စပါးကိုရံႈးနိမ့္ျပီးေနာက္ နည္းျပဆာရီအဝတ္လဲခန္းထဲမွာေဒါသပုုန္ထေနခဲ့တာကို ထုတ္ေဖာ္ခဲ့တဲ့ ေဒးဗစ္လူးဝစ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိဂ္ပထမဆံုးရံႈးပြဲျကံုျပီးေနာက္ ခ်ယ္ဆီးမန္ေနဂ်ာဟာ အဝတ္လဲခန္းထဲကို မေပ်ာ္မရႊင္ဝင္ေရာက္ခဲ့ပါတယ္။ခ်ယ္ဆီးအသင္းအေနနဲ႔ ျမိဳ႕ခံျပိဳင္ဘက္စပါးကိုရံႈးနိမ့္ျပီးေနာက္ အမွတ္ေပးဇယားအဆင့္ေလးေနရာေရာက္ရွိသြားတဲ့အျပင္ ထိပ္ဆံုးက မန္စီးတီးနဲ႔လည္း ၇မွတ္ထိကြာဟသြားျပီျဖစ္ပါတယ္။ရံႈးနိမ့္ျပီးေနာက္ ဆာရီအဝတ္လဲခန္းထဲဘယ္လိုပံုနဲ႔ ေရာက္လာခဲ့သလဲဆိုတာ ဘရာဇီးသားလူးဝစ္က ဖြင့္ဟခဲ့ပါတယ္။
''ဆာရီဟာ အနိုင္ရျပီးခ်ိန္မွာေတာင္ စိတ္တိုေနတက္ပါတယ္။တကယ္ေျပာတာ။နည္းျပကမေပ်ာ္မရႊင္ျဖစ္ေနေတာ့ ဘယ္သူမွလည္းမေပ်ာ္ေတာ့ဘူး။သူကအျမဲတမ္း က်ေနာ္တို႔အတြက္ေပးဆပ္ေနတာျဖစ္လို႔ က်ေနာ္တို႔ကလည္း သူ႔အတြက္အေကာင္းဆံုးျကိုးစားျကပါတယ္။တကယ္ေတာ့ က်ေနာ္တို႔အားလံုးလည္းစိတ္ပ်က္ေနျကတာပါ။ဒါေပမယ့္ က်ေနာ္တို႔အတြက္ေကာင္းတာေတြလည္းရွိေသးပါတယ္။ပရီးမီးယားလိဂ္ဖလားရဖို႔က ဘယ္ေတာ့မွမလြယ္ကူဘူးဆိုတာနားလည္ေစတယ္။ဘယ္ပြဲကိုမွ အလြယ္တကူ အနိုင္ရမွာမဟုတ္ဖူး။က်ေနာ္တို႔ကစားပံုမေကာင္းခဲ့ဘူး။တကယ္ဆိုးရြားခဲ့တယ္။အျခားပြဲေတြကပံုစံေကာင္းမ်ိဳးေပ်ာက္ဆံုးေနခဲ့တယ္။က်ေနာ္တို႔ ပြဲအမ်ားျကီးကစားဖို႔က်န္ပါေသးတယ္။အရံႈးကေနသင္ခန္းစာယူျပီး အမွတ္ေတြျပန္လည္စုေဆာင္းရမွာပါ။ဇယားထိပ္ဆံုးက စီးတီးက အလြန္ေတာင့္တင္းတဲ့အသင္းပါ။ဒါေျကာင့္ အမ်ားျကီးပိုအားထုတ္ရမွာပါ။အခုမွတစ္ခါပဲရံႈးရေသးပါတယ္။တကယ္ေတာ့ နိုင္ေနရင္ေတာင္ပိုတိုးတက္ေအာင္လုပ္နိုင္မွ ေအာင္ျမင္မႈရနိုင္မွာျဖစ္ပါတယ္။''လို႕လူးဝစ္ကထုတ္ေဖာ္ေျပာခဲ့ပါတယ္။
အီတလီမန္ေနဂ်ာကေတာ့သူ႔ကစားသမားေတြကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနပါတယ္။''က်ေနာ္တို႔ေျခစြမ္းကဆိုးရြားလြန္းခဲ့တာေျကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။စပါးအသင္းကို အဖက္ဖက္ကအရံႈးေပးခဲ့ရတာပါ။ရုပ္ပိုင္းဆိုင္ရာ စိတ္ဓာတ္ပိုင္းဆိုင္ေတြမယွဥ္နိုင္ခဲ့သလို နည္းစနစ္ပိုင္း နည္းဗ်ဴဟာပိုင္းအရလည္း ပိုေကာင္းေအာင္မလုပ္နိုင္ခဲ့ဘူး။က်ေနာ္တို႔မွာျပသနာအခ်ိဳ႕ရွိေနတာကို သိခဲ့ရျပီး ဒီေန႔ပြဲကေျခစြမ္းအတြက္အားလံုးမွာတာဝန္ရွိပါတယ္။ေနာက္ဆံုးသံုးေလးပြဲကိုျပန္ျကည့္ရင္ ပြဲအစပိုင္းမွာ က်ေနာ္တို႔အထေလးတက္ပါတယ္။ဒီပြဲကေတာ့ အရာရာ မနွစ္မ်ိဳ႕စရာျကည့္ပါပဲ'''လို႔ဆာရီကဝန္ခံသြားခဲ့ပါတယ္။
(Unicode)
