Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရော်နယ်ဒိုနဲ့မက်ဆီထဲကအကြိုက်တစ်ယောက်ကိုရွေးချယ်လိုက်တဲ့ ဂျာဂျင်ကလော့
လီဗာပူးမန်နေဂျာ ကလော့ ဟာ ဘောလုံးလောကမှာ ငြင်းခုန်မှုအများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတာဖြေသွားခဲ့ပါတယ်။ဒီမေးခွန်းဟာ ဘောလုံးပရိတ်သတ်တွေ မရေမတွက်နိုင်အောင် မေးလေ့ရှိတဲ့အရာပါပဲ။ဒါအပြင် ဘောလုံးသမားတွေနဲ့နည်းပြတွေပါ မကြာခနအမေးခံရလေ့ရှိကာ ကလော့ကတော့ အခုလိုဖြေသွားခဲ့ပါတယ်။
''ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်တစ်ခုခုကိုရွေးခိုင်းသလိုမျိုးပဲ ဒီမေးခွန်းကမမျှတပါဘူး။ဒါပေမယ့် မက်ဆီလို့ဖြေမယ်ဗျာ။ကျနော်က နှစ်ယောက်လုံးကို ကြိုက်တာပါ။သူတို့နှစ်ယောက်လုံးballon d'Or ငါးကြိမ်စီရခဲ့သလို 2008ကစလို့ သူတို့ပဲတစ်ယောက်တစ်လှည့်ယူနေတာပါ။ဒါပေမယ့် ခုချိန်မှာ ဗာရန်း ,ဂရစ်မန်း , မိုဒရစ် နဲ့ဘာပေတို့ထဲကပဲ ဆန်ကာတင်သုံးယောက်စာရင်းပါဖို့အလေးသာနေတာကြောင့် သူတို့ရဲ့ပြိုင်ဆိုင်မှု ရပ်တန့်သွားဖို့ရှိနေပါပြီ။''လို့ ကလော့ကပြောခဲ့ပါတယ်။
ဂျာဂျင်ကလော့ဟာ ဒီနှစ်မှာ ချန်ပီယံလိဂ် သို့မဟုတ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ဆန္ဒပြင်းပြနေပါတယ်။အဆုံးသတ်အနေနဲ့ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဘယ်ဟာ ပိုလိုချင်သလဲမေးလိုပဲ သူတို့နှစ်ယောက်လုံးက ကျနော့် အကြိုက်ဆုံးတွေဖြစ်နေပါတယ်လို့ ကလော့ကဖြေသွားခဲ့ပါတယ်။
” လီဗာပူးလ်အသင်းဟာ အခုချိန်ထိပရီးမီးယားလိပ်ဖလားမရယူနိုင်သေးပါဘူး။ကျွန်တော့်အတွက်ဆိုရင်တော့ ဒါဟာမကွဲပြာပါဘူး။ကျွန်တော် ၂ခုလုံးရယူချင်ပါတယ်။ဒါဟာကျွန်တော့်ရဲ့စိတ်ကြိုက်ရွေးချယ်မှုပါပဲ။” လို့ပြောကြားခဲ့ပါတယ်။
Post a Comment