Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
OFFICIAL:လီဗာပူးလ်အသင်းနဲ့ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့မာနေး
အသင်းရဲ့တောင်ပံကစားသမားဆာဒီယိုမာနေးဟာအသင်းနဲ့ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့တယ်လို့လီဗာပူးလ်အသင်းကတရာဝင်အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
တိုက်စစ်ကစားသမားဟာ မနေ့ကြာသပတေးနေ့ကအသင်းနဲ့သဘောတူညီချက်တွေကိုလက်ခံသဘောတူခဲ့ပြီးနောက် သူ့ရဲ့အန်ဖီးလ်အသင်းနဲ့အနာဂတ်ကိုဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။ “ ကျွန်တော်လီဗာပူးလ်မှာဆက်ရှိနေရလို့အရမ်းအရမ်းပျော်ပါတယ်။ကျွန်တော့်အတွက်အကောင်းဆုံးနေ့လေးပါပဲ။အရာအားလုံးအတွက်ရှေ့ဆက်သွားမှာပါ။အသင်းကိုကူညီသွားမယ်။ကလပ်အောင်မြင်ဖို့ကူညီမယ်။ကျွန်တော်တို့အိပ်မက်တွေပြည့်ဝသွားအောင်ပါ။အထူးသဖြင့်ဆုဖလားတွေရယူဖို့ပါ။ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ဒီကိုလာဖို့အခွင့်အရေးရခဲ့တဲ့နေရာမှာ ကျွန်တော်၂ခါမဆုံးဖြတ်ခဲ့ပါဘူးလို့။မှန်ကန်တဲ့အချိန်မှန်ကန်တဲ့အသင်းမှာပါ။မှန်ကန်တဲ့နည်းပြနဲ့ရောပေါ့။ဒီကိုရောက်လာခဲ့တဲ့အတွက်အရမ်းပျော်ပါတယ်။ကျွန်တော့်အတွက်ကစားသမားဘဝအကောင်းဆုံးဆုံးဖြတ်ချက်ပါပဲ။” လို့မဲလ်ဝုဒ်က Liverpool FC ကို ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာဆောက်တမ်တန်အသင်းကနေပြောင်းလာတဲ့မာနေးဟာလက်ရှိမှာတော့ဥရောပအကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲကတစ်ဦးဖြစ်လို့နေပြီးဆီနီဂေါကစားသမားဟာမနှစ်ရာသီက ဂိုး၂၀ သွင်းယူကာ ၁၀ဂိုးက ချန်ပီယံလိပ်သွင်းဂိုးတွေပဲဖြစ်ပါတယ်။အသင်းဖော်ဆာလာနဲ့အကောင်းဆုံးတွဲဖက်ကစားနေသလို လက်ရှိမှာလည်း ၁၆ပွဲကစားကာ ၇ဂိုးသွင်းယူထားပါတယ်။အာဖရိကအကောင်းဆုံးကစားသမားဆုကိုလတ်တလောရထားတဲ့အသက်၂၆နှစ်အရွယ်မာနေးဟာ ကလပ်အသင်းအတွေက်ပွဲပေါင်း ၈၉ ပွဲကစားပြီးချိန် ဂိုး၅၀အထိသွင်းယူထားတဲ့ထူးချွန်တဲ့သူဖြစ်လို့နေပါတယ်။
No comments
Powered by Blogger.