စပါးကိုရှုံးနိမ့်ပြီးနောက် နည်းပြဆာရီအဝတ်လဲခန်းထဲမှာဒေါသပုန်ထနေခဲ့တာကို ထုတ်ဖော်ခဲ့တဲ့ ဒေးဗစ်လူးဝစ်
ပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲကြုံပြီးနောက် ချယ်ဆီးမန်နေဂျာဟာ အဝတ်လဲခန်းထဲကို မပျော်မရွှင်ဝင်ရောက်ခဲ့ပါတယ်။ချယ်ဆီးအသင်းအနေနဲ့ မြို့ခံပြိုင်ဘက်စပါးကိုရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့်လေးနေရာရောက်ရှိသွားတဲ့အပြင် ထိပ်ဆုံးက မန်စီးတီးနဲ့လည်း ၇မှတ်ထိကွာဟသွားပြီဖြစ်ပါတယ်။ရှုံးနိမ့်ပြီးနောက် ဆာရီအဝတ်လဲခန်းထဲဘယ်လိုပုံနဲ့ ရောက်လာခဲ့သလဲဆိုတာ ဘရာဇီးသားလူးဝစ်က ဖွင့်ဟခဲ့ပါတယ်။
''ဆာရီဟာ အနိုင်ရပြီးချိန်မှာတောင် စိတ်တိုနေတက်ပါတယ်။တကယ်ပြောတာ။နည်းပြကမပျော်မရွှင်ဖြစ်နေတော့ ဘယ်သူမှလည်းမပျော်တော့ဘူး။သူကအမြဲတမ်း ကျနော်တို့အတွက်ပေးဆပ်နေတာဖြစ်လို့ ကျနော်တို့ကလည်း သူ့အတွက်အကောင်းဆုံးကြိုးစားကြပါတယ်။တကယ်တော့ ကျနော်တို့အားလုံးလည်းစိတ်ပျက်နေကြတာပါ။ဒါပေမယ့် ကျနော်တို့အတွက်ကောင်းတာတွေလည်းရှိသေးပါတယ်။ပရီးမီးယားလိဂ်ဖလားရဖို့က ဘယ်တော့မှမလွယ်ကူဘူးဆိုတာနားလည်စေတယ်။ဘယ်ပွဲကိုမှ အလွယ်တကူ အနိုင်ရမှာမဟုတ်ဖူး။ကျနော်တို့ကစားပုံမကောင်းခဲ့ဘူး။တကယ်ဆိုးရွားခဲ့တယ်။အခြားပွဲတွေကပုံစံကောင်းမျိုးပျောက်ဆုံးနေခဲ့တယ်။ကျနော်တို့ ပွဲအများကြီးကစားဖို့ကျန်ပါသေးတယ်။အရှုံးကနေသင်ခန်းစာယူပြီး အမှတ်တွေပြန်လည်စုဆောင်းရမှာပါ။ဇယားထိပ်ဆုံးက စီးတီးက အလွန်တောင့်တင်းတဲ့အသင်းပါ။ဒါကြောင့် အများကြီးပိုအားထုတ်ရမှာပါ။အခုမှတစ်ခါပဲရှုံးရသေးပါတယ်။တကယ်တော့ နိုင်နေရင်တောင်ပိုတိုးတက်အောင်လုပ်နိုင်မှ အောင်မြင်မှုရနိုင်မှာဖြစ်ပါတယ်။''လို့လူးဝစ်ကထုတ်ဖော်ပြောခဲ့ပါတယ်။
အီတလီမန်နေဂျာကတော့သူ့ကစားသမားတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။''ကျနော်တို့ခြေစွမ်းကဆိုးရွားလွန်းခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။စပါးအသင်းကို အဖက်ဖက်ကအရှုံးပေးခဲ့ရတာပါ။ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်တွေမယှဉ်နိုင်ခဲ့သလို နည်းစနစ်ပိုင်း နည်းဗျူဟာပိုင်းအရလည်း ပိုကောင်းအောင်မလုပ်နိုင်ခဲ့ဘူး။ကျနော်တို့မှာပြသနာအချို့ရှိနေတာကို သိခဲ့ရပြီး ဒီနေ့ပွဲကခြေစွမ်းအတွက်အားလုံးမှာတာဝန်ရှိပါတယ်။နောက်ဆုံးသုံးလေးပွဲကိုပြန်ကြည့်ရင် ပွဲအစပိုင်းမှာ ကျနော်တို့အထလေးတက်ပါတယ်။ဒီပွဲကတော့ အရာရာ မနှစ်မျို့စရာကြည့်ပါပဲ'''လို့ဆာရီကဝန်ခံသွားခဲ့ပါတယ်။
Post a Comment