Header Ads


ပရီးမီးယားလိပ္မွာအေတာ္ဆံုုးထာင့္ကန္ေဘာကန္မာစတာတစ္ေယာက္နာမည္ကိုဖြင့္ဟခဲ့တဲ့ပတ္ဂြာဒီယိုုလာ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဆာက္တမ္တန္အသင္းကိုု - ျဖင့္အနိုုင္ရခဲ့ေသာ္လည္း မန္စီးတီးနည္းျပၾကီးဆရာပတ္ဂြာဒီယိုုလာက ေတာ့ပရီးမီးယားလိပ္မွာေထာင့္ကန္ေဘာကန္တာဆရာက်တဲ့ကစားသမားနာမည္ကိုုေဖာ္ထုုတ္ေျပာဆိုုခဲ့ပါတယ္။စီးတီးအသင္းဟာ စိန္ ့အသင္းကိုပထမပိုင္းမွာတင္၄ဂိုုးအျပတ္သိပ္ထားၿပီး ဒုုတိယပိုုင္းေရာက္မွာ ၂ဂိုုးထပ္ထည့္ကာ ဇယားထိပ္မွာအနီးကပ္ဆံုုးၿပိဳင္ဘက္ေတြျဖစ္တဲ့ခ်ဲလ္ဆီးနဲ ့လီဗာပူးလ္တိုု ့ကိုု ၂မွတ္ျဖတ္ကာဦးေဆာင္ထားလ်က္ရိွေနပါတယ္။

ကၽြန္ေတာ္တိုု ့ေတြတစ္ခ်ိဳ ့ေနရာမွာတည္ၿငိမ္မႈမရိွမွန္းတစ္ခ်ိဳ ့အခ်က္အလက္ေတြကိုု အသင္းကျပေဖာ္ျပေနပါတယ္။လိုု ့စီးတီးေဘာ့စ္က The Independent ကိုု တည္ကန္ေဘာေတြေပးရတာနဲ ့ပတ္သတ္ၿပီးရွင္းျပခဲ့ပါတယ္။ဒါ့အျပင္ ပတ္က စိန္ ့ကစားသမားေတြရဲ ့ေသမင္းတမန္ေဘာလံုုးနည္းစနည္းတစ္ခ်ိဳ ့ကိုုသေဘာက်လ်က္ရိွေနပါတယ္။ကၽြန္ေတာ္တိုု ့ကေဘာလံုုးရိွေနရင္အေတာ္ေကာင္းေအာင္ကစားနိုုင္တယ္။ဒါမယ့္ေဘာလံုုးမရေတာ့ရင္မကစားနိုုင္ေတာ့ပါဘူး။ေနာက္တန္းက တည္ျငိမ္မႈမရိွပါဘူး။ကၽြန္ေတာ္တိုု ့ေတြေထာင့္ကန္ေဘာအေျမာက္အျမားေပးရပါတယ္။ ေဆာက္တမ္တန္အသင္းမွာလိပ္ရဲ့ေထာင့္ကန္ေဘာကန္တာအေကာင္းဆံုုးကစားသမားတစ္ေယာက္ျဖစ္တဲ့ ဂ်ိမ္စ္၀ါ့ဒ္ပေရာက္စ္ရိွေနတာသတိထားသင့္ခဲ့ပါတယ္။” 



ေဆာက္တမ္တန္အသင္းအတြက္ တည္ကန္ေဘာေတြကေန အရည္အေသြးျမင့္သြင္းဂိုုးအနည္းငယ္သြင္းယူေပးထားတဲ့ကြင္းလယ္လူကိုု ပတ္ကခ်ီးက်ဴးခဲ့တာပဲျဖစ္ပါတယ္။အဆိုုပါကြင္းလယ္လူဟာမန္ေနဂ်ာမာ့ဟုုခ်္လက္ထက္မွာပြဲထြက္ခြင့္ရဖိုု ့ရုုန္းကန္ေနရၿပီး ၁၁ပြဲကစားၿပီးခ်ိန္မွာ ၄ပြဲသာပါ၀င္ကစားရေသးတာျဖစ္ၿပီး မိနစ္၁၁၀သာကစားရေသးတာပဲျဖစ္ပါတယ္။




အဂၤလန္ယူ၂၁  ကစားသမားေဟာင္းဟာ ၿပီးခဲ့တဲ့နွစ္အနည္းငယ္အတြင္းအဂၤလန္ကစားသမားေတြထြန္းေတာက္ရာဂ်ာမန္ကလပ္ Red Bull Leipzig ဆီေျပာင္းဖိုု ့သတင္းေတြထြက္ေပၚေနခဲ့တာပဲျဖစ္ပါတယ္။တကယ့္အရည္အေသြးျမင့္နည္းျပတစ္ေယာက္ကေန အခုုလိုုခ်ီးက်ဴးဂုုဏ္ျပဳစကားၾကားရတာဟာ ၀ါ့ဒ္ပေရာက္စ္အတြက္ေတာ့ သူ ့ရဲ ့ကစားသမားဘ၀အတြက္ပိုုမိုုတိုုးတက္လာဖိုု ့တြန္းအားတစ္ခုုုျဖစ္လာနိုုင္ပါတယ္။

