Header Ads


ၾကာသပေတးေန ့ညေနခင္းေနာက္ဆံုုးရသတင္းတိုုမ်ား




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္ေနာက္ခံလူေလာဗရန္က သူဟာ ကမာၻ ့အေကာင္းဆံုုးေနာက္ခံလူတစ္ေယာက္မဟုုတ္ပဲ အေကာင္းဆံုုးေတြထဲကတစ္ေယာက္ျဖစ္ေၾကာင္း၊ ေနာက္ၿပီး သူ ့ရဲ ့အသင္းေဖာ္ဗန္ဒိုုက္စ္ဟာအေကာင္းဆံုုးေတြထဲကတစ္ေယာက္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။သိုု ့ေသာ္လည္း ရီးရဲလ္အသင္းမွာဆိုရင္ေတာ့ ဗာရိန္းက ရာမိုု ့စ္ထက္ပိုုေကာင္းေၾကာင္း၊ဗာရိန္းဟာ ရာမိုု ့စ္ေလာက္ေထာက္ခံအားေပးမႈမရေၾကာင္း၊ ဒီအသင္းေခါင္းေဆာင္ရာမိုု ့စ္ကိုု ရီးရဲလ္အသင္းက လိုုတာထက္ပိုုၿပီး အေရးေပးလြန္းေနေၾကာင္း၊ သူဟာကြင္းထဲမွာဆိုုရင္ကၽြန္ေတာ့္ထက္ေတာင္အမွားပိုုလုုပ္ေသးေၾကာင္းေျပာၾကားလိုုက္ပါတယ္။




ခ်ဲလ္ဆီးကြင္းလယ္လူကန္တီဟာ ခ်ဲလ္ဆီးအသင္းရဲ ့ပင္မခ်က္မကစားသမားျဖစ္ၿပီး အေရးပါလြန္းတဲ့ကြင္းလယ္လူတစ္ေယာက္ျဖစ္တယ္လိုု ့ဂ်ပန္ကလပ္မွာသြားကစားေနတဲ့ ဘာစီလိုုနာကြင္းလယ္လူကစားသမားေဟာင္းအင္နီေယစတာက ခ်ီးက်ဴးေျပာၾကားလိုုက္ပါတယ္။



ယူနိုုက္တက္တိုုက္စစ္မွဴးရပ္ဖိုု ့ဒ္ဟာ သူ ့ရဲ ့၂၁ျပည့္ေမြးေန ့မွာ ေဟာ္လိုုး၀င္းညအတြက္အိမ္ေတြမွာမုုန္ ့လိုုက္ေတာင္းတဲ့ ကေလးငယ္၄ဦးကိုု Happy Birthday သီခ်င္းဆိုုခိုုင္းခဲ့ၿပီး တစ္ေယာက္ကိုု ေပါင္၂၀ ေပးကမ္းခဲ့တယ္လိုု ့သိရပါတယ္။



 ၿပီးခဲ့တဲ့ တနလၤာေန ့ညကပရီးမီးယားလိပ္ပြဲမွာကြင္းအတြင္းအနည္းငယ္ထိပ္တုုိက္ရင္ဆိုုင္မႈေတြနဲ ့တြန္းတြန္းတိုုက္တိုုက္ကစားဟန္ေတြရိွခဲ့ၾကတဲ့ စပါးကစားသမားနဲ ့လာမယ္လာနဲ ့မန္စီးတီးေနာက္ခံလူမန္ဒီတိုု ့က သူတိုု ့၂ေယာက္ၾကားဘာျပႆနာမရိွေၾကာင္း၊ကြင္းထဲကကိစၥေတြကိုု ကြင္းထဲမွာပဲထားပါတယ္လိုု ့၂ေယာက္လံုုးက ေျပာၾကား၀န္ခံလိုုက္ပါတယ္။




စာခ်ဳပ္သစ္ခ်ဳပ္ဆိုုဖိုု ့တရား၀င္ျငင္းဆိုုထားတဲ့ အာဆင္နယ္ကြင္းလယ္လူအာရြန္ရမ္ေဆးနဲ ့ပတ္သတ္ၿပီး နည္းျပအူနိုုင္းအမ္မရီကရမ္ေဆးဟာ ခရစ္စတယ္ပဲေလ့စ္နဲ့ပြဲမွာ မိနစ္၂၀ကစားခဲ့ပါတယ္။သူ ့ရဲ ့ကစားဟန္၊ယံုုၾကည္ခ်က္၊အရည္အေသြး နဲ ့စိတ္ဓာတ္ပိုုင္းဆိုုင္ရာေတြကိုု ေဆြးေႏြးခဲ့ၾကပါတယ္။သူဟာ ကၽြန္ေတာ္ကစားေစခ်င္တဲ့ပံုုစံအတိုုင္းတစ္ထပ္တည္းျဖစ္ေအာင္ကစားနိုုင္ပါတယ္။သူ ့ကိုုကၽြန္ေတာ္နွစ္သက္ပါတယ္။လိုု ့ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

