Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ဆဲလ်တစ်အသင်းနှင့်ဆောက်သမ်တန်အသင်းကစားသမားဟာင်းဗန်ဒိုက်စ်ကနယ်သာလန်အသင်းနှင့်ပွဲစဉ်မှာတာဝန်ယူခဲ့တဲ့ကွင်းလယ်ဒိုင်လူကြီးOvidiu hareganရဲ့အမေသေဆုံးမှုအပေါ်အကောင်းဆုံးနှစ်သိမ့်ကာနွေးထွေးမှုအပြည့်ပေးခဲ့ပါတယ်။










(Unicode)

အမေသေဆုံးသွားတဲ့အတွက်ကွင်းလယ်ဒိုင်လူကြီးကိုနှစ်သိမ့်ပေးခဲ့တဲ့ဗန်ဒိုက်စ်


နယ်သာလန်အသင်းခေါင်းဆောင်ဗန်ဒိုက်ကသူရဲ့အသင်းခေါင်းဆောင်ပီသမှုကိုဂျာမနီအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာကောင်းစွာဖော်ပြလိုက်ပါတယ်။အဆိုပါပွဲစဉ်ပြီးတဲ့အချိန်မှာပွဲကိုကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့အမေဟာပွဲကစားနေစဉ်အတွင်းမှာ ကွယ်လွန်သွားတာကြောင့်ပွဲအပြီးမှာ ဗန်ဒိုက်ကအနားကပ်ကာထွေးပိုက်ပြီးဝမ်းနည်းကြောင်းစကားပြောကြားခဲ့ပါတယ်။အသက်၂၇နှစ်အရွယ်ဗန်ဒိုက်ဟာ လက်ရှိလီဗာပူးလ်အသင်းမှာကောင်းစွာခြေစွမ်းပြနေပြီးအဆိုပါပွဲစဉ်မှာလည်းခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဆဲလ်တစ်အသင်းနှင့်ဆောက်သမ်တန်အသင်းကစားသမားဟာင်းဗန်ဒိုက်စ်ကနယ်သာလန်အသင်းနှင့်ပွဲစဉ်မှာတာဝန်ယူခဲ့တဲ့ကွင်းလယ်ဒိူင်လူကြီးOvidiu hareganရဲ့အမေသေဆုံးမှုအပေါ်အကောင်းဆုံးနှစ်သိမ့်ကာနွေးထွေးမှုအပြည့်ပေးခဲ့ပါတယ်။

"သူလုံးဝကြေကွဲနေခဲ့ပါတယ်။သူမျက်ရည်တွေကမျက်လုံးထဲမှာပြည့်နှံ့နေပါတယ်။ဘာလို့လဲဆိုတော့သူအမေကိုသူဆုံးရှုံးသွားလို့ပါပဲလို့"ဗန်ဒိုက်စ်ကဆိုပါတယ်။

"ကျွန်တော်သူကြံခိုင်ရေးရှိဖို့ဆုတောင်းပေးပါတယ်။သူပွဲသိမ်းခရာမှုတ်ခဲ့ပြီးနောက်သူအတွက်အဲဒါကသက်သာရာရခဲ့မယ်လို့ထင်ပါတယ်။ဒါပေမယ့်အဲဒါကသူကိုအနည်းငယ်ခံစားရသက်သာလိမ့်မှာပါ"

ဗန်ဒိုက်ရဲ့လုပ်ရက်ဟာတကယ်ကိုလူသားချင်းစာနာစိတ်အပြည့်ရှိပြီးအသင်းခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့လုပ်ရက်တစ်ခုလို့ချီးကျူးနေကြပါတယ်။

ပွဲပြီးခရာမှုတ်ပြီးတဲ့နောက်မှာဗန်ဒိုက်ကဒိုင်လူကြီးအနားကိုကပ်ကာနာရေးသတင်းမေးကာဝမ်းနည်းကြောင်းထပ်တူထပ်မျှခံစားရကြောင်းပြောကြားခဲ့ပါတယ်။


အဆိုပါပွဲစဉ်မှာဗန်ဒိုက်ရဲ့နောက်ကျဂိုးကြောင့်နယ်သာလန်အသင်းကအဝေးကွင်းမှာရှုံးပွဲနှင့်ဝေးကွာသွားစေခဲ့ပါတယ်။နယ်သာလန်အသင်းနည်းပြရော်နယ်ကိုးမန်းကရှုံးနိမ့်မည်လိုတောင်ထင်မှတ်ခဲ့ရကြောင်းဗန်ဒိုက်သာဂိုးမသွင်းနိုင်ခဲ့လျှင်သေချာပေါက်ရှုံးနိမ့်သွားမည်ဖြစ်ကြောင်းသူရဲ့ဂိုးက အလွန်ကိုအရေးပါပြီးအသင်းကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

No comments

Powered by Blogger.