(Unicode)

ပရီးမီးယားလိပ်မှာအတော်ဆုံးထာင့်ကန်ဘောကန်မာစတာတစ်ယောက်နာမည်ကိုဖွင့်ဟခဲ့တဲ့ပတ်ဂွာဒီယိုလာ

ဆာက်တမ်တန်အသင်းကို ၆-၁ ဖြင့်အနိုင်ရခဲ့သော်လည်း မန်စီးတီးနည်းပြကြီးဆရာပတ်ဂွာဒီယိုလာက တော့ပရီးမီးယားလိပ်မှာထောင့်ကန်ဘောကန်တာဆရာကျတဲ့ကစားသမားနာမည်ကိုဖော်ထုတ်ပြောဆိုခဲ့ပါတယ်။စီးတီးအသင်းဟာ စိန့်အသင်းကိုပထမပိုင်းမှာတင်၄ဂိုးအပြတ်သိပ်ထားပြီး ဒုတိယပိုင်းရောက်မှာ ၂ဂိုးထပ်ထည့်ကာ ဇယားထိပ်မှာအနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ချဲလ်ဆီးနဲ့လီဗာပူးလ်တို့ကို ၂မှတ်ဖြတ်ကာဦးဆောင်ထားလျက်ရှိနေပါတယ်။

“ ကျွန်တော်တို့တွေတစ်ချို့နေရာမှာတည်ငြိမ်မှုမရှိမှန်းတစ်ချို့အချက်အလက်တွေကို အသင်းကပြဖော်ပြနေပါတယ်။” လို့စီးတီးဘော့စ်က The Independent ကို တည်ကန်ဘောတွေပေးရတာနဲ့ပတ်သတ်ပြီးရှင်းပြခဲ့ပါတယ်။ဒါ့အပြင် ပတ်က စိန့်ကစားသမားတွေရဲ့သေမင်းတမန်ဘောလုံးနည်းစနည်းတစ်ချို့ကိုသဘောကျလျက်ရှိနေပါတယ်။ “ ကျွန်တော်တို့ကဘောလုံးရှိနေရင်အတော်ကောင်းအောင်ကစားနိုင်တယ်။ဒါမယ့်ဘောလုံးမရတော့ရင်မကစားနိုင်တော့ပါဘူး။နောက်တန်းက တည်ငြိမ်မှုမရှိပါဘူး။ကျွန်တော်တို့တွေထောင့်ကန်ဘောအမြောက်အမြားပေးရပါတယ်။ ဆောက်တမ်တန်အသင်းမှာလိပ်ရဲ့ထောင့်ကန်ဘောကန်တာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျိမ်စ်ဝါ့ဒ်ပရောက်စ်ရှိနေတာသတိထားသင့်ခဲ့ပါတယ်။” 

ဆောက်တမ်တန်အသင်းအတွက် တည်ကန်ဘောတွေကနေ အရည်အသွေးမြင့်သွင်းဂိုးအနည်းငယ်သွင်းယူပေးထားတဲ့ကွင်းလယ်လူကို ပတ်ကချီးကျူးခဲ့တာပဲဖြစ်ပါတယ်။အဆိုပါကွင်းလယ်လူဟာမန်နေဂျာမာ့ဟုချ်လက်ထက်မှာပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရပြီး ၁၁ပွဲကစားပြီးချိန်မှာ ၄ပွဲသာပါဝင်ကစားရသေးတာဖြစ်ပြီး မိနစ်၁၁၀သာကစားရသေးတာပဲဖြစ်ပါတယ်။

အင်္ဂလန်ယူ၂၁  ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းအင်္ဂလန်ကစားသမားတွေထွန်းတောက်ရာဂျာမန်ကလပ် Red Bull Leipzig ဆီပြောင်းဖို့သတင်းတွေထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။တကယ့်အရည်အသွေးမြင့်နည်းပြတစ်ယောက်ကနေ အခုလိုချီးကျူးဂုဏ်ပြုစကားကြားရတာဟာ ဝါ့ဒ်ပရောက်စ်အတွက်တော့ သူ့ရဲ့ကစားသမားဘဝအတွက်ပိုမိုတိုးတက်လာဖို့တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်။


No comments

Powered by Blogger.