Header Ads


ရိုုနယ္ဒိုုကိုုပြဲမတိုုင္ခင္စပယ္ရွယ္လက္ေဆာင္ေပးခဲ့တဲ့ဂ်ဳဗင္တပ္စ္ဥကၠဌ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရစ္တီယာနိုုရိုုနယ္ဒိုု ဟာ ယခုုနွစ္ရာသီမွာဂ်ဴဗင္တပ္စ္ကိုု ေျပာင္းေရႊ ့လာၿပီးေနာက္သူဟာအသင္းအတြက္ဘယ္ေလာက္ထိအေရးပါေၾကာင္းသက္ေသျပေနၿပီး Serie A မွာပံုုစံေကာင္းေတြျပသလ်က္ရိွေနပါတယ္။
Old Lady အသင္းရဲ့ ကက္လီယာရီပြဲနဲ့မတိုုင္ခင္မွာေတာ့ ရီးရဲလ္ကစားသမားေဟာင္းဟာစပယ္ရွယ္လက္ေဆာင္တစ္ခုုရခဲ့ပါတယ္။ဂ်ဴဗင္တပ္စ္ဥကၠဌအန္ဒရာအက္နီလီက ေဘာ္လြန္ဒီေအာ္၅ၾကိမ္ဆုရကစားသမားကို ေက်ာမွာနံပါတ္၄၀၀ ရိုုက္နွိပ္ထားတဲ့ တီရွပ္အက်ီလက္ေဆာင္ေပးခဲ့ပါတယ္။





ဟုုတ္ပါတယ္။အသက္၃၃နွစ္အရြယ္ေပၚတူဂီတိုုက္စစ္မွဴးဟာ ဥေရာပထိပ္တန္းလိပ္၅လိပ္မွာ ဂိုုး၄၀၀ ထိသြင္းယူနိုုင္တဲ့ပထမဆံုုးကစားသမားတစ္ေယာက္ျဖစ္လာခဲ့တာပဲျဖစ္ပါတယ္။အီတလီကလပ္မွာကစားေနစဥ္အတြင္းသူဟာကလပ္ကစားသမားဘ၀ သြင္းဂိုုး၄၀၀ ျပည့္သြင္းယူနိုုင္ခဲ့ၿပီး သမိုုင္းတစ္ေလ ွ်ာက္ ၅ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။
ရိုုနယ္ဒိုုဟာဂ်ဴဗင္တပ္စ္အသင္းအတြက္ ၁၁ပြဲကစားထားၿပီး ၇ဂိုုးသြင္းယူထားတာပဲျဖစ္ပါတယ္။စီးရီေအခ်န္ပီယံအသင္းဟာ ကက္လီယာရီအသင္းကို - ျဖင့္အနိုုင္ရခဲ့ၿပီးဒိုုင္ဘာလားက ပြဲအစ၁မိနစ္မွာတင္ဂိုုးသြင္းယူခဲ့တာပဲျဖစ္ပါတယ္။အယ္လီဂရီရဲ ့အသင္းဟာ ဒီရာသီလိပ္မွာ ၁၀ပြဲအထိအနိုုင္ယူထားၿပီး ၁ပြဲသာသေရက်ထားတာပဲျဖစ္ပါတယ္။လာမယ့္ဗုုဒၶဟူးေန ့မွာေတာ့ ရိုုနယ္ဒိုုဟာ ခ်န္ပီယံလိပ္အုုပ္စုုဒုုတိယအေက်ာ ့အျဖစ္ အသင္းေဟာင္းမန္ခ်က္စတာယူႏိုုက္တက္အသင္းနဲ ့ကစားရမွာပါ။


ရိုနယ္ဒိုုဟာ ၆ၾကိမ္ေျမာက္ေဘာ္လြန္ဒီေအာ္ဆုုကိုု ရနိုုင္ပါ့မလား??

(Unicode)



ရိုနယ်ဒိုကိုပွဲမတိုင်ခင်စပယ်ရှယ်လက်ဆောင်ပေးခဲ့တဲ့ဂျုဗင်တပ်စ်ဥက္ကဌ


ခရစ်တီယာနိုရိုနယ်ဒို ဟာ ယခုနှစ်ရာသီမှာဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာပြီးနောက်သူဟာအသင်းအတွက်ဘယ်လောက်ထိအရေးပါကြောင်းသက်သေပြနေပြီး Serie A မှာပုံစံကောင်းတွေပြသလျက်ရှိနေပါတယ်။
Old Lady အသင်းရဲ့ ကက်လီယာရီပွဲနဲ့မတိုင်ခင်မှာတော့ ရီးရဲလ်ကစားသမားဟောင်းဟာစပယ်ရှယ်လက်ဆောင်တစ်ခုရခဲ့ပါတယ်။ဂျူဗင်တပ်စ်ဥက္ကဌအန်ဒရာအက်နီလီက ဘော်လွန်ဒီအော်၅ကြိမ်ဆုရကစားသမားကို ကျောမှာနံပါတ်၄၀၀ ရိုက်နှိပ်ထားတဲ့ တီရှပ်အကျီၤလက်ဆောင်ပေးခဲ့ပါတယ်။

ဟုတ်ပါတယ်။အသက်၃၃နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ ဥရောပထိပ်တန်းလိပ်၅လိပ်မှာ ဂိုး၄၀၀ ထိသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အီတလီကလပ်မှာကစားနေစဉ်အတွင်းသူဟာကလပ်ကစားသမားဘ၀ သွင်းဂိုး၄၀၀ ပြည့်သွင်းယူနိုင်ခဲ့ပြီး သမိုင်းတစ်လေ ျှာက် ၅ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
ရိုနယ်ဒိုဟာဂျူဗင်တပ်စ်အသင်းအတွက် ၁၁ပွဲကစားထားပြီး ၇ဂိုးသွင်းယူထားတာပဲဖြစ်ပါတယ်။စီးရီအေချန်ပီယံအသင်းဟာ ကက်လီယာရီအသင်းကို ၃-၁ ဖြင့်အနိုင်ရခဲ့ပြီးဒိုင်ဘာလားက ပွဲအစ၁မိနစ်မှာတင်ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။အယ်လီဂရီရဲ့အသင်းဟာ ဒီရာသီလိပ်မှာ ၁၀ပွဲအထိအနိုင်ယူထားပြီး ၁ပွဲသာသရေကျထားတာပဲဖြစ်ပါတယ်။လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ရိုနယ်ဒိုဟာ ချန်ပီယံလိပ်အုပ်စုဒုတိယအကျော့အဖြစ် အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားရမှာပါ။


ရိုနယ်ဒိုဟာ ၆ကြိမ်မြောက်ဘော်လွန်ဒီအော်ဆုကို ရနိုင်ပါ့မလား??

No comments

Powered by Blogger.