လီဗာပူးလ္ကစားသမားေတြကိုု၂နွစ္နီးပါးေခၚယူခြင့္မရိွတဲ့ဘာစီလိုုနာအသင္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မနွစ္ရာသီက ဘာစီလိုုနာအသင္းကိုုေကာ္တင္ဟိုုတစ္ေယာက္ေျပာင္းေရႊ ့သြားတာနဲ့ပတ္သတ္ၿပီး လီဗာပူးလ္ပရိတ္သတ္ေတြစိတ္ဆိုုးေဒါသထြက္ခဲ့ၾကတာအားလံုုးအသိပါ။ဒါပင္မယ့္လည္း အမွန္တကယ္ေတာ့ ဒီဘရာဇီးသားအေျပာင္းအေရႊ ့နဲ ့ပတ္သတ္ၿပီး အန္ဖီးလ္ပရိတ္သတ္ေတြအတြက္ သတင္းေကာင္းတစ္ခုုလည္းရိွလိုု ့ေနပါတယ္။အဲ့ဒါကေတာ့ နူးကမ့္အသင္းအေနနဲ ့လီဗာပူးလ္ကစားသမားေတြကိုု ေနာက္ထပ္၃နွစ္အထိေခၚယူခြင့္မရိွေတာ့တာပဲျဖစ္ပါတယ္။
၂၀၁၇ အေျပာင္းအေရႊ ့ရာသီဟာ တကယ့္ကိုုအေမွာင္ဖံုုးလႊမ္းတဲ့အခ်ိန္တစ္ခုုလို ့ဆိုုနိုုင္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့ အေျပာင္းအေရႊ ့ဇာတ္လမ္းတိုုင္းမွာ ေကာ္တင္ဟိုုနဲ့ေနမာတိုု ့ရဲ့အေၾကာင္းေတြသာျဖစ္ေနပါတယ္။ PSG အသင္းကိုုေနမာေျပာင္းလိုုက္တာဟာ ေကာ္တင္ဟိုုကိုု ဇန္န၀ါရီမွာ ဘာကာဆီေရာက္လာဖိုု ့ခလုုတ္နွိပ္လိုုက္သလိုုျဖစ္သြားေစခဲ့ပါတယ္။
ေကာ္တင္ဟိုုရဲ ့ေႏြရာသီအေျပာင္းအေရႊ႔ ့တစ္ခ်ိန္လံုုးလိပ္ခဲတည္းလည္းျဖစ္ေနခဲ့တာပဲျဖစ္ပါတယ္။သူဟာေနမာ့ေနရာအစားထိုုးဖိုု ့ထက္ ကြင္းလယ္အင္နီေယစတာေနရာအမွန္တကယ္အစားထိုုးဖိုု ့ဘာစီလိုုနာအသင္းဆီေရာက္ရိွသြားခဲ့တာပဲျဖစ္ပါတယ္။
ဒီအေျပာင္းအေရႊ ့ဟာလီဗာပူးလ္အသင္းအတြက္သိပ္အဆိုုးၾကီးမဟုုတ္လွပါဘူး။ဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိပ္ဖိုုင္နယ္အထိတက္ေရာက္နိုုင္ခဲ့သလိုု လက္ရိွပရီးမီးယားလိပ္မွာလည္း မန္စီးတီးနဲ ့ခ်ဲလ္ဆီးတိုု ့ကိုုေကာင္းေကာင္းစိန္ေခၚရင္း ရံႈးပြဲလံုုး၀မရိွေသးပါဘူး။
မာေဆးဆိုုက္ဒ္အသင္းဟာ မိုုဆာလာ၊ဆာဒီယိုုမာေနး၊ေရာ္ဘတ္တိုုဖာမီနိုု၊နာဘီကီတာစတဲ့ အရည္အေသြးျမင့္ကစားသမားေတြနဲ ့အသင္းကိုု၀န္းရံနုုိင္ခဲ့ၿပီပဲျဖစ္ပါတယ္။ပရိတ္သတ္ေတြကေတာ့ သူတိုု ့ရဲ ့အေကာင္းဆံုုးကစားသမားေတြကိုု ဘယ္စပိန္ဘီလူး၂သင္းထဲက တစ္သင္းကေခၚယူမလဲစိုုးရိမ္ေနရတာေတာ့အမွန္ပါပဲ။သိုု ့ေသာ္လည္း အခုုခ်ိန္မွာ အသင္းပရိတ္သတ္ေတြအေနနဲ ့ရီးရဲလ္မက္ဒရစ္ရဲ ့ရန္ကိုုပဲစိုုးရိမ္စရာလိုုေတာ့တာပဲျဖစ္ပါတယ္။
