတ်ဓာတ်မာကျောမှုကို သက်သေပြခဲ့နိုင်သလိုပါပဲ။ ဆာလာကို ဇာခါက ဖြတ်ထုတ်လိုက်ချိန်မှာ  ကွင်းဘေးစည်းကနေအမ်မရီဟာ ထူးထူးခြားအောင်ပွဲခံခဲ့ပါသေးတယ်။ဒီအကြောင်းကို မီဒီယာတွေကမေးမြန်းခဲ့ရာ''မိနစ်၉၀လုံးလုံးနည်းစနစ်ပိုင်းအားပြိုင်နေရတာပါ။ဂိုးသွင်းလိုက်ချိန်ဟာ ပွဲတစ်ပွဲရဲ့ အရေးအပါဆုံးနဲ့ အကောင်းဆုံးအခိုက်အတန့် ဆိုပေမယ့် ကျနော်က အချက်အလက်အသေးလေးတွေကအစ တစ်ဦးချင်းတိုက်စစ် ခံစစ်စွမ်းဆောင်ရည်တွေကိုလည်း အာရုံစိုက်ပါတယ်။ဒီလိုအရာတွေကပဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတာပါ''လို့အမ်မရီက ဖြေသွားခဲ့ပါတယ်။ 

အာဆင်နယ်ထိပ်တန်းတာဝန်ရှိသူတွေဟာ ဝင်းဂါးနေရာအတွက် ရှေးရိုးစွဲနည်းပြတစ်ယောက်ထက်  စိတ်လှုပ်ရှားမှုတွေပေးစွမ်းနိုင်မယ့်သူမျိုးအလိုရှိခဲ့တာပါ။ဝင်ဂါးကိုထုတ်ပယ်ခဲ့တာ ၂နှစ်ဆက် ချန်ပီယံလိဂ်မဝင်တော့လို့လဲ ဖြစ်သလို ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို မမြှင့်တင်ပေးနိုင်ခဲ့တော့ တာကြောင့်လည်းဖြစ်နိုင်ပါတယ်။'မန်နေဂျာတစ်ယောက်ဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာရှိနေပါတယ်။လီဗာပူးနဲ့ပွဲအပြီးမှာတော့ အာဆင်နယ်စွဲမြဲသူတိုင်း အမ်မရီဘက်ကအပြည့်အဝရှိနေပါပြီ။မနှစ်က လီဗာပူးနဲ့ရင်ဆိုင်ရာမှာ  ပရိတ်သတ်တွေပွဲမပြီးခင်ကွင်းပြင် ထွက်ခွာခဲ့တာနဲ့တော့ ကွာခြားလွန်းခဲ့ပါပြီ။အရင်က ဝင်းဂါးဟာ အရန်ခုံမှာပဲထိုင်နေတာကြောင့် ဝေဖန်ခံခဲ့ရပြီး အမ်မရီကတော့ ကွင်းဘေးစည်းကနေ အသင်းသားတွေကို စိတ်ဓာတ်လှုံဆော်ပေးလေ့ရှိပါတယ်။အမ်မရီက''ကျတော့်ခုံတန်းကနေ ကစားသမားတွေကို ကူညီပေးချင်တယ်။ကျနော့် ယုံကြည်မှုတွေ စွမ်းအင်တွေကို ကွင်းထဲက အသင်းသားတွေဆီ ပို့ပေးချင်တယ်''လို့ဆိုသွားခဲ့ပါတယ်။ အခုတော့ အမ်မရီဟာ သူ့အလုပ်သူ အကောင်းဆုံးလုပ်ပြနိုင်နေပြီ ဖြစ်ပါတယ်။

No comments

Powered by Blogger.