Header Ads


ပြဲၾကမ္းေနတဲ့မန္စီးတီးကိုုၿပိဳင္ဘက္အသင္းေတြ ဒီရာသီအမွီလိုုက္နိုုင္ပါ့မလား??



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ခ်န္ပီယံဆုုကိုုကာကြယ္ဖိုု ့ၾကိဳးစားေနတဲ ့မန္စီးတီးအသင္းအတြက္ သူတိုု ့လက္ထဲကဖလားကိုုရယူဖိုု ့ၾကိဳးစားေနတဲ့ ၿပိဳင္ဘက္အသင္းေတြကိုု ေနာက္ေကာက္က်ဖိုု ့ဆိုုတာေတာ့ဒီရာသီမွာအနည္းငယ္အက်ပ္ေတြ ့နိုုင္ပါတယ္။



မန္စီးတီးအသင္းရဲ ့လတ္တေလာစြမ္းေဆာင္ရည္ေတြမွာ အျပစ္ေျပာစရာဆိုုလိုု ့တစ္ခုုသာရိွပါတယ္။ဒါကေတာ့ သူတိုု ့ဟာ ၿပီးခဲ့တဲ့ ေဆာက္တမ္တန္နဲ ့ပြဲမွာ ဂိုုးတစ္ဂိုုးေပးထားရတာပဲျဖစ္ပါတယ္။ဒီအခ်က္ေလးပါပဲ။သူတိုု ့အသင္းဟာ လက္ရိွပရီးမီးယားလိပ္ဇယားမွာထိပ္ဆံုုးကေနရပ္တည္ေနဆဲျဖစ္ပါတယ္။သိုု ့ေသာ္ျငားလည္း သူတိုု ့အသင္းရဲ ့ခ်န္ပီယံဆုုကာကြယ္နိုုင္မယ့္အခြင့္အေရးကေရးေရးမ ွ်သာရိွေနပါတယ္။ဆိုလိုတာက ပရီးမီးယားလိပ္ခ်န္ပီယံကိုမွန္းေနၾကတဲ့အျခားအသင္းၾကီးေတြကလည္းအင္အားၾကီးလာတာေနလိုု ့ပါ။



ဒီရာသီအစမွာ မန္စီးတီးရဲ ့ခ်န္ပီယံဆုုကာကြယ္မႈနဲ့ပတ္သတ္ၿပီး သိပ္အထင္မၾကီးၾကပင္မယ့္ အခု၁၁ ပြဲကစားၿပီးခ်ိန္မွာေတာ့ အသံေတြဟာေျပာင္းလဲသြားၿပီပဲျဖစ္ပါတယ္။ရာသီအစပြဲစဥ္ေတြတုုန္းကေတာ့ မန္စီးတီးပရိတ္သတ္ေတြက သူတို ့ရဲ ့အသင္းဟာမႏွစ္ရာသီက ျပသခဲ့တဲ့အဆင့္အတန္းအေနအထားေလာက္ မရိွဘူးလိုု ့ယံုၾကည္ေနၾကတာပဲျဖစ္ပါတယ္။( ဆိုလိုုတာက ၀ုုလ္ဗ္အသင္းကိုု အမွတ္မထင္သေရက်တဲ့ပြဲေၾကာင့္ပါ။) ပတ္ဂြာဒီယိုုလာကလည္း သူ ့ရဲ ့နည္းစနစ္ပိုုင္းနဲ ့ပတ္သတ္ၿပီး ဘာမွျပင္စရာမရိွဘူးလိုု ့ေျပာၾကားခဲ့ပါေသးတယ္။အခုုခ်ိန္မွာေတာ့ သူတိုု ့အသင္းဟာ ေရာမေခတ္ကစစ္သားအေယာက္၁၀၀ နဲ ့တိုုက္ပြဲေပါင္းစံုုကိုုတိုုက္ခဲ့တဲ့ စစ္သားေတြထက္ ပိုုေတာ္ေနၾကတာပဲျဖစ္ပါတယ္။ေဆာက္တမ္တန္အသင္းနဲ ့ပြဲမွာေတာ့ မန္စီးတီးအသင္းဟာ စက္တင္ဘာ ၁ရက္ေန ့ေနာက္ပိုုင္း သူတိုု ့ရဲ ့ပထမဆံုုးေပးဂိုုးေပးလိုက္ရတာပဲျဖစ္ပါတယ္။ စိန္ ့အသင္းဟာ အရင္ပြဲေတြထံုုးစံအတိုုင္း ဒယ္နီအင့္စ္ကုုိ မန္စီးတီးေနာက္ခံလူေတြနဲ့အီဒါဆင္ၾကားနားလည္မႈလြဲေခ်ာ္ေအာင္လုုပ္ေဆာင္ခဲ့ေသာ္လည္း ေနာက္ဆံုုးမွာေတာ့ စီးတီးအသင္းက သာသာယာယာနဲ့၆ဂိုုးသြင္းသြားတာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း စီးတီးအသင္းမွာ ခံစစ္ပိုုင္းဆိုုင္ရာလစ္ဟင္းမႈတစ္ခ်ိဳ ့ရိွေနပါေသးတယ္။ဒီရာသီပရီးမီးယားလိပ္ ပြဲစဥ္၁၀ပြဲမွာ မန္စီးတီးအသင္းဟာ ၁၀ၾကိမ္အထိ ဂိုုးေပါက္ျခိမ္းေျခာက္ခံခဲ့ရၿပီး ေဆာက္တမ္တန္နဲ ့ပြဲမွာ ၆ၾကိမ္အထိခံထားရတာပဲျဖစ္ပါတယ္။ျခံငံုုၾကည့္မယ္ဆိုုရင္ေတာ့ျဖင့္ သူတိုု ့အသင္းဟာ ဒီရာသီလိပ္မွာ၄ဂိုုးသာခြင့္ျပဳေပးထားရၿပီး ဥေရာပထိပ္တန္း၅လိပ္မွာ အေကာင္းဆံုုးမွတ္တမ္းကိုုရရိွထားတာပဲျဖစ္ပါတယ္။



