ေဘာလံုုးမကန္ပဲပရိတ္သတ္ေတြကိုုနႈတ္ဆက္ေနတဲ့ေနမာရဲ ့ေနာက္ကြယ္ကလ ွ်ိဳ ့၀ွက္ခ်က္
ေနမာရဲ ့အျပဳအမူေတြကကၽြန္ေတာ္တို ့ကိုုအျမင္အမ်ိဳးမ်ိဳးကြဲျပားသြားေစပါတယ္။ျပီးခဲ့တဲ့ေႏြရာသီကမာၻ ့ဖလားပြဲေတြမွာတုုန္းကသူ ့ရဲ ့ကြင္းအတြင္းေနာက္တီးေနာက္ေတာက္ဟန္နဲ ့ပတ္သတ္ၿပီး ကၽြန္ေတာ္တိုု ့ေတြသိျမင္ခဲ့ၾကပါေသးတယ္။
မကၠစီကိုုကလပ္ Tijuana အသင္းဆိုုရင္ “ Neymer challenge” ဆုုိၿပီး ပထမပိုုင္းပြဲခ်ိန္မွာ ပရိတ္သတ္ေတြကိုု ကြင္းလယ္ကေန ကြင္းဆံုုးတဲ့အထိလိမ့္ခိုုင္းၿပီး ၿပိဳင္ပြဲလုုပ္ခဲ့တာကိုုေတာင္ေတြ ့ရပါတယ္။ေအာက္ကဗီဒီယိုုမွာၾကည့္နိုုင္ပါတယ္။
အဆိုုပါဘရာဇီးသားဟာ ဗုုဒၶဟူးေန ့ညကကစားခဲ့တဲ့ လီဗာပူးလ္အသင္းကို ၂-၁ ျဖင့္နိုုင္တဲ့ပြဲမွာ အျငင္းပြားဖြယ္လုုပ္ရပ္တစ္ခုုကိုုက်ဴးလြန္ခဲ့ပါတယ္။ေနမာကေတာ့ သတင္းေခါင္းစီးပိုုင္းေတြမွာေနရာယူထားလိုုက္ျပန္ပါေသးတယ္။
အေကာင္းေတြေရာ၊ အဆိုုးေတြေရာေပါ့...
အသက္၂၆နွစ္အရြယ္ေနမာဟာဂ်ာဂန္ကေလာ့ရဲ ့အသင္းဘက္ကိုု ၁ဂိုုးသြင္းနိုုင္ခဲ့ၿပီးေနာက္ခ်န္ပီယံလိပ္မွာ ဘရာဇီးကစားသမားေတြထဲ အခ်ိန္ျပည့္ထိပ္တန္းဂိုုးသြင္းသူျဖစ္လာခဲ့ပါတယ္။ဒါဟာတကယ္ေကာင္းပါတယ္။ဒါပင္မယ့္လည္းသူဟာ အသင္းေဖာ္အမ္ဘာေပးေပးပိုု ့တဲ့ေဘာလံုုးကိုုလက္ခံရယူျခင္းမရိွပဲ PSG ပရိတ္သတ္ေတြဆီ လက္ျပႏႈတ္ဆက္ရင္းအလုုပ္ရႈပ္ေနတာပဲျဖစ္ပါတယ္။ဒါဟာအေတာ္ဆိုုးပါတယ္။ဒီလိုုမ်ိဳးခင္ဗ်ားတိုု ့အရင္ကျမင္ဖူးၾကလား?ပ၇ိတ္သတ္ေတြကိုုနႈတ္ဆက္ေနရင္းေဘာလံုုးဆံုုးရံႈးသြားေစေအာင္လုုပ္သင့္တယ္လိုု ့ထင္ရဲ ့လား?
