(Unicode)
စနေနေ့ည၇နာရီနောက်ဆုံးရသတင်းတိုများစုစည်းမှု
အာဆင်နယ်အသင်းဟာ ကာလရှည်အနားယူရမယ့် တိုက်စစ်မှူး ဝဲလ်ဘတ်နေရာအစားထိုးဖို့ရိုးမားတိုက်စစ်မှူးPatrik Schickကို အသင်းကွင်းလယ်လူရမ်ဆေးနဲ့ အလဲအထပ်လုပ်ခေါ်ယူချင်နေကြောင်းသိရပါတယ်။
ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက မန်ယူနိုက်တက်ကိုချန်ပီယံလိပ်မှာရှုံးနိမ့်ခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်နေရကြောင်း ရလဒ်အရသရေရလဒ်တောင်သူတို့အတွက်မထိုက်တန်ကြောင်းပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဂီရော့ကအသင်းမှာ မိုရာတာနဲ့သူရောရှိနေတာကြောင့်အသင်းအနေနဲ့လာမယ့်ဇန်နဝါရီမှာတိုက်စစ်မှူးနောက်တစ်ယောက်ခေါ်ယူစရာမလိုတော့ဘူးလို့ပြောကြားခဲ့တာပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်က မန်ချက်စတာဒါဘီမှာသွင်းယူခဲ့တဲ့ဂိုးဟာသူ့ကစားသမားဘဝကိုမြင့်မားစေခဲ့တယ်လို့ယူနိုက်တက်တိုက်စစ်မှူးရပ်ဖို့ဒ်ကပြောကြားခဲ့ပါတယ်။
ဘောလုံးလောကရဲ့နည်းပြကြီးလစ်ပီက ဂျူဗင်တပ်စ်အသင်းကိုမန်ချက်စတာယူနိုက်တက်အသင်းအနိုင်ရခဲ့တာဟာ ကြက်ကန်းဆန်အိုးတိုးခဲ့တာဖြစ်တယ်လို့ဝေဖန်ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဒါယီမန်းက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။
ဘာစီလိုနာအသင်းကနေပြောင်းလာတဲ့အဲဗာတန်နောက်ခံလူမီနာက ပြီးခဲ့တဲ့နွေရာသီမှာယူနိုက်တက်ဆီလာမယ်ဆိုတဲ့သတင်းတွေဟာ အေးဂျင့်ရဲ့ပြောစကားတွေသာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။
Post a Comment