ၿပီးခဲ့တဲ့ တနလၤာေန ့ကေတာ့တင္ဟမ္အသင္းကိုု အနိုုင္ရတဲ့ပြဲမတိုုင္ခင္အခ်က္အလက္သုုေတတီမ်ားရဲ ့အဆိုုအရ မိုုးျပာေရာင္တပ္သားေတြဟာ တစ္ပြဲကိုု ပ်မ္းမ ွ် .၄၄ ထိဂိုုးေပါက္ခ်ိန္းေျခာက္ျခင္းခံေနရကာမနွစ္ရာသီ .၃၇ ထက္ပိုုမ်ားလာခဲ့ပါတယ္။ဒါပင္မယ့္လည္းဂိုုးေပးရတဲ့ႏႈန္းကေတာ့ .၆၆ ကေန .၅၁ အထိက်ဆင္းသြားပါတယ္။အတိုုခ်ဳပ္ေျပာရရင္ စီးတီးရဲ ့ၿပိဳင္ဘက္ေတြဟာ ေသခ်ာေပါက္အခြင့္အေရးသိပ္မရေတာ့တာပဲျဖစ္ပါတယ္။ဘာလိုု ့လဲလို ့ဆိုုရင္ စီးတီးေနာက္ခံလူေတြဟာ သူတိုု ့ဂိုုးေရွ ့မွာ ခံစစ္အတြက္အေသအခ်ာအားျပဳကစားကာ အလုုပ္ရႈပ္ေနၾကတာပဲျဖစ္ပါတယ္။တိုုက္စစ္ပိုုင္းကိုျပန္ၾကည့္မယ္ဆိုုရင္ ဒီရာသီ ၃၃ဂိုုးအထိသြင္းယူထားၿပီး ဥေရာပထိပ္တန္းအသင္းၾကီး၅သင္းမွာ ဒုုတိယေနရာမွာရိွေနပါတယ္။သြင္းယူထားတဲ့ ဂိုုးေတြကလည္း ေနရာအစံုုကပါပဲ။အဂူရိုု က ၇ဂိုုး၊စတာလင္ ၆ဂိုုး၊ မာရက္ဇ္ က ၄ဂိုုး၊ ေဆးလ္ဗား၊ဘာနာဒိုုေဆးလ္ဗား၊ဆာေနးတိုု ့က ၃ဂိုုးစီသြင္းယူထားတာပဲျဖစ္ပါတယ္။




