Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘော်လွန်ဒီအော်ဆုကိုသူ့ထက်ပိုထိုက်တန်တဲ့သူ၂ယောက်နာမည်အားပြောပြလိုက်တဲ့ဟာဇက်
အင်ဒီဟာဇက်က သူဟာဒီနှစ်ဘော်လွန်ဒီအော်ဆုနဲ့ထိုက်တန်တဲ့သူမဟုတ်ဘူးလို့လက်ခံထားပါတယ်။ဒီဂုဏ်သတင်းကြီးမားတဲ့ဆုအတွက် ပိုပြီးထိုက်တန်တဲ့ကစားသမား၂ယောက်နာမည်ကိုသူပြောကြားခဲ့ပါတယ်။
အသက်၂၇နှစ်အရွယ်ဟာဇက်ဟာ ယခုလက်ရှိပရီးမီးယားလိပ်မှာခြေစွမ်းပြကစားနေခဲ့ပြီး သွင်းဂိုးတွေနဲ့အတူ ဂိုးပံပိုးပေးမှုတွေလုပ်ထားနေပါတယ်။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူအကောင်းဆုံးအစွမ်းပြခဲ့ပြီး သူ့ရဲ့နိုင်ငံအသင်းကို အသင်းခေါင်းဆောင်အဖြစ်အကောင်းဆုံးဦးဆောင်ခဲ့ပြီး တတိယနေရာရအောင်စွမ်းဆောင်ပြခဲ့ပါတယ်။ဒီနှစ်ဟာသူ့အတွက်အကောင်းဆုံးနှစ်ဖြစ်ခဲ့သော်လည်း ဟာဇက်တစ်ယောက်က ဘော်လွန်ဒီအော်ဆုအတွက် မပါဝင်သေးဘူးလို့ပြောကြားလိုက်ပါတယ်။ “ ကျွန်တော့်အတွက်တော့အကောင်းဆုံးဖြစ်ခဲ့သော်လည်း ကျွန်တော်ဟာမြှောက်ကြွမြှောက်ကြွမဖြစ်အောင်ထိန်းရမှာပါ။ကျွန်တော်ဟာ ဘော်လွန်ဒီအော်ဆုနဲ့မထိုက်တန်ပါဘူး။ကျွန်တော့်ထက်ကောင်းတဲ့ ကစားသမားတွေရှိတယ်လို့ထင်ပါတယ်။ဘော်လွန်ဒီအော်ဆုရဖို့ဆိုတာကျွန်တော့်အတွက်ရည်မှန်းချက်တစ်ခုမဟုတ်ပါဘူး။တစ်နေ့မှာရမယ်ဆိုရင်တော့ မိုက်တာပေါ့။မရရင်လည်း ပြဿနာမရှိပါဘူး။” လို့AS ကို ပြောကြားခဲ့ပါတယ်။
ဒါဆို ဒီနှစ်ဘော်လွန်ဒီအော်ဆုကို ဘယ်သူရသင့်တယ်လို့ဟာဇက်တစ်ယောက်ထင်နေလဲ? မိုဒရစ်လား? အမ်ဘာပေးလား?
“ လူကာမိုဒရစ်လို့ပြောပါရစေ။ဒါပင်မယ့် သူဟာသြဂတ်စ်နဲ့စက်တင်ဘာလက စပြီးပွဲနည်းနည်းသာကစားနေရပါတယ်။ဒါကြောင့်ရာသီအစထဲက ကျွန်တော်တို့တွေသတ်မှတ်မယ်ဆိုရင်တော့ အမ်ဘာပေးလို့သာပြောပါရစေ။” လို့ဟာဇက်တစ်ယောက် မိုဒရစ်နဲ့အမ်ဘာပေးကို ရွေးချယ်ခဲ့ပါတယ်။
Post a Comment