နည္းျပေသာမတ္စ္တူခ်ယ္ရဲ ့PSG အသင္းဟာ အေရးၾကီးတဲ့အနိုုင္၃မွတ္ကိုုရယူေနခ်ိန္မွာ အခုုလိုုေနမာရဲ ့လုုပ္ရပ္အေပၚ လူမႈကြန္ရက္ေတြအေပၚမွာ ျပင္းျပင္းထန္ထန္ေ၀ဖန္ေနၾကတာပဲျဖစ္ပါတယ္။သူ ့ရဲ ့ဟာသလုုပ္ရပ္နဲ့ပတ္သတ္ၿပီးပရိတ္သတ္ေတြသိပ္မေပ်ာ္ၾကတာေတြ ့ရပါတယ္။
ကြင္းအတြင္းအျပဳအမူပိုုင္းဆိုုင္ရာကိစၥေတြဟာေဘာလံုုးေလာကမွာ ျဖစ္ေလ့ရိွၾကပါတယ္။ေသခ်ာတဲ့ဥပမာကိုု ေျပာပါဆိုုရင္ ဘာေလာ့တယ္လီကိုု ဥပမာေပးရမွာပဲျဖစ္ပါတယ္။သူဟာ လီဗာပူးလ္အသင္းမွာ ကစားေနစဥ္ကြင္းအတြင္းနဲ ့ကြင္းျပင္ပအျပဳအမူအတြက္ ေပါင္၅သိန္း ေဘာနပ္စ္ရမယ့္စာခ်ဳပ္ကိုု ခ်ဳပ္ဆိုုခဲ့ပါတယ္။ဘာေလာ့တယ္လီလိုုမ်ိဳးကိစၥမွာေတာ့ သူ ့ရဲ ့ပင္ကိုုယ္စရိုုက္ကိုုကသူ ့ရဲ ့ကစားသမားဘ၀တစ္ေလ ွ်ာက္လံုုး
ထင္ရွားတဲ့ျပႆနာတစ္ရပ္ျဖစ္ေနတာပဲျဖစ္ၿပီး ဒီလိုုမက္လံုုးေပးကမ္းလွမ္းလိုုက္တာက လိမၼာပါးနပ္တဲ့ခ်ဥ္းကပ္မႈလိုု ့ဆိုုရမွာပဲျဖစ္ပါတယ္။
ဒီေနမာကိစၥမွာေတာ့ ဒါဟာ သက္သက္အဓိပၺာယ္မရိွတဲ့ဟာသလုုပ္၇ပ္လိုု ့ထင္ျမင္ေနၾကတာပဲျဖစ္ပါတယ္။လီဂူး-၁ အရေတာ့ ကစားသမားေတြဟာသူတိုု ့ရဲ့အျပဳအမူေပၚအေျခခံၿပီး ေဘာနပ္စ္ရၾကတာပဲျဖစ္ပါတယ္။Envoye Special ရဲ့အဆိုုအရ က်င့္၀တ္ပိုုင္းအပိုုဆုုေၾကးဆိုုၿပီးသက္သက္ရိွၾကတယ္လိုု ့ေတာင္သိရပါတယ္။ေနမာဟာ PSG မွာ ပြဲမၿပီးခင္နဲ့ပြဲ ၿပီးေနာက္ပရိတ္သတ္ေတြကိုု ႏႈတ္ဆက္ပါက ေဒၚလာ ၃၇၅၀၀၀ သိန္းတစ္နွစ္စာ အပိုုဆုုေၾကးရရိွလ်က္ရိွေနတယ္လိုု ့သိရပါတယ္။ေနာက္ထပ္စာခ်ဳပ္ပါအခ်က္အရ အကယ္၍ ေနမာသာ အမ်ားျပည္သူေရွ ့မွာ ေ၀ဖန္အျပစ္တင္စရာမလုုပ္ခဲ့ဖူးဆိုုရင္တစ္နွစ္ကိုု ေဒၚလာ ၂.၅ သန္းထိအပိုုဆုုေၾကးရမယ္လိုု ့လည္းသိရပါေသးတယ္။
ဒါဆိုုသူဟာဒီအပိုုဆုုေၾကးေၾကာင့္ ပရိတ္သတ္ေတြကိုုနႈတ္ဆက္ခဲ့တာလား?