ကြင္းလယ္ဖန္ဆင္းရွင္ ဒီဘရိုုင္းတစ္ေယာက္ဒီရာသီပြဲအနည္းငယ္သာ ပါတာကိုုေတာ့သတိရပါဦး။အခ်က္အလက္ေတြအရလည္း အီတီဟဒ္ကြင္းၾကီးဟာလည္းၿဖိဳဖ်က္လိုု ့မလြယ္တဲ့ခံတပ္ၾကီးတစ္ဖြယ္ျဖစ္လာေနပါတယ္။၂၀၁၆ ဒီဇင္ဘာမွာ ခ်ဲလ္ဆီးအသင္းကိုုရံႈးနိမ့္ခဲ့ၿပီးေနာက္ပိုုင္းမန္စီးတီးဟာပရီးမီးယားလိပ္အိမ္ကြင္းမွ၁ပြဲသာရံႈးနိမ့္ထားပါေသးတယ္။အိမ္ကြင္းပြဲေပါင္း ၃၇ပြဲကစားၿပီးခ်ိန္ ဂိုုး၁၁၀ သြင္းထားတာပဲျဖစ္ပါတယ္။တစ္ပြဲကိုု ပ်မ္းမ ွ် .၉၇နႈန္းနဲ ့ပါ။ဒါ့အျပင္သူတိုု ့အသင္းဟာအေ၀းကြင္းရလဒ္လည္းေကာင္းလြန္းေနပါေသးတယ္။ဒီရာသီ အာဆင္နယ္၊ေတာ့တင္ဟမ္တို ့ကို လန္ဒန္မွာအနိုုင္ယူထားၿပီး လီဗာပူးလ္ရဲ ျဖဳတ္ခ်ျခင္းကိုုခံရေတာ့မယ္လိုု ့ထင္ထားၾကတဲ့အန္ဖီးလ္ကြင္းမွာလည္း ဂိုုးမရိွသေရရလဒ္ကိုုစိုုက္ထူထားျပန္ပါတယ္။ဂြာဒီယိုုလာကလည္းသူ ့ကစားသမားေတြကိုု အားရမေက်နပ္ေနဖိုု ့ရာသီအစပိုုင္းေတြမွာသတိေပးေျပာဆိုထားပါတယ္။ပရီးမီးယားလိပ္ဇယားအရမန္စီးတီးအသင္းဟာ အျမင့္ဆံုုးအမွတ္၃၃မွတ္အထိရယူနုုိင္မယ့္အခြင့္အေရးရိွခဲ့ေသာ္လည္းအမွတ္မ်ားၾကီးျဖတ္ၿပီးဦးမေဆာင္နိုုင္ေသးပါဘူး။သိုု ့ေသာ္လည္း ဒီရာသီစီးတီးရဲ ့မဟာၿပိဳင္ဘက္လီဗာပူးလ္အသင္းကလည္း အမွတ္ေတြေလ်ာ့နည္းလာခဲ့ပါတယ္။ဒါေၾကာင့္ မန္စီးတီးရဲ ့အဆင့္အတန္းတစ္ခုုကိုုေရာက္လာဖိုု ့လီဗာပူးလ္အသင္းတိုု ့အတြက္ တစ္စံုုတစ္ခုုလိုုအပ္ေနေသးတာမွန္ေနပါတယ္။ဒါပင္မယ့္လည္း လီဗာပူးလ္အသင္းဟာမန္စီးတီးေအာက္၂မွတ္အကြာရပ္တည္ေနနိုုင္ပါေသးတယ္။



