Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
နေမာနဲ့ဖာမီနိုတို့ကိုသူရဲကောင်းဆန်ဆန်ဖြတ်ထုတ်ပြခဲ့တဲ့တော်ရီးရားစ်
လူကပ်စ်တော်ရီးရားစ်က တော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်ပြနေတာပဲဖြစ်ပါတယ်။
သူဟာ တစ်ယောက်ထဲကိုပဲဖြတ်ထုတ်ပြတာမဟုတ်ပါဘူး။ကစားသမား၂ယောက်လုံးကိုပယ်နယ်တီဧရိယာအတွင်း လေ ျှာထိုးဖြတ်ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။
တော်ရီးရားဟာ သောကြာနေ့ ညက အမ်မရိတ်မှာကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ပွဲမှာ ဥရုဂွေးအသင်းရဲ့ကွင်းလယ်လူအဖြစ်ပါဝင်ကစားခဲ့ပါတယ်။နွားသိုတစ်ကောင်လိုကစားတတ်တဲ့ကွင်းလယ်လူရဲ့ကစားဟန်ဟာ သူ့အတွက်တော့ ပုံမှန်ပါပဲ။
လ ျှာထိုးဖြတ်ထိုးမှုပေါင်းများစွာကိုလုပ်ပြရင်း ကိုယ့်အသင်းပယ်နယ်တီဧရိယာအတွင်း နှစ်ခါဆက်သူရဲကောင်းဆန်ဆန်ဖြတ်ထုတ်ပြမှုတွေက သူ့ရဲ့ကျားကုတ်ကျားခဲကြိုးစားမှုကိုအသိအမှတ်ပြုစရာဖြစ်နေပါတယ်။
သူဟာ ဘရာဇီးတိုက်စစ်မှူးတိုက်စစ်မှူး နေမာကို အကောင်းဆုံးဖြတ်ထုတ်ခဲ့ပြီးနောက် ရောဘတ်တိုဖာမီနိုကိုလည်း ချိန်သားကိုက်သေနတ်ပစ်သလို ဖြတ်ထုတ်ပြခဲ့ပါတယ်။
အာဆင်နယ်ပရိတ်သတ်တွေကတော့ သူတို့ရဲ့ကစားသမား နေမာနဲ့ဖာမီနိုတို့ကို ဖြတ်ထုတ်ပြနိုင်ခဲ့မှုအတွက် ကျေနပ်အားရနေကြပါတယ်။
ဘရာဇီးနဲ့ဥရူဂွေးနဲ့ပွဲကတော့ အဝါကဒ်၈ကဒ်အထိအပြခံရပြီး တော်ရီးရားစ်လည်းအဝါကဒ်ပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဘရာဇီးအသင်းဟာ အဆိုပါပွဲမှာ နေမာရဲ့၇၆မိနစ်မှာရတဲ့ပယ်နယ်တီနဲ့အနိုင်ရရှိခဲ့ပါတယ်။
No comments
Powered by Blogger.