Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝိုး.....
Crazy
(Unicode)
၇နှစ်အကြာဒီအချိန်၊ဒီအသင်း၊ဒီကွင်းမှာပဲဒီလိုပုံစံတူပုံစံတူဂိုးသွင်းခဲ့တဲ့သူ
ရုရှားဘောလုံးကစာသမား ရိုမန်လော့တီရီနို့ဗ်ဟာ ၇နှစ်အကြာမှာ ဒီကွင်း ဒီအချိန်(၁၇မိနစ်)၊ ဒီပြိုင်ဘက်အသင်း Alaniya Valdikavkaz အသင်းကို ဒီလိုပုံစံတူသွင်းဂိုး၂ဂိုးပဲသွင်းယူုခဲ့တာကတော့ အံသြစရာပါပဲ။
ဝိုး....
Voltar Astrakhan အသင်းရဲ့နောက်ခံလူဟာ ၂၀၁၁ ခုနှစ်တုန်းက ၃၅ကိုက်အကွာကနေ ဖရီးကစ်သွင်းယူနိုင်ခဲ့ပါတယ်။.
၇နှစ်ကြာတဲ့အချိန်မှာတော့ သူဟာ ဒီပြိုင်ဘက်အသင်းကို အဲ့တုန်းကကန်သွင်းခဲ့တဲ့ ပုံစံအတိုင်းတစ်ချိန်ထဲမှာပဲသွင်းယူပြခဲ့ပါတယ်။
Crazy.
တကယ့်ကိုအံသြသင့်ဖွယ်ပါပဲ။
ဒီလိုမျိုးရူးသွပ်စရာအဖြစ်အပျက်တွေ ရုရှားမှာဖြစ်နေတာဟာ ၁ကြိမ်မကတော့ပါဘူး။
LFC Manas အသင်းကစားသမား တစ်ယောက် ပယ်နယ်တီကန်သွင်းရာမှာ ပြန်ထွက်လာတဲ့ဘောလုံးဟာ ကွင်းလယ်ဒိုင်လူကြီးခေါင်းနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါသေးတယ်။ ဒိုင်လူကြီး အက်တေးဒါယူဒေါ့ဗ်ဟာ အဆိုပါမတော်တဆ ဖြစ်ရပ်ကြောင့် ဒဏ်ရာရရှိခဲ့ပြီး LFL ရဲ့ Official Youtube channel မှာတော့ ဒီဂိုးကိုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ရုရှားအပျော်တမ်းလိပ်ဟာ ဒီနေ့ရက်ပိုင်းတွေမှာတော့ အံသြသင့်စရာမဖြစ်နိုင်စရာ ပို့စ်တွေကို ဆိုရှယ်ချန်နယ်လ်တွေကို တင်နေကြပါတယ်။
Post a Comment