AS ရဲ ့အဆိုုအရ ဘာကာအသင္းဟာ ေကာ္တင္ဟိုုကိုုေခၚယူၿပီးေနာက္ လီဗာပူးလ္ကစားသမားေတြကိုု ၃ရာသီၾကာေခၚယူခြင့္မရိွဘူးဆိုုတဲ့သေဘာတူညီခ်က္ကိုုလက္ခံခဲ့တာပဲျဖစ္ပါတယ္။
ဘာစီလိုုနာအသင္းဟာ သူတိုု ့ရဲ ့တိုုက္စစ္ပိုုင္းမွာ က်ဆင္းမႈေတြရိွလာခဲ့တာပဲျဖစ္ပါတယ္။လူ၀စ္ဆြာရက္ဇ္ရဲ ့ေနရာအစားထိုုးဖိုု ့၊မက္ဆီ ေနရာအစားထိုုးဖိုု ့ဆာလာနဲ့ဖာမီနိုုတိုု ့ကိုု သူတိုု ့ရဲ ့အေျပာင္းအေရႊ ့ေရဒါထဲမွာထည့္ထားမွာအမွန္ပါပဲ။
စပိန္ကိုုေျပာင္းေရႊ ့ခဲ့ၿပီးေနာက္ ေကာ္တင္ဟိုုဟာ ဘာစီလိုုနာအသင္းအတြက္ ၁၂ဂိုုးသြင္းယူေပးခဲ့ၿပီး ၆ဂိုုးဖန္တီးထားကာ ဘာကာနဲ ့အတူ လာလီဂါဖလားကိုုဆြတ္ခူးနိုုင္ခဲ့ပါတယ္။
ဒီနွစ္ရာသီမွာလည္းသူတိုု ့ဟာ ဇယားထိပ္မွာ ဆီဗီလားအသင္းကိုု ၁မွတ္အကြာနဲ ့ဦးေဆာင္ေနသလိုု ရီးရဲလ္အသင္းကိုု ၄မွတ္ျဖတ္ထားနိုုင္ထားတာပဲျဖစ္ပါတယ္။
ေကာ္တင္ဟိုုရဲ ့အေျပာင္းအေရႊ ့အေပၚ ေဒါသထြက္ခဲ့ၾကတဲ့ လီဗာပူးလ္ဖန္ေတြအေနနဲ ့အခုုခ်ိန္မွာအေကာင္းျမင္စရာတစ္ခုုရလိုုက္တာေတာ့ျငင္းနိုုင္မယ္မထင္ပါဘူး။
(Unicode)
လီဗာပူးလ်ကစားသမားတွေကို၂နှစ်နီးပါးခေါ်ယူခွင့်မရှိတဲ့ဘာစီလိုနာအသင်း
မနှစ်ရာသီက ဘာစီလိုနာအသင်းကိုကော်တင်ဟိုတစ်ယောက်ပြောင်းရွှေ့သွားတာနဲ့ပတ်သတ်ပြီး လီဗာပူးလ်ပရိတ်သတ်တွေစိတ်ဆိုးဒေါသထွက်ခဲ့ကြတာအားလုံးအသိပါ။ဒါပင်မယ့်လည်း အမှန်တကယ်တော့ ဒီဘရာဇီးသားအပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး အန်ဖီးလ်ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုလည်းရှိလို့နေပါတယ်။အဲ့ဒါကတော့ နူးကမ့်အသင်းအနေနဲ့လီဗာပူးလ်ကစားသမားတွေကို နောက်ထပ်၃နှစ်အထိခေါ်ယူခွင့်မရှိတော့တာပဲဖြစ်ပါတယ်။
၂၀၁၇ အပြောင်းအရွှေ့ရာသီဟာ တကယ့်ကိုအမှောင်ဖုံးလွှမ်းတဲ့အချိန်တစ်ခုလို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ အပြောင်းအရွှေ့ဇာတ်လမ်းတိုင်းမှာ ကော်တင်ဟိုနဲ့နေမာတို့ရဲ့အကြောင်းတွေသာဖြစ်နေပါတယ်။ PSG အသင်းကိုနေမာပြောင်းလိုက်တာဟာ ကော်တင်ဟိုကို ဇန်နဝါရီမှာ ဘာကာဆီရောက်လာဖို့ခလုတ်နှိပ်လိုက်သလိုဖြစ်သွားစေခဲ့ပါတယ်။