(Unicode)

ကြာသပတေးနေ့ညနေခင်းနောက်ဆုံးရသတင်းတိုများ

လီဗာပူးလ်နောက်ခံလူလောဗရန်က သူဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်မဟုတ်ပဲ အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်ကြောင်း၊ နောက်ပြီး သူ့ရဲ့အသင်းဖော်ဗန်ဒိုက်စ်ဟာအကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သို့သော်လည်း ရီးရဲလ်အသင်းမှာဆိုရင်တော့ ဗာရိန်းက ရာမို့စ်ထက်ပိုကောင်းကြောင်း၊ဗာရိန်းဟာ ရာမို့စ်လောက်ထောက်ခံအားပေးမှုမရကြောင်း၊ ဒီအသင်းခေါင်းဆောင်ရာမို့စ်ကို ရီးရဲလ်အသင်းက လိုတာထက်ပိုပြီး အရေးပေးလွန်းနေကြောင်း၊ သူဟာကွင်းထဲမှာဆိုရင်ကျွန်တော့်ထက်တောင်အမှားပိုလုပ်သေးကြောင်းပြောကြားလိုက်ပါတယ်။


ချဲလ်ဆီးကွင်းလယ်လူကန်တီဟာ ချဲလ်ဆီးအသင်းရဲ့ပင်မချက်မကစားသမားဖြစ်ပြီး အရေးပါလွန်းတဲ့ကွင်းလယ်လူတစ်ယောက်ဖြစ်တယ်လို့ဂျပန်ကလပ်မှာသွားကစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူကစားသမားဟောင်းအင်နီယေစတာက ချီးကျူးပြောကြားလိုက်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးရပ်ဖို့ဒ်ဟာ သူ့ရဲ့၂၁ပြည့်မွေးနေ့မှာ ဟော်လိုးဝင်းညအတွက်အိမ်တွေမှာမုန့်လိုက်တောင်းတဲ့ ကလေးငယ်၄ဦးကို Happy Birthday သီချင်းဆိုခိုင်းခဲ့ပြီး တစ်ယောက်ကို ပေါင်၂၀ ပေးကမ်းခဲ့တယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ တနင်္လာနေ့ညကပရီးမီးယားလိပ်ပွဲမှာကွင်းအတွင်းအနည်းငယ်ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့တွန်းတွန်းတိုက်တိုက်ကစားဟန်တွေရှိခဲ့ကြတဲ့ စပါးကစားသမားနဲ့လာမယ်လာနဲ့မန်စီးတီးနောက်ခံလူမန်ဒီတို့က သူတို့၂ယောက်ကြားဘာပြဿနာမရှိကြောင်း၊ကွင်းထဲကကိစ္စတွေကို ကွင်းထဲမှာပဲထားပါတယ်လို့၂ယောက်လုံးက ပြောကြားဝန်ခံလိုက်ပါတယ်။

စာချုပ်သစ်ချုပ်ဆိုဖို့တရားဝင်ငြင်းဆိုထားတဲ့ အာဆင်နယ်ကွင်းလယ်လူအာရွန်ရမ်ဆေးနဲ့ပတ်သတ်ပြီး နည်းပြအူနိုင်းအမ်မရီက “ ရမ်ဆေးဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲမှာ မိနစ်၂၀ကစားခဲ့ပါတယ်။သူ့ရဲ့ကစားဟန်၊ယုံကြည်ချက်၊အရည်အသွေး နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။သူဟာ ကျွန်တော်ကစားစေချင်တဲ့ပုံစံအတိုင်းတစ်ထပ်တည်းဖြစ်အောင်ကစားနိုင်ပါတယ်။သူ့ကိုကျွန်တော်နှစ်သက်ပါတယ်။” လို့ချီးကျူးပြောကြားခဲ့ပါတယ်။


No comments

Powered by Blogger.