ခ်ဲလ္ဆီးအသင္းဟာလည္း ဒီရာသီအစေတာက္ပခဲ့မႈေတြကိုု အခုုရက္ပိုုင္းအတြင္းေပ်ာက္ဆံုုးေနခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းခ်ဲလ္ဆီးအသင္းဟာေနရာမွန္မွာရိွေနၿပီး အနႈတ္လကၡဏေဆာင္ေနတဲ့ ေတာ့တင္ဟမ္အသင္းေတာင္ ရလဒ္ေကာင္းေတြပိုုင္ဆိုုင္ထားၿပီးမန္စီးတီးအသင္းနဲ ့၅မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။ဒါေၾကာင့္ မန္စီးတီးအသင္းအေနနဲ ့ဒီရာသီခ်န္ပီယံဆုုကိုုကာကြယ္ဖိုု ့အေတာ္ေလးၾကိဳးစားရမွာျဖစ္ၿပီးစီးတီးအသင္းဟာဒီရာသီခ်န္ပီယံဆုုကိုု ထပ္မံဆြတ္ခူးနိုုင္ခဲ့ရင္လည္း မနွစ္ရာသီသူတိုု ့လုုပ္ျပခဲ့တဲ့ ပံုုစံပဲလိုု ့လူအေတာ္မ်ားေတြးထင္ေကာင္းေတြးထင္နိုုင္ပါတယ္။ဒါပင္မယ့္လည္း ဒီရာသီပံုုစံေကာင္းေတြလုုပ္ျပေနတဲ့ေနရာမွာ အသင္းရဲ ့အေရးပါဆံုုးကစားသမားျဖစ္တဲ့ ဒီဘရိုုင္းတစ္ေယာက္မပါ၀င္ပဲ လုုပ္ေဆာင္ျပခဲ့တာကိုုေတာ့ ခ်ီးက်ဳးစရာပါပဲ။

လာမယ့္တနဂၤေႏြေန ့မွာ မန္စီးတီးရဲ့ ၿမိဳ ့ခံၿပိဳင္ဘက္ မန္ခ်က္စတာယူနိူက္တက္အသင္းကိုု အိမ္ကြင္းမွာလက္ခံကစားရမွာပဲျဖစ္ပါတယ္။ဒါဟာ မန္စီးတီးသားေတြအတြက္ မႏွစ္ရာသီက နာက်င္စရာေန ့စြဲကိုု သတိရသြားေစပါတယ္။မနွစ္ရာသီအိမ္ကြင္းမွာ ယူနိုုက္တက္ကိုု - ျဖင့္ ဦးေဆာင္ေနၿပီး ၿမိဳ ့ခံၿပိဳင္ဘက္ေရွ ့မွာဖလားယူေအာင္ပြဲခံနိုုင္မယ့္အခြင့္အေရးရိွခဲ့ေသာ္လည္းယူနိုုက္တက္ကိုု ၃ဂိုုးျပန္လည္ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ဒီပြဲမွာစီးတီးတိုု ့ယူနိုုက္တက္ကိုုလက္စားျပန္ေခ်ျပမွာလား??


ဒီနွစ္မန္စီးတီး မနွစ္ကထက္ပိုုေကာင္းလာသလား? ပိုမေကာင္းဘူးဆိုုရင္ေတာင္မွ သူတိုု ့အသင္း ဘာတစ္ခုုမွမဆိုုးရြားသြားပါဘူး။ဇယားထိပ္ရပ္တည္နိုုင္ဖိုု ့အတြက္မန္စီးတီးအသင္းနဲ ့အမွတ္ကြာဟမႈက်ဥ္းေျမာင္းေနဆဲျဖစ္ေသာ္လည္း ၿပိဳင္ဘက္အသင္းေတြအတြက္ေတာ့ မန္စီးတီးအသင္းဟာ က်ီးလန္ ့စာစားေနရသလိုု စိုုးရိမ္စရာအသင္းျဖစ္လိုု ့ေနပါတယ္။

(Unicode)


ပွဲကြမ်းနေတဲ့မန်စီးတီးကိုပြိုင်ဘက်အသင်းတွေ ဒီရာသီအမှီလိုက်နိုင်ပါ့မလား??



ချန်ပီယံဆုကိုကာကွယ်ဖို့ကြိုးစားနေတဲ့မန်စီးတီးအသင်းအတွက် သူတို့လက်ထဲကဖလားကိုရယူဖို့ကြိုးစားနေတဲ့ ပြိုင်ဘက်အသင်းတွေကို နောက်ကောက်ကျဖို့ဆိုတာတော့ဒီရာသီမှာအနည်းငယ်အကျပ်တွေ့နိုင်ပါတယ်။