တကယ္လားေတာ့ မေျပာတတ္ပါဘူး။ဒါပင္မယ့္ တိုုက္ဆိုုင္မႈကေတာ့ တကယ္ထူးဆန္ေနတာအမွန္ပါပဲ။
(Unicode)
ဘောလုံးမကန်ပဲပရိတ်သတ်တွေကိုနှုတ်ဆက်နေတဲ့နေမာရဲ့နောက်ကွယ်ကလ ျှို့ဝှက်ချက်
နေမာရဲ့အပြုအမူတွေကကျွန်တော်တို့ကိုအမြင်အမျိုးမျိုးကွဲပြားသွားစေပါတယ်။ပြီးခဲ့တဲ့နွေရာသီကမ္ဘာ့ဖလားပွဲတွေမှာတုန်းကသူ့ရဲ့ကွင်းအတွင်းနောက်တီးနောက်တောက်ဟန်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့တွေသိမြင်ခဲ့ကြပါသေးတယ်။
သူဟာ ပြိုင်ပွဲတစ်လေ ျှာက်အကောင်းဆုံးအရည်အသွေးကိုသက်သေပြခဲ့ဖူးပါတယ်။ဘရာဇီးအသင်းကို ကွာတားဖိုင်နယ်အဆင့်ထိရောက်အောက်ကူညီပေးခဲ့သော်လည်း ကွင်းအတွင်းဟန်ဆောင်ဒိုင်ဗင်ပေါင်းများစွာကသူ့ကိုအိုလံဗစ်ဒိုင်ဗစ်ရွှေတံဆိပ်ရသင့်တယ်လို့လှောင်ပြောင်နေကြတာပဲဖြစ်ပါတယ်။
မက္ကစီကိုကလပ် Tijuana အသင်းဆိုရင် “ Neymer challenge” ဆိုပြီး ပထမပိုင်းပွဲချိန်မှာ ပရိတ်သတ်တွေကို ကွင်းလယ်ကနေ ကွင်းဆုံးတဲ့အထိလိမ့်ခိုင်းပြီး ပြိုင်ပွဲလုပ်ခဲ့တာကိုတောင်တွေ့ရပါတယ်။အောက်ကဗီဒီယိုမှာကြည့်နိုင်ပါတယ်။အဆိုပါဘရာဇီးသားဟာ ဗုဒ္ဓဟူးနေ့ညကကစားခဲ့တဲ့ လီဗာပူးလ်အသင်းကို ၂-၁ ဖြင့်နိုင်တဲ့ပွဲမှာ အငြင်းပွားဖွယ်လုပ်ရပ်တစ်ခုကိုကျူးလွန်ခဲ့ပါတယ်။နေမာကတော့ သတင်းခေါင်းစီးပိုင်းတွေမှာနေရာယူထားလိုက်ပြန်ပါသေးတယ်။
အကောင်းတွေရော၊ အဆိုးတွေရောပေါ့...
အသက်၂၆နှစ်အရွယ်နေမာဟာဂျာဂန်ကလော့ရဲ့အသင်းဘက်ကို ၁ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ချန်ပီယံလိပ်မှာ ဘရာဇီးကစားသမားတွေထဲ အချိန်ပြည့်ထိပ်တန်းဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။ဒါဟာတကယ်ကောင်းပါတယ်။ဒါပင်မယ့်လည်းသူဟာ အသင်းဖော်အမ်ဘာပေးပေးပို့တဲ့ဘောလုံးကိုလက်ခံရယူခြင်းမရှိပဲ PSG ပရိတ်သတ်တွေဆီ လက်ပြနှုတ်ဆက်ရင်းအလုပ်ရှုပ်နေတာပဲဖြစ်ပါတယ်။ဒါဟာအတော်ဆိုးပါတယ်။ဒီလိုမျိုးခင်ဗျားတို့အရင်ကမြင်ဖူးကြလား?ပရိတ်သတ်တွေကိုနှုတ်ဆက်နေရင်းဘောလုံးဆုံးရှုံးသွားစေအောင်လုပ်သင့်တယ်လို့ထင်ရဲ့လား?
