Header Ads



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








သူဟာ လက်စတာစီးတီးကိုအနိုင်ရတဲ့ပွဲမှာ တစ်နာရီကို ၂၁. ကီလိုမီတာအမြန်နှုန်းနဲ့ ပြေးလွှားကစားခဲ့ပါတယ်။ဒုတိယနေရာမှာတော့ သူ့ ရဲ့ နောက်တန်းအသင်းဖော် ဗန်ဒိုက်စ်က ၂၁. ကီလိုမီတာနှုန်းရှိခဲ့ပါတယ်။သူတို့ ၂ယောက်နောက်မှာတော့ ဆာဒီယိုမာနေးက တစ်နာရီကို ၂၁. ကီလိုမီတာအထိရှိခဲ့ပြီး အသင်းရဲ့ နောက်တန်းအစွန်လူ၂ယောက်ဖြစ်တဲ့အလက်ဇန်းဒါးအာနိုးနဲ့ ရော့ ဘတ်ဆန်တို့ ဟာ ၂၁. ကီလိုမီတာနဲ့ ၂၁ ကီလိုမီတာအသီးသီးဆီရှိနေပါတယ်။ ဆာလာနဲ့ ဖာမီနိုတို့ က တော့ ၂၀.  ကီလိုမီတာနဲ့အဆင့် ၆နေရာမှာရှိနေပါတယ်။









(Unicode)

ဆာလာဟာလီဗာပူးလ်အသင်းရဲ့အမြန်ဆုံးကစားသမားတစ်ယောက်မဟုတ်ဘူးဆိုတာသိရဲ့လား?

မိုဟာမက်ဆာလာဟာလီဗာပူးလ်အသင်းရဲ့ဒီရာသီ၆ယောက်မြောက်အမြန်ဆုံးကစားသမားအဖြစ်နဲ့သာရပ်တည်နေပါတယ်။

“ အီဂျစ်ဘုရင်” လို့တင်စားခြင်းခံထားရတဲ့ ဆာလာဟာ ပြိုင်ဘက်နောက်ခံလူတွေကိုမျက်စိတစ်မှိတ်အတွင်း သူ့ရဲ့လျင်မြန်နှုန်းမြင့်မားတဲ့ အတို့အထိအလိမ်အခေါက်များနဲ့ဖြတ်ကျော်နိုင်တဲ့သူအဖြစ် ကျော်ကြားလှပါတယ်။ဒါပင်မယ့်လည်း ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ဒီရာသီအမြန်ဆုံးကစားသမားတစ်ယောက်မဟုတ်ပြန်ပါဘူး။အချက်အလက်များအရ သူဟာ အသင်းရဲ့တိုက်စစ်အသင်းဖော်ဖာမီနိုနဲ့အဆင့်၆မှာရပ်တည်နေပါတယ်။ဒါဆို လီဗာပူးလ်အသင်းရဲ့အမြန်ဆုံးကစားသမားက ဘယ်သူဖြစ်မလဲ??

ဂျိုလ်ဂိုးမက်ဇ်ထက်ဘယ်သူမှ ပိုမမြန်ကြဘူးဆို လီဗာပူးလ်ဖန်တွေယုံကြမလား??

သူဟာ လက်စတာစီးတီးကိုအနိုင်ရတဲ့ပွဲမှာ တစ်နာရီကို ၂၁.၆ ကီလိုမီတာအမြန်နှုန်းနဲ့ပြေးလွှားကစားခဲ့ပါတယ်။ဒုတိယနေရာမှာတော့ သူ့ရဲ့နောက်တန်းအသင်းဖော် ဗန်ဒိုက်စ်က ၂၁.၅ ကီလိုမီတာနှုန်းရှိခဲ့ပါတယ်။သူတို့၂ယောက်နောက်မှာတော့ ဆာဒီယိုမာနေးက တစ်နာရီကို ၂၁.၄ ကီလိုမီတာအထိရှိခဲ့ပြီး အသင်းရဲ့နောက်တန်းအစွန်လူ၂ယောက်ဖြစ်တဲ့အလက်ဇန်းဒါးအာနိုးနဲ့ရော့ဘတ်ဆန်တို့ဟာ ၂၁.၁ ကီလိုမီတာနဲ့၂၁ ကီလိုမီတာအသီးသီးဆီရှိနေပါတယ်။ ဆာလာနဲ့ဖာမီနိုတို့က တော့ ၂၀.၉  ကီလိုမီတာနဲ့အဆင့် ၆နေရာမှာရှိနေပါတယ်။

ဒီရာသီဂိုမက်ဇ်ထက်အမြန်ဆုံးပြေးနိုင်တဲ့ နောက်ထပ်ခံစစ်မှူးတစ်ယောက်ရှိနေသေးတယ်ဆို အံသြသွားမလား? ဟယ်လ်ဒါဖီးလ်တောင်းအသင်းရဲ့ကွန်ဂလို ဟာ တစ်နာရီကို ၂၁.၆၆ ကီလိုမီတာအထိပြေးနိုင်ကြောင်းတွေ့ရပါတယ်။လီဗာပူးလ်အသင်းရဲ့ဒီရာသီနောက်ခံလူအတွဲဟာ အထင်ကြီးစရာကောင်းလောက်အောင်ခြေစွမ်းတွေပြသနေတာပဲဖြစ်ပါတယ်။အထူးသဖြင့် ဂိုမက်ဇ်ဟာ နည်းပြဂျာဂန်ကလော့လက်အောက်မှာ ထွန်းတောက်လာတဲ့သူုဖြစ်ပြီး အသင်းဖော်ဗန်ဒိုက်စ်နဲ့အတူတွဲဖက်ညီညီ ကစားနေပါတယ်။

အသက်၂၁နှစ်အရွယ်သာရှိသေးတဲ့ ဂိုမက်ဇ်ဟာ အင်္ဂလန်အသင်းကြီးမှာရွေးချယ်ခံရပြီး ဂျာမနီအသင်းနဲ့ပွဲမှာသူ့ရဲ့ ပထမဆုံးစီနီယာပွဲဖြစ်ခဲ့ပါတယ်။

No comments

Powered by Blogger.