ကော်တင်ဟိုရဲ့နွေရာသီအပြောင်းအရွှေ့တစ်ချိန်လုံးလိပ်ခဲတည်းလည်းဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။သူဟာနေမာ့နေရာအစားထိုးဖို့ထက် ကွင်းလယ်အင်နီယေစတာနေရာအမှန်တကယ်အစားထိုးဖို့ဘာစီလိုနာအသင်းဆီရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ဟာလီဗာပူးလ်အသင်းအတွက်သိပ်အဆိုးကြီးမဟုတ်လှပါဘူး။ဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာ ချန်ပီယံလိပ်ဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့သလို လက်ရှိပရီးမီးယားလိပ်မှာလည်း မန်စီးတီးနဲ့ချဲလ်ဆီးတို့ကိုကောင်းကောင်းစိန်ခေါ်ရင်း ရှုံးပွဲလုံးဝမရှိသေးပါဘူး။
မာဆေးဆိုက်ဒ်အသင်းဟာ မိုဆာလာ၊ဆာဒီယိုမာနေး၊ရော်ဘတ်တိုဖာမီနို၊နာဘီကီတာစတဲ့ အရည်အသွေးမြင့်ကစားသမားတွေနဲ့အသင်းကိုဝန်းရံနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ပရိတ်သတ်တွေကတော့ သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို ဘယ်စပိန်ဘီလူး၂သင်းထဲက တစ်သင်းကခေါ်ယူမလဲစိုးရိမ်နေရတာတော့အမှန်ပါပဲ။သို့သော်လည်း အခုချိန်မှာ အသင်းပရိတ်သတ်တွေအနေနဲ့ရီးရဲလ်မက်ဒရစ်ရဲ့ရန်ကိုပဲစိုးရိမ်စရာလိုတော့တာပဲဖြစ်ပါတယ်။
AS ရဲ့အဆိုအရ ဘာကာအသင်းဟာ ကော်တင်ဟိုကိုခေါ်ယူပြီးနောက် လီဗာပူးလ်ကစားသမားတွေကို ၃ရာသီကြာခေါ်ယူခွင့်မရှိဘူးဆိုတဲ့သဘောတူညီချက်ကိုလက်ခံခဲ့တာပဲဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့တိုက်စစ်ပိုင်းမှာ ကျဆင်းမှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။လူဝစ်ဆွာရက်ဇ်ရဲ့နေရာအစားထိုးဖို့၊မက်ဆီ နေရာအစားထိုးဖို့ဆာလာနဲ့ဖာမီနိုတို့ကို သူတို့ရဲ့အပြောင်းအရွှေ့ရေဒါထဲမှာထည့်ထားမှာအမှန်ပါပဲ။
စပိန်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် ၁၂ဂိုးသွင်းယူပေးခဲ့ပြီး ၆ဂိုးဖန်တီးထားကာ ဘာကာနဲ့အတူ လာလီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီနှစ်ရာသီမှာလည်းသူတို့ဟာ ဇယားထိပ်မှာ ဆီဗီလားအသင်းကို ၁မှတ်အကွာနဲ့ဦးဆောင်နေသလို ရီးရဲလ်အသင်းကို ၄မှတ်ဖြတ်ထားနိုင်ထားတာပဲဖြစ်ပါတယ်။
ကော်တင်ဟိုရဲ့အပြောင်းအရွှေ့အပေါ် ဒေါသထွက်ခဲ့ကြတဲ့ လီဗာပူးလ်ဖန်တွေအနေနဲ့အခုချိန်မှာအကောင်းမြင်စရာတစ်ခုရလိုက်တာတော့ငြင်းနိုင်မယ်မထင်ပါဘူး။
Post a Comment