နည်းပြသောမတ်စ်တူချယ်ရဲ့PSG အသင်းဟာ အရေးကြီးတဲ့အနိုင်၃မှတ်ကိုရယူနေချိန်မှာ အခုလိုနေမာရဲ့လုပ်ရပ်အပေါ် လူမှုကွန်ရက်တွေအပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။သူ့ရဲ့ဟာသလုပ်ရပ်နဲ့ပတ်သတ်ပြီးပရိတ်သတ်တွေသိပ်မပျော်ကြတာတွေ့ရပါတယ်။
ကွင်းအတွင်းအပြုအမူပိုင်းဆိုင်ရာကိစ္စတွေဟာဘောလုံးလောကမှာ ဖြစ်လေ့ရှိကြပါတယ်။သေချာတဲ့ဥပမာကို ပြောပါဆိုရင် ဘာလော့တယ်လီကို ဥပမာပေးရမှာပဲဖြစ်ပါတယ်။သူဟာ လီဗာပူးလ်အသင်းမှာ ကစားနေစဉ်ကွင်းအတွင်းနဲ့ကွင်းပြင်ပအပြုအမူအတွက် ပေါင်၅သိန်း ဘောနပ်စ်ရမယ့်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ဘာလော့တယ်လီလိုမျိုးကိစ္စမှာတော့ သူ့ရဲ့ပင်ကိုယ်စရိုက်ကိုကသူ့ရဲ့ကစားသမားဘဝတစ်လေ ျှာက်လုံး
ထင်ရှားတဲ့ပြဿနာတစ်ရပ်ဖြစ်နေတာပဲဖြစ်ပြီး ဒီလိုမက်လုံးပေးကမ်းလှမ်းလိုက်တာက လိမ္မာပါးနပ်တဲ့ချဉ်းကပ်မှုလို့ဆိုရမှာပဲဖြစ်ပါတယ်။
ဒီနေမာကိစ္စမှာတော့ ဒါဟာ သက်သက်အဓိပ္ဗာယ်မရှိတဲ့ဟာသလုပ်၇ပ်လို့ထင်မြင်နေကြတာပဲဖြစ်ပါတယ်။လီဂူး-၁ အရတော့ ကစားသမားတွေဟာသူတို့ရဲ့အပြုအမူပေါ်အခြေခံပြီး ဘောနပ်စ်ရကြတာပဲဖြစ်ပါတယ်။Envoye Special ရဲ့အဆိုအရ ကျင့်ဝတ်ပိုင်းအပိုဆုကြေးဆိုပြီးသက်သက်ရှိကြတယ်လို့တောင်သိရပါတယ်။နေမာဟာ PSG မှာ ပွဲမပြီးခင်နဲ့ပွဲ ပြီးနောက်ပရိတ်သတ်တွေကို နှုတ်ဆက်ပါက ဒေါ်လာ ၃၇၅၀၀၀ သိန်းတစ်နှစ်စာ အပိုဆုကြေးရရှိလျက်ရှိနေတယ်လို့သိရပါတယ်။နောက်ထပ်စာချုပ်ပါအချက်အရ အကယ်၍ နေမာသာ အများပြည်သူရှေ့မှာ ဝေဖန်အပြစ်တင်စရာမလုပ်ခဲ့ဖူးဆိုရင်တစ်နှစ်ကို ဒေါ်လာ ၂.၅ သန်းထိအပိုဆုကြေးရမယ်လို့လည်းသိရပါသေးတယ်။
ဒါဆိုသူဟာဒီအပိုဆုကြေးကြောင့် ပရိတ်သတ်တွေကိုနှုတ်ဆက်ခဲ့တာလား?
တကယ်လားတော့ မပြောတတ်ပါဘူး။ဒါပင်မယ့် တိုက်ဆိုင်မှုကတော့ တကယ်ထူးဆန်နေတာအမှန်ပါပဲ။
Post a Comment