Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Super Sunday
(Unicode)
အခုလာမယ့်SuperSundayဟာဒါဘီပွဲတွေနဲ့ပြည့်နှက်နေတာသင်သိပြီးပြီလား?
1ပွဲထဲမဟုတ်ပါဘူး။ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိပ်ဒါဘီပွဲ၃ပွဲတောင်ရှိနေပါတယ်။
တကယ့်ပွဲကြီးပွဲကောင်းတွေပါပဲ။
စတန်းဖို့ဘရစ်ချ်မှာတော့ နည်းပြဂျိုကန်နိုဗစ်နေရာ အစားထိုးရောက်လာတဲ့လက်စတာနည်းပြဟောင်းရာနေးရာနီက ဖူလ်ဟမ်ကိုအသင်းကို ကိုင်တွယ်ပြီး ချဲလ်ဆီးအသင်းကိုရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ပွဲမှာတော့ဆောက်တမ်တန်အသင်းကို အနိုင်ယူပြီး အရေးကြီးတဲ့အနိုင်၃မှတ်ကိုရယူနိုင်ခဲ့ပြီးနောက်အခုချိန်မှာတော့ ဒီရာသီစပါးလ်အသင်းကို ရှုံးပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။
နောက်ထပ် Super Sunday ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲကတော့ အာဆင်နယ်နဲ့စပါးလ်အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံနေမှုပါပဲ။ဒီပွဲဟာဒီရာသီရဲ့ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲပဲဖြစ်လို့နေပါတယ်။နည်းပြအူနိုင်းအမ်မရီအတွက်တော့ခက်ခဲမာကျောတဲ့ အရသာကိုခံစားဖို့အဆင်သင့်ပြင်ထားရမှာပဲဖြစ်ပါတယ်။ပိုချက်တီနိုရဲ့စပါးလ်အသင်းဟာ ချဲလ်ဆီးအသင်းကို လိပ်မှာ ပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့ပြီးနောက် လိပ်ဇယားမှာ ဒုတိယနေရာကနေ ကောင်းကောင်းပြေးနေတာကို တွေ့ရပါတယ်။
ဒီတစ်ပတ်ပရီးမီးယားလိပ်တွေရဲ့နောက်ဆုံးပွဲအနေနဲ့ကတော့ မာဆေးဆိုဒ်ဒါဘီပွဲနဲ့အဆုံးသတ်ရမှာပဲဖြစ်ပါတယ်။ ဂျာဂန်ကလော့ နဲ့မာကိုဆေးလ်ဗားတို့ရဲ့အားပြိုင်မှု။ဂျာမန်နည်းပြနဲ့ပေါ်တူဂီနည်းပြတို့ကြားနည်းစနစ်ပိုင်းအားပြိုင်မှုတွေကိုတစ်ခမ်းတစ်နားမြင်ရတော့ မှာပဲဖြစ်ပါတယ်။
Super Sunday
ညနေ ၆နာရီခွဲ ချဲလ်ဆီး vs ဖူလ်ဟမ်
ည ၈နာရီခွဲ အာဆင်နယ် vs စပါးလ်
ည ၁၀နာရီ၄၅ လီဗာပူးလ် vs အဲဗာတန်
ဒီပွဲတွေပဲလား? မဟုတ်သေးပါဘူး။ ဥရောပတစ်ခွင် တခြားပွဲတွေလည်းရှိနေပါတယ်။အင်္ဂလန်ဒုတိယတန်းဆို ရှက်ဖီးနဲ့ လိဒ်ယူနိုက်တက်၊ လာလီဂါမှာက ရီးရဲလ်နဲ့ဗလန်စီယာ၊ စီးရီးအေမှာက ရိုးမား နဲ့အင်တာ၊ ပြီးတော့ နယ်သာလန်မှာ က ဖီယင်နု နဲ့ PSV .
ဒီSuperSunday ပွဲတွေကတော့ပွဲကြီးပွဲကောင်းတွေမို့TV ရှေ့ကနေမခွာဖို့သတိထားရမယ်လို့အကြံပေးပါရစေ။
Post a Comment