မန်စီးတီးအသင်းရဲ့လတ်တလောစွမ်းဆောင်ရည်တွေမှာ အပြစ်ပြောစရာဆိုလို့တစ်ခုသာရှိပါတယ်။ဒါကတော့ သူတို့ဟာ ပြီးခဲ့တဲ့ ဆောက်တမ်တန်နဲ့ပွဲမှာ ဂိုးတစ်ဂိုးပေးထားရတာပဲဖြစ်ပါတယ်။ဒီအချက်လေးပါပဲ။
သူတို့အသင်းဟာ လက်ရှိပရီးမီးယားလိပ်ဇယားမှာထိပ်ဆုံးကနေရပ်တည်နေဆဲဖြစ်ပါတယ်။သို့သော်ငြားလည်း သူတို့အသင်းရဲ့ချန်ပီယံဆုကာကွယ်နိုင်မယ့်အခွင့်အရေးကရေးရေးမ ျှသာရှိနေပါတယ်။ဆိုလိုတာက ပရီးမီးယားလိပ်ချန်ပီယံကိုမှန်းနေကြတဲ့အခြားအသင်းကြီးတွေကလည်းအင်အားကြီးလာတာနေလို့ပါ။

ဒီရာသီအစမှာ မန်စီးတီးရဲ့ချန်ပီယံဆုကာကွယ်မှုနဲ့ပတ်သတ်ပြီး သိပ်အထင်မကြီးကြပင်မယ့် အခု၁၁ ပွဲကစားပြီးချိန်မှာတော့ အသံတွေဟာပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ရာသီအစပွဲစဉ်တွေတုန်းကတော့ မန်စီးတီးပရိတ်သတ်တွေက သူတို့ရဲ့အသင်းဟာမနှစ်ရာသီက ပြသခဲ့တဲ့အဆင့်အတန်းအနေအထားလောက် မရှိဘူးလို့ယုံကြည်နေကြတာပဲဖြစ်ပါတယ်။( ဆိုလိုတာက ဝုလ်ဗ်အသင်းကို အမှတ်မထင်သရေကျတဲ့ပွဲကြောင့်ပါ။) ပတ်ဂွာဒီယိုလာကလည်း သူ့ရဲ့နည်းစနစ်ပိုင်းနဲ့ပတ်သတ်ပြီး ဘာမှပြင်စရာမရှိဘူးလို့ပြောကြားခဲ့ပါသေးတယ်။အခုချိန်မှာတော့ သူတို့အသင်းဟာ ရောမခေတ်ကစစ်သားအယောက်၁၀၀ နဲ့တိုက်ပွဲပေါင်းစုံကိုတိုက်ခဲ့တဲ့ စစ်သားတွေထက် ပိုတော်နေကြတာပဲဖြစ်ပါတယ်။ဆောက်တမ်တန်အသင်းနဲ့ပွဲမှာတော့ မန်စီးတီးအသင်းဟာ စက်တင်ဘာ ၁ရက်နေ့နောက်ပိုင်း သူတို့ရဲ့ပထမဆုံးပေးဂိုးပေးလိုက်ရတာပဲဖြစ်ပါတယ်။ စိန့်အသင်းဟာ အရင်ပွဲတွေထုံးစံအတိုင်း ဒယ်နီအင့်စ်ကို မန်စီးတီးနောက်ခံလူတွေနဲ့အီဒါဆင်ကြားနားလည်မှုလွဲချော်အောင်လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးမှာတော့ စီးတီးအသင်းက သာသာယာယာနဲ့၆ဂိုးသွင်းသွားတာပဲဖြစ်ပါတယ်။သို့သော်လည်း စီးတီးအသင်းမှာ ခံစစ်ပိုင်းဆိုင်ရာလစ်ဟင်းမှုတစ်ချို့ရှိနေပါသေးတယ်။ဒီရာသီပရီးမီးယားလိပ် ပွဲစဉ်၁၀ပွဲမှာ မန်စီးတီးအသင်းဟာ ၁၀ကြိမ်အထိ ဂိုးပေါက်ခြိမ်းခြောက်ခံခဲ့ရပြီး ဆောက်တမ်တန်နဲ့ပွဲမှာ ၆ကြိမ်အထိခံထားရတာပဲဖြစ်ပါတယ်။ခြံငုံကြည့်မယ်ဆိုရင်တော့ဖြင့် သူတို့အသင်းဟာ ဒီရာသီလိပ်မှာ၄ဂိုးသာခွင့်ပြုပေးထားရပြီး ဥရောပထိပ်တန်း၅လိပ်မှာ အကောင်းဆုံးမှတ်တမ်းကိုရရှိထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့တင်ဟမ်အသင်းကို အနိုင်ရတဲ့ပွဲမတိုင်ခင်အချက်အလက်သုတေတီများရဲ့အဆိုအရ မိုးပြာရောင်တပ်သားတွေဟာ တစ်ပွဲကို ပျမ်းမ ျှ ၆.၄၄ ထိဂိုးပေါက်ချိန်းခြောက်ခြင်းခံနေရကာမနှစ်ရာသီ ၆.၃၇ ထက်ပိုများလာခဲ့ပါတယ်။ဒါပင်မယ့်လည်းဂိုးပေးရတဲ့နှုန်းကတော့ ဝ.၆၆ ကနေ ဝ.၅၁ အထိကျဆင်းသွားပါတယ်။အတိုချုပ်ပြောရရင် စီးတီးရဲ့ပြိုင်ဘက်တွေဟာ သေချာပေါက်အခွင့်အရေးသိပ်မရတော့တာပဲဖြစ်ပါတယ်။ဘာလို့လဲလို့ဆိုရင် စီးတီးနောက်ခံလူတွေဟာ သူတို့ဂိုးရှေ့မှာ ခံစစ်အတွက်အသေအချာအားပြုကစားကာ အလုပ်ရှုပ်နေကြတာပဲဖြစ်ပါတယ်။တိုက်စစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဒီရာသီ ၃၃ဂိုးအထိသွင်းယူထားပြီး ဥရောပထိပ်တန်းအသင်းကြီး၅သင်းမှာ ဒုတိယနေရာမှာရှိနေပါတယ်။သွင်းယူထားတဲ့ ဂိုးတွေကလည်း နေရာအစုံကပါပဲ။အဂူရို က ၇ဂိုး၊စတာလင် ၆ဂိုး၊ မာရက်ဇ် က ၄ဂိုး၊ ဆေးလ်ဗား၊ဘာနာဒိုဆေးလ်ဗား၊ဆာနေးတို့က ၃ဂိုးစီသွင်းယူထားတာပဲဖြစ်ပါတယ်။


