Header Ads
ယူနိုက်တက်ဂန္တ၀င်ကစားသမားဟောင်းတွေရဲ့ တန်ကြေးဟာအခုလက်ရှိဈေးနဲ့ ဆိုဘယ်လောက်ထိပေါက်လဲရှင်းပြခဲ့တဲ့ရွိုင်ကိန်း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းတွေရဲ့တန်ကြေးအခုလက်ရှိဈေးနဲ့ဆိုဘယ်လောက်ထိပေါက်လဲရှင်းပြခဲ့တဲ့ရွိုင်ကိန်း
ယူနိုက်တက်အသင်းဂန္တဝင်ကစားသမား ရွိုင်ကိန်းက လက်ရှိအပြောင်းအရွေအသုံးစရိတ်တွေဟာအဓိပ္ပါယ်မရှိတဲ့သုံးဖြုန်းမှုတွေလို့ဆိုပြီးအဆိုပါကိစ္စဆွေးနွေးမှုကိုပါဝင်မည်လို့ဆုံးဖြတ်ချက်စကားဆိုလိုက်ပါတယ်။
သူရဲ့အသင်းဟောင်းယူနိုက်တက် အသင်းကလည်းအပြောင်းအရွေ့အပေါ်အသုံးပြုတဲ့စရိတ်ဟာ ငွေဖောင်းပွ မှုနှင့်အတူအထက်ကိုမြှင့်တက်လာနေပြီး ၂၀၁၇ခုနှစ်နွေရာသီအသုံးစရိတ်တင်ပြမှုကဖြင့်ရယ်ချင်စရာကောင်းလောက်သုံးဖြုန်းထားတယ်လို့သတင်းများကဖော်ပြထားပါတယ်။
ဘောလုံးလောကမှာလည်း နေမာက PSGအသင်းကိုကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးပေါင်သန်း၁၉၈သန်းနှင့်ပြောင်းရွေ့ခဲ့ပြီး ဒေါ့မွန်အသင်းမှာ ဒမ်ဘီလီက ဘာစီလိုနာအသင်းကို ကနဦးသဘောတူညီထုတ်ပြန်ချက်အရ ပေါင်သန်း၉၈သန်း နှင့် အမ်ဘတ်ပီရဲ့အပြောင်းအရွေ့ဇာတ်လမ်းကလည်းပေါင်၁၆၆သန်းအထိရှိနေတာကြောင့်ဘောလုံးလောကမှာ ငွေကြေးဖောင်းပွမှာဟာ အလွန်အမင်းကြီးမားနေပြီလို့ဆိုနိုင်ပါတယ်။
အဲဒါအပြောင်းအရွေ့တွေနောက်မှာ မိုရော့တာ ၊လူကာကူ၊ ဝေါ့ကာ၊ မန်ဒီ ၊ဆင်ဂူဆန်တို့ ရဲ့အပြောင်းအရွေ့ကလည်း မျက်ခုံး လှုပ်စရာအပြောင်းအရွေတွေလည်းဖြစ်ပါတယ်။
"သန်း၅၀ဆိုတဲ့ပမာဏ ကယခုလက်ရှိအချိန်အတွက်အရမ်းများနေတာပါပဲ ။တကယ်အစစ်မှန်သူရဲ့တန်ဖိုးတူညီမှုကပေါင်သန်း ၃၀လောက်ပဲရှိပါတယ်။ပြသာနာကငွေကြေးဖောင်းပွမှုကြောင့်ပါပဲ။ အဲဒီလောက်ပမာဏနဲ့ အသင်းတိုင်းမှာရှိတဲ့အလယ်အလတ်ကစားသမားတွေကိုဝယ်ယူနိုင်မှာပါ "အိုင်ယာလန်အသင်းရဲ့လက်ထောက်နည်းပြ ရွိုင်ကိန်းက အပြောင်းအရွေ့လောကနှင့်ပတ်သတ်ပြီးသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဂျာနယ်လစ်များမှမေးမြန်းလာတဲ့မေးခွန်းတွေအပေါ် ယူနိုက်တက်အသင်းနှင့်ဖလား ၁၇လုံးရရှိထားတဲ့ ဂန္တဝင်ကစားသမားကြီး ရွိုင်ကိန်းက အကယ်၍သာ သူရဲ့အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ နစ်တယ်ရွိုင်း ရိုင်ယန်ဂစ် ဒေးဗစ်ဘက်ခမ်းတို့သာ လက်ရှိအချိန်မှာရှိနေမည်ဆိုရင် သူတို့ရဲ့တန်ကြေးက နေမာတို့ကိုပေးတဲ့ကြေးလောက်ဆိုရင်ထိုက်တန်မယ်လိုဆိုပါတယ်။
သူရဲ့အသင်းဖော်တွေအပေါ်လက်ရှိပေါက်ဈေးနှင့်တွကိချပြီးဘယ်လောက်ရှိနိုင်မလဲလို့မေးမြန်းရာသူကနစ်တယ်ရွိုင်း နှင့် ဘက်ခမ်းတို့တန်ကြေးက လက်ရှိအချိန်နှင့်ပေါက်ဈေးနှင့်တွက်မည့်ဆိုရင် ပေါင်သန်း၁၀၀၀လောက်တန်ကြေးရှိနေမည့်လို့ဆိုပြီး ရိုင်ယန်ဂစ် ဆိုရင် ပေါင်သန်း၂၀၀၀လောက်တန်ကြေးရှိမှာဖြစ်ပြီးသူကိုသူ တော့ ပေါင်၃.၇၅သန်းလောက်ပဲရှိတယ်လို့ဆိုပါတယ်။အဲဒီတန်ဖိုးက ဂန္တဝင်ကစားသမား ကန်တိုနာကိုယူနိုက်တက်အသင်းခေါ်ယူစဉ်က တန်ဖိုးဈေးနှုန်းလို့သိရပါတယ်။
တယ်လီဂရပ်သတင်းစာနှင့်တွေ့ဆုံစဉ်မှာသူကအပြောင်းအရွေလောကအကြောင်းအနည်းငယ်ဆိုခဲ့ပါတယ်။
"ကျွန်တော်အမြင်ဆိုရရင် သာမန်ကစားသမားတစ်ယောက်က ပုံမှန်အားဖြင့်ပေါင်၃၅သန်းလောက်ပါပဲ။ဒီပမာဏက တကယ်ကြေးစားကစားသမားတစ်ယောက်အတွက် ဒါကသင့်တော်တဲ့ပမာဏပါပဲလို့"ဆိုပါတယ်။
"ကျွန်တော်ဒီအပေါ်အရမ်းဝေဖန်ပိုင်းခြားဖို့စိတ်မဝင်စားပါဘူး။ဒါပေမယ့်အခုအပြောင်းအရွေဈေးကွက်မှာ ထိပ်သီးကစားသမားတွေရဲ့အပြောင်းအရွေ့ကသိပ်မဖြစ်ဘူးလို့မြင်ပါတယ်။ထိပ်သီးကစားသမားလိုချင်ရင်ငွေပမာဏအရမ်းကိုကြီးကြီးမားမားသုံးမှ အသင်းကိုခေါ်နိုင်မှာပါ။” 
No comments
Powered by Blogger.