ကွင်းလယ်ဖန်ဆင်းရှင် ဒီဘရိုင်းတစ်ယောက်ဒီရာသီပွဲအနည်းငယ်သာ ပါတာကိုတော့သတိရပါဦး။အချက်အလက်တွေအရလည်း အီတီဟဒ်ကွင်းကြီးဟာလည်းဖြိုဖျက်လို့မလွယ်တဲ့ခံတပ်ကြီးတစ်ဖွယ်ဖြစ်လာနေပါတယ်။၂၀၁၆ ဒီဇင်ဘာမှာ ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမန်စီးတီးဟာပရီးမီးယားလိပ်အိမ်ကွင်းမှ၁ပွဲသာရှုံးနိမ့်ထားပါသေးတယ်။အိမ်ကွင်းပွဲပေါင်း ၃၇ပွဲကစားပြီးချိန် ဂိုး၁၁၀ သွင်းထားတာပဲဖြစ်ပါတယ်။တစ်ပွဲကို ပျမ်းမ ျှ ၂.၉၇နှုန်းနဲ့ပါ။ဒါ့အပြင်သူတို့အသင်းဟာအဝေးကွင်းရလဒ်လည်းကောင်းလွန်းနေပါသေးတယ်။ဒီရာသီ အာဆင်နယ်၊တော့တင်ဟမ်တို့ကို လန်ဒန်မှာအနိုင်ယူထားပြီး လီဗာပူးလ်ရဲ့ ဖြုတ်ချခြင်းကိုခံရတော့မယ်လို့ထင်ထားကြတဲ့အန်ဖီးလ်ကွင်းမှာလည်း ဂိုးမရှိသရေရလဒ်ကိုစိုက်ထူထားပြန်ပါတယ်။ဂွာဒီယိုလာကလည်းသူ့ကစားသမားတွေကို အားရမကျေနပ်နေဖို့ရာသီအစပိုင်းတွေမှာသတိပေးပြောဆိုထားပါတယ်။ပရီးမီးယားလိပ်ဇယားအရမန်စီးတီးအသင်းဟာ အမြင့်ဆုံးအမှတ်၃၃မှတ်အထိရယူနိုင်မယ့်အခွင့်အရေးရှိခဲ့သော်လည်းအမှတ်များကြီးဖြတ်ပြီးဦးမဆောင်နိုင်သေးပါဘူး။သို့သော်လည်း ဒီရာသီစီးတီးရဲ့မဟာပြိုင်ဘက်လီဗာပူးလ်အသင်းကလည်း အမှတ်တွေလျော့နည်းလာခဲ့ပါတယ်။ဒါကြောင့် မန်စီးတီးရဲ့အဆင့်အတန်းတစ်ခုကိုရောက်လာဖို့လီဗာပူးလ်အသင်းတို့အတွက် တစ်စုံတစ်ခုလိုအပ်နေသေးတာမှန်နေပါတယ်။ဒါပင်မယ့်လည်း လီဗာပူးလ်အသင်းဟာမန်စီးတီးအောက်၂မှတ်အကွာရပ်တည်နေနိုင်ပါသေးတယ်။


ချဲလ်ဆီးအသင်းဟာလည်း ဒီရာသီအစတောက်ပခဲ့မှုတွေကို အခုရက်ပိုင်းအတွင်းပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းချဲလ်ဆီးအသင်းဟာနေရာမှန်မှာရှိနေပြီး အနှုတ်လက္ခဏဆောင်နေတဲ့ တော့တင်ဟမ်အသင်းတောင် ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပြီးမန်စီးတီးအသင်းနဲ့၅မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီးအသင်းအနေနဲ့ဒီရာသီချန်ပီယံဆုကိုကာကွယ်ဖို့အတော်လေးကြိုးစားရမှာဖြစ်ပြီးစီးတီးအသင်းဟာဒီရာသီချန်ပီယံဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ရင်လည်း မနှစ်ရာသီသူတို့လုပ်ပြခဲ့တဲ့ ပုံစံပဲလို့လူအတော်များတွေးထင်ကောင်းတွေးထင်နိုင်ပါတယ်။ဒါပင်မယ့်လည်း ဒီရာသီပုံစံကောင်းတွေလုပ်ပြနေတဲ့နေရာမှာ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်တဲ့ ဒီဘရိုင်းတစ်ယောက်မပါဝင်ပဲ လုပ်ဆောင်ပြခဲ့တာကိုတော့ ချီးကျုးစရာပါပဲ။

လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိူက်တက်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာပဲဖြစ်ပါတယ်။ဒါဟာ မန်စီးတီးသားတွေအတွက် မနှစ်ရာသီက နာကျင်စရာနေ့စွဲကို သတိရသွားစေပါတယ်။မနှစ်ရာသီအိမ်ကွင်းမှာ ယူနိုက်တက်ကို ၂-၀ ဖြင့် ဦးဆောင်နေပြီး မြို့ခံပြိုင်ဘက်ရှေ့မှာဖလားယူအောင်ပွဲခံနိုင်မယ့်အခွင့်အရေးရှိခဲ့သော်လည်းယူနိုက်တက်ကို ၃ဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် ဒီပွဲမှာစီးတီးတို့ယူနိုက်တက်ကိုလက်စားပြန်ချေပြမှာလား??

ဒီနှစ်မန်စီးတီး မနှစ်ကထက်ပိုကောင်းလာသလား? ပိုမကောင်းဘူးဆိုရင်တောင်မှ သူတို့အသင်း ဘာတစ်ခုမှမဆိုးရွားသွားပါဘူး။ဇယားထိပ်ရပ်တည်နိုင်ဖို့အတွက်မန်စီးတီးအသင်းနဲ့အမှတ်ကွာဟမှုကျဉ်းမြောင်းနေဆဲဖြစ်သော်လည်း ပြိုင်ဘက်အသင်းတွေအတွက်တော့ မန်စီးတီးအသင်းဟာ ကျီးလန့်စာစားနေရသလို စိုးရိမ်စရာအသင်းဖြစ်လို့နေပါတယ်။

No comments

Powered by Blogger.